ဖလောရင့် နိုက်တင်ဂေးဆု
ပုံပန်းသွင်ပြင်
၁၉၁၂ ခုနှစ်တွင် ကျင်းပသော (၁၂) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ညီလာခံမှ ကမ္ဘာ့ ကရုဏာရှင် သူနာပြုဆရာမ ဖလောရင့် နိုက်တင်ဂေးကို ဂုဏ်ပြုသော အားဖြင့် ဖလောရင့် နိုက်တင်ဂေးဆု တံဆိပ် ချီးမြှင့်ရန် ဆုံးဖြတ် ခဲ့ကြသည်။ ယင်းနောက် ၁၉၂၀ ပြည့်နှစ်မှ စ၍ ကမ္ဘာတဝန်း ထူးချွန်သည့် သူနာပြုနှင့် ကြက်ခြေနီ စေတနာ့ ဝန်ထမ်းများကို ရွေးချယ် စိစစ်ကာ ဆုချီးမြှင့် ပေးခဲ့၏။ ယင်းဆုကို နှစ်နှစ်လျင် တကြိမ် ၃၆ ဦးထက် မပိုဘဲ ရွေးချယ်ခဲ့ပြီး ဖလော်ရင့်(စ)နိုက်တင်ဂေးလ် ၏ မွေးနေ့ ဖြစ်သော မေလ ၁၂ ရက်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(I.C.R.C.) က ထုတ်ပြန် ကြေညာလေ့ ရှိပါသည်။
မြန်မာနိုင်ငံ မှ ဆု ရရှိသူများမှာ −
- ခင်အုန်းမြ၊ ဒေါ် ၁၉၆၃ ခုနှစ် အတွက်
- အမ်ယောနမ်၊ ဒေါ် ၁၉၉၃ ခုနှစ် အတွက်
- သိန်းရီ၊ ဒေါ် ၂၀၀၀ ခုနှစ် အတွက်
တို့ဖြစ်ကြသည်။
ဆက်စပ် ဖတ်ရှုရန်
- ဟင်နရီ ဒူးနန့် ဆု
- ဖလော်ရင့်(စ)နိုက်တင်ဂေးလ်
- ကြက်ခြေနီအသင်း
- ကမ္ဘာ့ကြက်ခြေနီနေ့
- လခြမ်းနီအသင်း
- နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ
- မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း
ကိုးကား
- အမျိုးသားရေးနှင့် မြန်မာ့ ဆေးပညာရှင်များ (ဆရာဝန်တင်ရွှေ)
- မြန်မာ့ စွယ်စုံကျမ်း အနှစ်ချုပ် (၁၉၈၆၊ ၁၉၉၄၊ ၂၀၀၂)
- ကန်တော့ခံ သက်ကြီး စာပေပညာရှင်ကြီးများ အထ္တုပ္ပတ္တိ (စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟို)
- တင်နိုင်တိုး ၏ ကမ္ဘာ့ ကြက်ခြေနီဆုရ မြန်မာ့ ဂုဏ်ဆောင် ပုဂ္ဂိုလ်များ[လင့်ခ်သေ]