အစိုးရအဖွဲ့အကြီးအကဲ

ဝီကီပီးဒီးယား မှ
၁၆:၅၀၊ ၉ နိုဝင်ဘာ ၂၀၂၀ နေ့က Aungookingofcelestials (ဆွေးနွေး | ပံ့ပိုး) (remove one item (secretary of state of us is not obviously not the head of state, basically responsible for foreign policies&!international relations)) တည်းဖြတ်သည့်မူ
ဦးသိန်းစိန်နှင့်အိုဘားမား
သမ္မတ စဝ်ရွှေသိုက်

အစိုးရအဖွဲ့၏ ခေါင်းဆောင်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်ရေးအဖွဲ့တွင် အမြင့်ဆုံး သို့မဟုတ် ဒုတိယအမြင့်ဆုံးခေါင်းဆောင်ကို ယေဘူယျ ခေါ်ဆိုခြင်းဖြစ်သည်။ ဥပမာ သမ္မတဝန်ကြီးချုပ်၊ အဓိပတိတို့ ဖြစ်သည်။

သူ၏ အုပ်ချုပ်ရေးအာဏာမှာ နိုင်ငံ၏ဥပဒေများအရ အမျိုးမျိုး ရှိသည်။

စည်းမျဉ်းခံဘုရင်စနစ် အပါအဝင် ပါလီမန်နိုင်ငံရေးစနစ်များတွင် အစိုးရအဖွဲ့ခေါင်းဆောင်မှာ ပူးတွဲခေါင်းဆောင် ဖြစ်သည်။ ၎င်းနှင့်အတူ နိုင်ငံတော်၏ ခေါင်းဆောင်လည်း ရှိသေးသည်။

သမ္မတစနစ်နှင့် ဘုရင့်နိုင်ငံများတွင် များသောအားဖြင့် အစိုးရအဖွဲ့ခေါင်းဆောင်မှာ နိုင်ငံတော်ခေါင်းဆောင်လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခင်က သမ္မတမှာ နိုင်ငံတော်ခေါင်းဆောင်ဖြစ်ကာ ဝန်ကြီးချုပ်မှာ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတမှာ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်သကဲ့သို့ နိုင်ငံတော်ခေါင်းဆောင် ဖြစ်သည်။ သို့သော်၂၀၁၆ ဦးထင်ကျော်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတမှာ အစိုးရနှင့် နိုင်ငံတော်ခေါင်းဆောင်အမည်ခံကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် ပူးတွဲအုပ်ချုပ်ကြသည်။

ရာထူးများ

အစိုးရအဖွဲ့ခေါင်းဆောင်အတွက် များသောအားဖြင့် ရာထူးမှာ ဝန်ကြီးချုပ်ဖြစ်သည်။ အခြားအနေဖြင့် ဂျာမနီနိုင်ငံတွင် အဓိပတိ(chancellor) ဟူသည့် ဝေါဟာရဖြင့်သုံးနှုန်းသည်။ မြန်မာပြည်တွင် ၂၀၁၆ ခုနှစ်၌ ဝန်ကြီးချုပ်ရာထူးအစား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟူ၍ စတင်ဖန်တီးခဲ့သည်။

ဦးသိန်းစိန်နှင့်အမေရိကန်ပြည်ထောင်စုနိုင်ငံတော်အတွင်းရေးမှူး(နိုင်ငံခြားရေးဝန်ကြီး)(secretary of state)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဂျာမနီအဓိပတိ

နိုင်ငံတော်နှင့် အစိုးရအဖွဲ့ခေါင်းဆောင်

အချို့နိုင်ငံများတွင် နိုင်ငံတော်နှင့် အစိုးရအဖွဲ့ခေါင်းဆောင်မှာ အတူတူဖြစ်သည်။

တစ်ချို့ဘုရင်နိုင်ငံများတွင် ဘုရင်သည် ခေါင်းဆောင်ဖြစ်သည်။ ဥပမာ ဘရူနိုင်းဆူလ်တန်၊ ဆော်ဒီဘုရင်တို့ ဖြစ်သည်။

ဘရူနိုင်းဆူလ်တန်ဟာဆာနယ်ဘိုကီးယား

ကိုးကား