အမျိုးသားပြတိုက် (နေပြည်တော်)

ဝီကီပီးဒီးယား မှ
၀၂:၂၉၊ ၁၆ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 1 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ

အမျိုးသားပြတိုက် (နေပြည်တော်) သည် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအဝိုင်းအနီး ရာဇသင်္ဂဟလမ်းမကြီးပေါ်တွင် တည်ရှိပြီး ၃၄.၇၉ ဧက ကျယ်ဝန်းသည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၀ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် စတင်ခဲ့ပြီး[၁] ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ဖွင့်လှစ်ပေးခဲ့သည်။ အဆောင်ငါးဆောင်ဖြင့် ဖွဲ့စည်းထားကာ လက်ရှိအချိန်ထိ ပြသထားသည့် ပြခန်းများမှာ နိုင်ငံတော်သမ္မတ၏ လက်ဆောင်ပစ္စည်းများပြခန်း၊ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်ပြခန်း၊ မြန်မာ့အနုသုခုမပြခန်းနှင့် မြန်မာ့ပန်းချီပြခန်းတို့ ဖြစ်သည်။[၂]

အခြားကြည့်ရန်

ကိုးကား