လှဌေးဝင်း (ဗိုလ်ချုပ်ကြီး)

ဝီကီပီးဒီးယား မှ

ဗိုလ်ချုပ်ကြီးလှဌေးဝင်းသည် စစ်တက္ကသိုလ် အပတ်စဉ်(၂၀) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦး ဖြစ်သည်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သူရသီဟသူရစစ်မောင်၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်တို့ ကရင်ပြည်နယ် ဘားအံမြို့အနီး ရဟတ်ယာဉ်ပျက်ကျကွယ်လွန်ရာ ၎င်းခရီးစဉ်တွင် စစ်ဦးစီးဗိုလ်မှူးကြီးအဖြစ် လိုက်ပါခဲ့သည်။ အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ယခုအခါ တပ်မတော်(ကြည်း၊ရေ၊လေ)ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်ကို ထမ်းဆောင်လျှက်ရှိသည်။ နိုင်ငံတော်သမ္မတမှ သရေစည်သူ ဘွဲ့ချီးမြှင့်ခြင်းခံရသူတစ်ဦး ဖြစ်သည်။