ရဲထွဋ် (ပြန်ကြားရေး)

ဝီကီပီးဒီးယား မှ
၁၅:၄၃၊ ၁၅ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
Ye Htut
ပြန်ကြားရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၀၄ – ၃၀ မတ် ၂၀၁၆
ယခင်လူအောင်ကြည်
ဆက်ခံသူဖေမြင့်
သမ္မတအကြံပေး
တာဝန်သက်တမ်း
ဖေဖော်ဝါရီ ၂၀၁၃[၁] – ၃၀ မတ် ၂၀၁၆
ဒုတိယညွန်ကြားရေးမှူးချုပ်
တာဝန်သက်တမ်း
၃၁ ဩဂုတ် ၂၀၁၂ – ၁ ဩဂုတ် ၂၀၁၄
ယခင်လူစိုးဝင်း[၂]
ညွှန်ကြားရေးမှူးချုပ် (ပြန်ကြားရေးဝန်ကြီးဌာန)
တာဝန်သက်တမ်း
၃၁ မတ် ၂၀၁၁ – ၃၁ ဩဂုတ် ၂၀၁၂
ဆက်ခံသူတင့်ဆွေ[၃]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၉ (အသက် ၆၄–၆၅)[၁]
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ခင်စန္ဒာထွန်း[၄]
နေထိုင်ရာနေပြည်တော်
အလုပ်အကိုင်စစ်တပ်အရာရှိ
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
ဝက်ဘ်ဆိုဒ်facebook.com/ye.htut.988
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာ
တပ်/တပ်ဖွဲ့ခွဲမြန်မာ့တပ်မတော်
အမှုထမ်းကာလ၁၉၇၇-၂၀၀၅[၁]
ရာထူးဒုတိယ ဗိုလ်မှူးကြီး

ဦးရဲထွဋ် သည် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဖြစ်သည်။ သူသည် ယခင်က မြန်မာတပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနတွင် ကူးပြောင်းတာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်က ၂၀၁၃ မှ ၂၀၁၆ အထိသမ္မတ၏ပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ထမ်းဆောင်ခဲသည်။ နောက်ပိုင်းတွင်ဦးသိန်းစိန်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ၂၀၁၆ ခုနှစ်တွင် အနားယူခဲ့ရပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအထိစင်ကာပူရှိ ISEAS-Yusof Ishak Institute တွင် အကြီးတန်းသုတေသန လုပ်ဖော်ကိုင်ဖက်အဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။

စစ်ဘက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း

ဦးရဲထွဋ်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်းဖြစ်သည်။ ကျောင်းဆင်းပြီးနောက် သူသည်မြန်မာ-ထိုင်းနယ်စပ်တလျှောက်တွင် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

အရပ်ဘက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း

သူဟာ ဒုတိယဗိုလ်မှူးကြီးအဖြစ် ၂၀၀၅ တွင် အငြိမ်းစားယူပြီး ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ်အဖြစ်ရာထူးတိုးမြှင့်ခံခဲ့ရသည်။

ယခင်ဝန်ကြီး ဦးကျော်ဆန်းနှင့် ဒုတိယဝန်ကြီးများအား အခြားဝန်ကြီးဌာနများ ပြောင်းလဲတာဝန်ပေးအပ်ခြင်း ခံရသောအခါ သူသည် ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်လာခဲ့သည်။ ၂၀၁၄ ဩဂုတ်လ ၃၀ တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ဝန်ကြီး ဖြစ်လာခဲ့သည်။

အငြင်းပွားမှု

၂၀၁၂ ခုနှစ်တွင် Eleven Media Group က ကလောင်နာမည် ဒေါက်တာဆိပ်ဖွားဟု စွပ်စွဲခဲ့သည်။ ၂၀၁၄ ဇွန်လတွင် ဇနီးဖြစ်သူသည် ဒေါ်အောင်ဆန်းစုကြည်အား ဖေ့ဘွတ်မှ ဖိုတိုရှော့ အထူးပြုလုပ်ထားသည့် လူမျိုးရေ ဘာသာရေး ထိခိုက်စေမည့် ပုံတစ်ပုံကို ဝေမျှခြင်းပြုလုပ်ခဲ့သည်။

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ U Ye Htut: From military to ministry။ Mmtimes.com (2014-07-07)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-07-19 တွင် ပြန်စစ်ပြီး။
  2. Aung Zaw။ "Will Aung Kyi Defend Press Freedom?"၊ 3 September 2012။ 29 September 2013 တွင် ပြန်စစ်ပြီး 
  3. Kyaw Hsu Mon။ "Senior bureaucrats on the move in another reshuffle"၊ 24 September 2012။ 29 September 2013 တွင် ပြန်စစ်ပြီး 
  4. Zarni Mann။ "Minister’s Wife Shares Fake Facebook Photo of Suu Kyi in Islamic Headscarf"၊ 6 June 2014။ 7 June 2014 တွင် ပြန်စစ်ပြီး