မာတိကာသို့ ခုန်သွားရန်

သတ္တဝါ

ဝီကီပီးဒီးယား မှ
(Animal မှ ပြန်ညွှန်းထားသည်)
သတ္တဝါမျိုးဘုံဝင် သက်ရှိများ
Temporal range: Cryogenian ကာလမှ – လက်ရှိအချိန်ထိ၊
665–0 Ma
EchinodermCnidariaBivalve
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
နယ်ပယ်: ယူကာယုတ်
(unranked): Unikonta
(unranked): Opisthokonta
(unranked): Holozoa
(unranked): Filozoa
လောက: Animalia
လင်းနီးယပ်၁၇၅၈
Major divisions

see text

Synonyms
  • Metazoa
  • Choanoblastaea
  • Gastrobionta
  • Zooaea
  • Euanimalia
  • Animalae

ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့်အားဖြင့် အဆန်ရှိဆဲလ်ဖွဲ့ (ယူခယ်ရီယုခ်) မျိုးဘုံ တစ်ခုဖြစ်သော သတ္တဝါများ (အင်္ဂလိပ်: Kingdom Animalia) ဆိုသည်မှာ များသောအားဖြင့် -

ဆဲလ်များစွာဖွဲ့-သက်ရှိများ ဖြစ်၍၊ အခြားသော အဆန်ရှိဆဲလ်ဖွဲ့ အပင်များမှိုများ စသည်တို့နှင့် ကွဲပြား၏။

ဝေါဟာရပိုင်း

[ပြင်ဆင်ရန်]

အင်္ဂလိပ်အမည် "animal" သည် လက်တင်သဒ္ဒါ animale (ပင့်သက်အရှင်) မှ ဆင်းသက်လာသည်။ ဇီဝဗေဒတွင် အသုံးပြုသော သဒ္ဒါသည် လောက (Kingdom) ကိုညွှန်းသည်။

သတ္တဝါ မျိုးပေါင်းစုကြီးများ

[ပြင်ဆင်ရန်]

ဤ သတ္တဝါမျိုးဘုံ ဟူသော မျိုးဘုံထဲတွင် အောက်ပါ မျိုးပေါင်းစုများ (Phyla) ပါဝင်၏။

ခြေဆစ်ချိုး သတ္တဝါများ (Arthropods) မျိုးပေါင်းစု

[ပြင်ဆင်ရန်]

အဆစ်ဆစ်အပိုင်းပိုင်းသော ဖွဲ့စည်းမှုနှင့် ခြေချောင်းများ ၃စုံ (၆ချောင်း) နှင့် အထက် ရှိကာ၊ အတွင်း၌ အရိုးဖြင့် မတည်ရှိပဲ ကိုယ်ပြင်အုပ် အမာခွံနှင့် ကိုယ်ထည်ဖွဲ့ရှိသည်။ မျိုးစိတ်ပေါင်း ၈၀၀၀၀၀ ကျော်ရှိကာ အင်းဆက်များသည်လည်း ထိုအုပ်စုတွင် အပါအဝင်ဖြစ်သည်။ (ပုရွက်ဆိတ်နှံကောင်ချေးထိုးပိုးပင့်ကူကဏန်းပုဇွန် စသည်)

ကိုယ်ပျစ် သတ္တဝါများ(Mollusks ) မျိုးပေါင်းစု

[ပြင်ဆင်ရန်]

အရိုးလုံးဝမပါဘဲ ကျိချွဲပျော့တွဲသော ကိုယ်ထည်ရှိပြီး ပွတ်တိုက်ရွေ့လျားသွားလာတတ်သည့် အုပ်စုဖြစ်သည်။ အချို့မျိုးစိတ်များတွင် ပျော့တွဲသောကိုယ်ကို ကယ်လ်ဆီယမ် ပါဝင်သည့် အခွံမာတစ်ခုဖြင့် ကာကွယ်ထားတတ်ကြသည်။ (ခရု၊ ပက်ကျိ၊ မျှော့၊ ရေဘဝဲကင်းမွန်၊ ယောက်သွား၊ ကမာ၊ ကြယ်ငါး စသည်တို့)


