ဆရာဝန်တင်ရွှေ စာပေဆု

ဝီကီပီးဒီးယား မှ

ဆရာဝန်တင်ရွှေ စာပေဆု ၂၀၀၁ ခုနှစ်မှ စတင်၍ နှစ်စဉ် မြန်မာနိုင်ငံ စာဆိုတော်နေ့ မတိုင်မီ ဆုချီးမြှင့်ပွဲ ကျင်းပသည်။[၁] စာပေဆုသည် ပုံနှိပ် ထုတ်ဝေပြီး စာအုပ်ကို အဓိက ထား၍ လက်ခံ ယှဉ်ပြိုင်စေခြင်း ဖြစ်သည်။ စာမူများကို အဖွဲ့နှင့် စိစစ်ပြီး ထိုက်သင့်ပါက စာအုပ်အဖြစ် ဝယ်ယူ ချီးမြှင့်သည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဗဟို အမှုဆောင် ကော်မတီဝင်နှင့် တင်ရွှေ စာပေ ထုတ်ဝေရေးတိုက် တည်ထောင်သူ ကွယ်လွန်သူ စာရေးဆရာ ဆရာဝန်တင်ရွှေအား ရည်စူး၍ ဆရာဝန် တင်ရွှေ၏ စာပေ သံယောဇဉ်နှင့် စာပေဝန်ဆောင်မှု စိတ်ဓာတ် အရှိန်မပျက် ဆက်လက် ပြန့်ပွားစေရန် ရည်သန်ပြီး နှစ်စဉ် စာပေဆိုင်ရာ ဆုတမျိုးကို ချီးမြှင့် ခြင်းဖြစ်သည်။[၂]

ရည်ရွယ်ချက်များ

ဆရာဝန်တင်ရွှေ စာပေဆု၏ ရည်ရွယ်ချက်များမှာ

  1. မြန်မာစာပေတွင် နိုင်ငံသားတို့အတွက် အသိအမြင် ဗဟုသုတ တိုးပွားစေသော စာအုပ် စာပေများ ပွားများဖို့ အားပေးရန်၊
  2. ထိုသို့ အားပေးရာတွင် နှစ်စဉ်စာအုပ်၊ စာမူ တမျိုးမျိုးကို မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဗဟိုအမှုဆောင် ကော်မတီ၏ ကြီးကြပ်မှုဖြင့် ရွေးချယ် ချီးမြှင့်ရန်၊
  3. မြန်မာ စာပေကို ဘက်စုံ ဖွံ့ဖြိုးအောင် အားပေး မြှင့်တင်ရေးနှင့် စာရေး ဆရာတို့၏ ဘဝဖူလုံရေးကို စာပေဆု ချီးမြှင့်ခြင်းဖြင့် တနည်းတလမ်း ကူညီရန်၊

ဆရာဝန်တင်ရွှေစာပေဆုစိစစ်ရွေးချယ်ရေးအဖွဲ့

ဆုရ စာအုပ်များစာရင်း

၂၀၁၈ ဆုရစာအုပ်များစာရင်း

  • ဒေါက်တာသန်းဦး - ပညာရေးဆောင်းပါးပေါင်းချုပ်
  • ဦးဝင်းတင့် - စာကြည့်တိုက်ထဲက စကားပြန်
  • ဦးဇော်လွင်ဦး (ဟင်္သာတ) - ယင်းကျား
  • Dr. Zaw Tun - The sweet honey drop on the sharp scalpet blade
  • ဒေါက်တာရီရီလှ (ယုဝတီခင်ဦး) - ဆရာဝန်တင်ရွေ စာပေဂုဏ်ဆောင်ဆု[၄]

ကိုးကား

  1. Dr Tin Shwe Awards announced | Myanmar Times
  2. Myo Thant (December 2002). "Sayawun Tin Shwe Literary Awards". ACCU/UNESCO. Retrieved 2018-05-16.
  3. Ministry of Information
  4. ဆရာဝန်တင်ရွှေ စာပေဆု (၂၀၁၈) ဆုရစာအုပ်များ ကြေညာ မြန်မာတိုင်းမ်နေ့စဉ် ဧပြီ ၉ ၂၀၁၈