ထိပ်စုဘုရားကြီး

ဝီကီပီးဒီးယား မှ
၀၇:၁၀၊ ၁၇ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
မင်းသမီး
ထိပ်စုဘုရားကြီး
မွေးဖွား (1923-04-05) ၅ ဧပြီ၊ ၁၉၂၃ (အသက် ၁၀၁)
ရန်ကုန်မြို့, ဗြိတိသျှဘားမား
ဌာနေရန်ကုန်မြို့, မြန်မာနိုင်ငံ
အခြား အမည်များစုစုခင်
ဖွား​မေ
ကျော်ကြားမှုအရင်းခံသီ​ပေါမင်း၏​မြေး​တော်
အိမ်ထောင်ဖက်(များ)​မောင်​မောင်ခင် (လက်ထပ် 1943; died 1984)
မိဘ(များ)ကိုကိုနိုင်
မြတ်ဖုရားက​လေး
ဆွေမျိုးသားချင်း

ထိပ်စုဘုရားကြီးသည် သီ​ပေါမင်းနှင့် စုဖုရားလတ်တို့၏ စတုတ္ထသမီး​တော် ထိပ်စုမြတ်ဖုရား​လေးနှင့် ကိုကိုနိုင်တို့မှဖွားမြင်​သော ဒုတိယသမီး​တော်ဖြစ်သည်။ [၁]

ဘဝဖြစ်စဉ်

ခမည်းတော် ကိုကိုနိုင်၊ မယ်တော် အသျှင် ထိပ်စုမြတ်ဘုရားကလေးတို့မှ ဖွားမြင်သည့် သားသမီး ခြောက်ယောက် အနက် ဒုတိယမြောက် ဖြစ်သည်။[၂][၃]

ထိပ်စုဘုရားကြီးနှင့်ကြင်ယာ​တော် ​မောင်​မောင်ခင်
​မွေးချင်း​ခြောက်​ယောက်

မော်လမြိုင် စိန့်ဂျိုးဇက်ကွန်ဗင့် နှင့် ရန်ကုန်မြို့မ အမျိုးသမီး အထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ပန်းချီ တက္ကသိုလ်တွင် ​ရွေးချယ်ခံရသည်။ရန်ကုန်မြို့ရှိ အ​မေရိကန်နှင့် ဩစ​တြေးလျနိုင်ငံ သံရုံးများတွင်လုပ်ကိုင်ခဲ့သည်။ ထို့​နောက် အလွတ်သင် အဂင်္လိပ်ဘာသာ ကျူရှင်ဆရာမ အြဖစ် ဆောင်ရွက်လျက် ရှိသည်။ [၄][၅]

၁၉၃၆ခုနှစ်တွင် ဘုရင်ကြီး ဘူမိဗလအတုလျတေဇ၏အကိုတော် ထိုင်းအိမ်​ရှေ့စံ အန္ဒမ​ဟိမ်​ဒေါထံမှ ​စေ့စပ်ရန်ကမ်းလှမ်းခြင်းခံခဲ့ရသည်။သို့​​သော် ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွားလာသည်။ထိုအချိန်က ထိပ်စုဘုရားကြီးမှာ "ထိုင်းနိုင်ငံ၏ ဘုရင်မ"အဖြစ် အမည်​ကျော်ခဲ့သည်။ [၆] ၁၉၄၃ခုနှစ်တွင် ​တော်ဘုရားကြီး၏ ဇနီး ခင်ကြည်၏ ​မောင်​တော် ​မောင်​မောင်ခင်နှင့် ထိမ်းမြားခဲ့သည်။၁၉၈၃တွင် ​မောင်​မောင်ခင်​သေဆုံးခဲ့ပြီး သား​တော်၃ပါး၊သမီး​တော်၂ပါး ဖွားမြင်ခဲ့ကြသည်။

သား​တော်၊သမီး​တော်များ

  • ဝင်းခင်(၁၉၄၅၊ရန်ကုန်တွင်ဖွား)
  • ​ကျော်ခင် (၁၉၄၈၊ရန်ကုန်တွင်ဖွား)
  • ​အောင်ခင် (၁၉၅၃၊ရန်ကုန်တွင်ဖွား)အနုပညာရှင်ဖြစ်ပြီး ၂၀၀၈​အောက်တိုဘာတွင် ဦး​နှောက်​သွေးလွန်​ရောဂါဖြင့် ကွယ်လွန်
  • ချိုချိုခင် (၁၉၄၃၊ရန်ကုန်တွင်ဖွား)
  • ​ဒေဝီခင် (၁၉၅၁၊ရန်ကုန်တွင်ဖွား) [၄]

မျိုးရိုး

ကိုးကား

  1. Yahoo News Princess Hteik Su Phaya Gyi said her about-Video
  2. Lost Kingdom: The forgotten Royal family။ Myanmar Times Journal။ 2013-11-25 တွင် ပြန်စစ်ပြီး။
  3. Frontier Myanmar : Local News for mid-April 2016။ 23 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2018 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ The Konbaung Dynasty (part 19)။ Royal Ark။ 2012-02-15 တွင် ပြန်စစ်ပြီး။
  5. Interview with Hteik Su Phar Gyi။ MM Cities YouTube Channel။
  6. သီပေါမင်းအလွန် ထိုင်း မြန်မာအနွယ် တော်ဝင်မိသားစုကြား ရွှေလမ်းငွေလမ်းခရီး (in en)။ Kumudra။ 29 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2018 တွင် ပြန်စစ်ပြီး။