ကျောရိုးရှိတတ် သတ္တဝါများ မျိုးပေါင်းစု (Physlum Chordata)

[ပြင်ဆင်ရန်]

ယေဘုယျအားဖြင့် ကျောရိုးရှိ သတ္တဝါများ မျိုးပေါင်းစု ဖြစ်၏။ အောက်ပါ မျိုးပေါင်း(မျိုးဂိုဏ်း) တို့ အကျုံးဝင်၏။

ငါးများ(Fish) မျိုးဂိုဏ်း

[ပြင်ဆင်ရန်]

ရေတွင် ပါးဟပ်ဖြင့် အသက်ရှုကာ ဆူးတောင်ရေယက်များဖြင့် ကူးခတ်တတ်ပြီး အကြေးခွံရှိသော ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်သည့် ငါးမျိုးစိတ်ပေါင်း ၂၁၀၀၀ ခန့်ရှိသည်။ (ငါးမန်းရေနဂါးဆာလ်မွန်းထရောက် စသည်)

ရေနေကုန်းနေ သတ္တဝါများ (Amphibians) မျိုးဂိုဏ်း

[ပြင်ဆင်ရန်]

ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်ကြပြီး ရေတွင်ပေါက်ဖွားကာ ကုန်းပေါ်တွင် အရွယ်ရောက်ကြသည်။ မျိုးစိတ် ၃၀၀၀ ခန့်ရှိသည်။ (ဖား၊ ဆယ်လ်မင်ဒါ စသည်)

တွားသွား သတ္တဝါများ (Reptiles) မျိုးဂိုဏ်း

[ပြင်ဆင်ရန်]

အကြေးအခွံပါသော ကျောရိုးရှိ သွေးအေးသတ္တဝါများဖြစ်ကြပြီး၊ ရေမစိမ့်တတ်ဘဲ အတွင်း၌ သက်ရှိသစ်(သန္ဓေသား) နှင့်အတူ ရေနှင့်အာဟာရများကို ထိန်းပေးသည့် ဥများ ဥသည့်အလျောက် ကုန်းတွင်းပိုင်းတို့၌ ရှင်သန်ထွန်းကားနိုင်၏။ မျိုးစိတ် ၆၀၀၀ ကျော်ရှိသည်။ (မြွေလိပ်၊ ဖွတ်၊ ပုတ်သင်ညို စသည်)

ငှက်များ(Birds) မျိုးဂိုဏ်း

[ပြင်ဆင်ရန်]

အခွံမာသော ဥမှပေါက်ဖွားပြီး အရွယ်ရောက်လျှင် အမွှေးအတောင်များရှိသော အများစု ပျံသန်းနိုင်သည့် ကျောရိုးရှိ သွေးနွေးသတ္တဝါများကို ငှက်ဟုခေါ်သည်။ မျိုးစိတ် ၈၀၀၀ ခန့်ရှိသည်။ (ကျီး၊ ဇီးကွက်၊ သိမ်းငှက်၊ ငှက်ကုလားအုပ်၊ ပင်ဂွင်း စသည်)

နို့တိုက် သတ္တဝါများ(Mammals) မျိုးပေါင်းစု မျိုးဂိုဏ်း

[ပြင်ဆင်ရန်]
အကြီးဆုံး ရေနေ နို့တိုက်သတ္တဝါဝေလငါး

သားငယ်ကို မိခင်နို့တိုက်ကျွေးသည့် အလေ့အထရှိသော ကျောရိုးရှိ သွေးနွေးသတ္တဝါများ ဖြစ်ကြသည်။ လူအပါအဝင် မျိုးစိတ်ပေါင်း ၄၀၀၀ ခန့်ရှိသည်။ (လူမျောက်၊ ခွေး၊ ကျွဲ၊ နွားကျားဆင်လင်းပိုင်ဝေလငါးဖျံ စသည်)

