သက်သက်ခိုင်

ဝီကီပီးဒီးယား မှ
၀၄:၅၄၊ ၅ ဖေဖော်ဝါရီ ၂၀၂၁ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) ("သက်သက်ခိုင်" ကို က ကာကွယ်ခဲ့သည်: သက်ရှိထင်ရှားပုဂ္ဂိုလ်တို့၏ ပေါ်လစီအား ချိုးဖောက် ([ပြင်ဆင်ရန်=အလိုအလျောက် အတည်ပြုထားသော အသုံးပြုသူများကိုသာ ခွင့်ပြုသည်] ( ၀၄:၅၄၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၁ (UTC) တွင် သက်တမ်းကုန်မည်) [ရွှေ့ရန်=အလိုအလျောက် အတည်ပြုထားသော အသုံးပြုသူများကိုသာ ခွင့်ပြုသည်] ( ၀၄:၅၄၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၁ (UTC) တွင် သက်တမ်းကုန်မည်))) တည်းဖြတ်သည့်မူ
ဒေါက်တာ

သက်သက်ခိုင်
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်​​ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၄ ​ဖေ​ဖော်ဝါရီ ၂၀၂၁[၁]
ယခင်လူ​ဒေါက်တာဝင်းမြတ်​အေး
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁
မဲဆန္ဒနယ်ဒဂုံမြို့နယ်
အနိုင်ရမဲ အရေအတွက်၈၄၃၁ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1967-08-19) ၁၉ ဩဂုတ်၊ ၁၉၆၇ (အသက် ၅၆)
မိုးကုတ်မြို့
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၀၁၄–၁၉) ပြည်သူ့ရှေ့ဆောင်ပါတီ (၂၀၁၉–လက်ရှိ)
ကြင်ဖော်(များ)ဦးအောင်ကျော်ဝင်း
သားသမီးသက်ရတနာကျော်ဝင်း
မိဘဦးခင်မောင်သိန်း
ဒေါ်ခင်မြမြ
ဆွေမျိုးသားချင်းထွန်းအိန္ဒြာဗို
ပညာရေးPhD
မိခင်ကျောင်းဆေးတက္ကသိုလ် (၁) ရန်ကုန်
ရန်ကုန်စီးပွားရေးတက္ကသိုလ်
နန့်ယန်းစီးပွားရေးကျောင်း
Walden University
အလုပ်အကိုင်
  • နိုင်ငံရေးသမား
  • ဆရာဝန်
  • စီးပွားရေးလုပ်ငန်းရှင်

ဒေါက်တာသက်သက်ခိုင် (၁၉ ဩဂုတ် ၁၉၆၇ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ ဆရာဝန်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ဒဂုံမြို့နယ်မှ ရွေးကောက်ခံရသော လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။[၂]သူမသည် ရွှေငွေကျောက်မျက်ရတနာကုမ္ပဏီများ ပိုင်ဆိုင်သော အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။[၃][၄] ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) မှာ ဒေါက်တာသက်သက်ခိုင် တည်ထောင်သူအဖြစ်ပါဝင်သည့် ပါတီလည်းဖြစ်သည်။[၅]

အစောပိုင်းဘဝနှင့် ပညာရေး

ဒေါက်တာသက်သက်ခိုင်ကို မိုးကုတ်မြို့၌ ၁၉၆၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မန္တ‌လေးဆေးတက္ကသိုလ် သို့တက်ရောက်ပြီး ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ၁၉၉၀ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ကျောက်မျက်ရတနာ လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

နိုင်ငံရေး

၂၀၁၄ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတဆင့် နိုင်ငံရေးလောက သို့ စတင်ဝင်ရောက်လာခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ်မှ အနိုင်ရပြီး ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာခဲ့သည်။ စတင်ဝင်ရောက်စဉ်ကပင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ကို စဉ်ဆက်မပြတ်ဆွေးနွေးခဲ့သည်။ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စီမံခန့်ခွဲရေးရာများ ကျွမ်းကျင်သော‌ကြောင့် အုပ်ချုပ်ရေးကဏ္ဍတွင် ရာထူးပေးခံရမည်ဟု အထူးရေပန်းစားခဲ့သည်။ သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လုပ်ကိုင်ဆောင်ရွက်မှုများကို လူသိရှင်ကြားဝေဖန်မှုများကြောင့် ပါတီတွင်း တာဝန်များ ရပ်ဆိုင်းခံခဲ့ရသည်။

ကိုးကား