ဘိုက်ဒန်းစ်

ဝီကီပီးဒီးယား မှ
(ByteDance မှ ပြန်ညွှန်းထားသည်)
ဘိုက်ဒန်းစ်(ByteDance Ltd.)
အမျိုးအစားပုဂ္ဂလိကကုမ္ပဏီ
လုပ်ငန်းအင်တာနက်
တည်ထောင်သူများကျန်းယီးမင်
ဝန်ဆောင်မှု ဧရိယာတစ်ကမ္ဘာလုံး
အရေးပါ ပုဂ္ဂိုလ်များကျန်းယီးမင်, Chairman & CEO
Kevin A. Mayer, COO
Lidong Zhang, Chairman of ByteDance China
Nan Zhang, CEO of ByteDance China
en:Fuping Zhang, Party Committee Secretary of ByteDance
ထုတ်ကုန်ပစ္စည်းToutiao
တစ်တော့ / Douyin
BuzzVideo
Vigo Video
Helo
ဝင်ငွေIncrease CN¥၁၄၀ billion (US$20 billion, 2019)[၁]

ဘိုက်ဒန်းစ်(ByteDance Ltd.)(တရုတ်: 字节跳动; ပင်ယင်: Zìjié Tiàodòng)သည် ပေကျင်းမြို့တွင် ရုံးချုပ်ထားရှိသော တရုတ် အပြည်ပြည်ဆိုင်ရာ အင်တာနက်နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သည်။[၂][၃] ကျန်းယီးမင်က ၂၀၁၂-ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်းသည် တစ်တော့(တရုတ်: 抖音; ပင်ယင်: Dǒuyīn)ကို ထုတ်ဝေဖြန့်ချိသော ကုမ္ပဏီဖြစ်ပြီး သတင်းများအရ အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံကျော် တန်ဖိုးရှိသည်ဟု ခန့်မှန်းကြသည်။[၄]

နည်းပညာ[ပြင်ဆင်ရန်]

နောက်ခံအသုံးပြုသော ဉာဏ်တု[ပြင်ဆင်ရန်]

၂၀၁၆-ခုနှစ်တွင် ဘိုက်ဒန်းစ် ဉာဏ်တု လက်တွေ့သုတေသနဌာနနှင့် ပီကင်းတက္ကသိုလ်တို့ ပူးပေါင်း၍ သတင်းဆောင်းပါးများရေးသားနိုင်သော ရှောင်မင်ဘော့(အင်္ဂလိပ်: Xiaomingbot တရုတ်: 张小明; ပင်ယင်: zhāngxiǎomín)ဟုခေါ်သော ဉာဏ်တုဘော့(AI bot)တစ်ခုကို ထုတ်လုပ်ခဲ့သည်။ အဆိုပါဘော့သည် ၂၀၁၆-ခုနှစ် ရီယိုဒီဂျနေးရိုး နွေရာသီအိုလံပစ် ကျင်းပစဉ် ၁၅-ရက်ကာလအတွင်း ဆောင်းပါးပေါင်း ၄၅၀ ကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။ ယေဘုယျအားဖြင့် ရှောင်မင်ဘော့သည် ပြိုင်ပွဲတစ်ခု ပြီးပြီးချင်း ၂-စက္ကန့်အတွင်း ဆောင်းပါးရေးသားထုတ်ဝေနိုင်ခဲ့ခြင်းဖြစ်သည်။[၅]

ဘိုက်ဒန်းစ်၏ သုတေသနလက်ရုံးဖြစ်သော ဉာဏ်တု လက်တွေ့သုတေသနဌာနကို ၂၀၁၆-ခုနှစ်၊ မတ်လတွင် တည်ထောင်ခဲ့သည်။ မိုက်ခရိုဆော့ဖ်အာရှသုတေသနဌာန၏ လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ခဲ့ဖူးသော မာဝေယင်း(တရုတ်: 马维英; ပင်ယင်: Mǎwéiyīng)သည် ဘိုက်ဒန်းစ်၏ ဉာဏ်တု လက်တွေ့သုတေသနဌာနကို လက်ရှိ ဦးဆောင်လျက်ရှိသည်။[၆] ထို လက်တွေ့သုတေသနဌာန သည် (စာသား၊ ရုပ်ပုံများ၊ ဗွီဒီယိုများ)၏ အဓိပ္ပာယ်ကို ဉာဏ်တုမှ ထဲထဲဝင်ဝင်နားလည်ရန် လည်းကောင်း၊ လူတစ်ဦးစီ၏စိတ်ကြိုက်ဖြစ်စေနိုင်သော သတင်းအချက်အလက်ဆိုင်ရာ အကြံပြုချက်များကို ထုတ်လုပ်ပေးနိုင်သော အကြီးစား စက်သင်ကြားခြင်းဆိုင်ရာ အဆင့်ဆင့်တွက်နည်း (machine learning algorithm) များဖော်ထုတ်ရန် လည်းကောင်း အဓိက အာရုံစိုက်သည်။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. TikTok parent ByteDance rakes in USD 20 billion revenue in 2019, up 180% year-on-year: Report။ 2019-03-25 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-05-03 တွင် ပြန်စစ်ပြီး။
  2. Bytedance company profile - Office locations, Competitors, Funding, Valuation, Financials, Employees, Key People, Subsidiaries, News (in en)။ 2019-07-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-01-21 တွင် ပြန်စစ်ပြီး။
  3. ByteDance။ 2019-01-20 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-01-21 တွင် ပြန်စစ်ပြီး။
  4. ByteDance, the Chinese company behind TikTok, is now reportedly worth over $100 billion။ 2020-06-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-05-22 တွင် ပြန်စစ်ပြီး။
  5. Hariharan၊ Anu (2017-10-12)။ The Hidden Forces Behind Toutiao: China's Content King။ 2019-11-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-11-12 တွင် ပြန်စစ်ပြီး။
  6. Feng၊ Emily။ "Toutiao touts AI for individual news in vast China market"၊ The Financial Times၊ 2017-05-09။ Archived from the original on 2019-09-22။ 
  7. Knight၊ Will (2017-01-26)။ This Chinese media giant is using machine learning to go after Facebook's lunch