ကုန်းနေအကြီးဆုံး နို့တိုက် သတ္တဝါ၊ အာဖရိကဆင်

မျိုးဘုံ(လောက)အတွင်း ကွဲပြားပုံပြဇယား

[ပြင်ဆင်ရန်]
သတ္တဝါအုပ်စုအလိုက် ရှင်သန်နေထိုင်ဆဲ မျိုးစိတ် အရေအတွက် စာရင်းဇယား
မျိုးပေါင်းစုများ နမူနာပုံ မျိုးစိတ်

အရေအတွက်

ကုန်းနေ အဏ္ဏဝါ

အဏ္ဏဝါနေ

ရေချိုနေ အမှီခိုကင်း ကပ်ပါးနေ
တီမျိုး ၁၇,၀၀၀[] ရှိ (မြေဆီလွှာ) [] ရှိ [] ၁,၇၅၀[] ရှိ ၄၀၀[]
ခြေဆစ်များသတ္တဝါ wasp ၁,၂၅၇,၀၀၀[] ၁,၀၀၀,၀၀၀

(အင်းဆက်)[]

၄၀,၀၀၀ အထက်

(Malac- (Malacostraca)[]

၉၄,၀၀၀[] ရှိ [] ၄၅,၀၀၀ အထက်[မှတ်စု ၁][]
Bryozoa ၆,၀၀၀ [] ရှိ [] ၆၀ ~ ၈၀ [] ရှိ
ကော်ဒိတ် green spotted frog facing right ၇၀,၀၀၀ အထက်[][] ၂၃,၀၀၀ [] ၁၃,၀၀၀ [] ၁၈,၀၀၀[]၉,၀၀၀[] ရှိ ၄၀

(ငါးခူမျိုး)[][]

Cnidaria Table coral ၁၆,၀၀၀ [] ရှိ[] ရှိ(အနည်းငယ်)[] ရှိ[] ၁,၃၅၀ အထက်

(Myxozoa)[]

Echinoderms ၇,၅၀၀ [] ၇,၅၀၀ [] ရှိ[]
ကျိချွဲ သတ္တဝါ

(ခရုမျိုး)

snail ၈၅,၀၀၀ []၁၀၇,၀၀၀ [၁၀] ၃၅,၀၀၀ [၁၀] ၆၀,၀၀၀ [၁၀] ၅,၀၀၀ []၁၂,၀၀၀ [၁၀] ရှိ[] ၅,၆၀၀ အထက် []
Nematodes ၂၅,၀၀၀[] ရှိ (မြေဆီလွှာ)[] ၄,၀၀၀ [၁၁] ၂,၀၀၀[] ၁၁,၀၀၀ [၁၁] ၁၄,၀၀၀ [၁၁]
Platyhelminthes ၂၉,၅၀၀ [] ရှိ[၁၂] ရှိ[] ၁,၃၀၀[] ရှိ[]၃,၀၀၀~၆,၅၀၀[၁၃] ၄၀,၀၀၀ အထက်[]၄,၀၀၀–၂၅,၀၀၀ [၁၃]
Rotifers ၂,၀၀၀ [] ၄၀၀ အထက် [၁၄] ၂,၀၀၀ [] ရှိ
စပန်းရေမြှုပ် ၁၀,၈၀၀ [] ရှိ[] ၂၀၀ ~ ၃၀၀[] ရှိ ရှိ[၁၅]
ဖော်ပြထားပြီး မျိုးစိတ် အရေအတွက် စုစုပေါင်းမှာ ၂၀၁၃ ခုနှစ် စာရင်းအရ။ ၁, ၅၂၅, ၇၂၈ [] ရှိသည်။

အကိုးအကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 6 7 8 9 10 11 12 13 Zhang, Zhi-Qiang (2013-08-30). "Animal biodiversity: An update of classification and diversity in 2013. In: Zhang, Z.-Q. (Ed.) Animal Biodiversity: An Outline of Higher-level Classification and Survey of Taxonomic Richness (Addenda 2013)". Zootaxa 3703 (1). doi:10.11646/zootaxa.3703.1.3. မော်ကွန်းတင်ပြီးမိတ္တူ 24 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2021 တွင် ပြန်စစ်ပြီး။
  2. 1 2 3 4 5 6 7 8 9 10 11 12 13 There are only 35 kinds of animal and most are really weird BBC Earth။ 10 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2018 တွင် ပြန်စစ်ပြီး။
  3. 1 2 3 4 5 6 7 8 9 Balian၊ E. V.; Lévêque၊ C.; Segers၊ H.; Martens၊ K. (2008)။ Freshwater Animal Diversity Assessment။ Springer။ p. 628။ ISBN 978-1-4020-8259-7
  4. 1 2 3 4 5 6 7 Poulin၊ Robert (2007)။ Evolutionary Ecology of Parasites။ Princeton University Press။ p. 6ISBN 978-0-691-12085-0
  5. Stork, Nigel E. (January 2018). "How Many Species of Insects and Other Terrestrial Arthropods Are There on Earth?". Annual Review of Entomology 63 (1): 31–45. doi:10.1146/annurev-ento-020117-043348. PMID 28938083. Stork notes that 1m insects have been named, making much larger predicted estimates.
  6. Poore၊ Hugh F. (2002)။ "Introduction"Crustacea: Malacostraca။ Zoological catalogue of Australia။ 19.2A။ CSIRO Publishing။ pp. 1–7။ ISBN 978-0-643-06901-5
  7. Uetz, P.. "A Quarter Century of Reptile and Amphibian Databases". Herpetological Review 52: 246-255.
  8. 1 2 3 Reaka-Kudla၊ Marjorie L.; Wilson၊ Don E.; Wilson၊ Edward O. (1996)။ Biodiversity II: Understanding and Protecting Our Biological Resources။ Joseph Henry Press။ p. 90။ ISBN 978-0-309-52075-1
  9. Burton၊ Derek; Burton၊ Margaret (2017)။ Essential Fish Biology: Diversity, Structure and Function။ Oxford University Press။ pp. 281–282။ ISBN 978-0-19-878555-2Trichomycteridae ... includes obligate parasitic fish. Thus 17 genera from 2 subfamilies, Vandelliinae; 4 genera, 9spp. and Stegophilinae; 13 genera, 31 spp. are parasites on gills (Vandelliinae) or skin (stegophilines) of fish.
  10. 1 2 3 4 Nicol, David (June 1969). "The Number of Living Species of Molluscs". Systematic Zoology 18 (2): 251–254. doi:10.2307/2412618.
  11. 1 2 3 Felder၊ Darryl L.; Camp၊ David K. (2009)။ Gulf of Mexico Origin, Waters, and Biota: Biodiversity။ Texas A&M University Press။ p. 1111။ ISBN 978-1-60344-269-5
  12. Sluys, R. (1999). "Global diversity of land planarians (Platyhelminthes, Tricladida, Terricola): a new indicator-taxon in biodiversity and conservation studies". Biodiversity and Conservation 8 (12): 1663–1681. doi:10.1023/A:1008994925673.
  13. 1 2 Pandian၊ T. J. (2020)။ Reproduction and Development in Platyhelminthes။ CRC Press။ pp. 13–14။ ISBN 978-1-000-05490-3
  14. Fontaneto၊ Diego။ Marine Rotifers | An Unexplored World of Richness 4–5။ JMBA Global Marine Environment။ 2 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2021 တွင် ပြန်စစ်ပြီး။
  15. Morand၊ Serge; Krasnov၊ Boris R.; Littlewood၊ D. Timothy J. (2015)။ Parasite Diversity and Diversification။ Cambridge University Press။ p. 44။ ISBN 978-1-107-03765-6။ 12 December 2018 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 2 March 2018 တွင် ပြန်စစ်ပြီး
  1. Not including parasitoids.[]
ကိုးကား အမှား - <ref> tags exist for a group named "မှတ်စု", but no corresponding <references group="မှတ်စု"/> tag was found