ပခုက္ကူ ဦးအုံးဖေ စာပေဆု
ပခုက္ကူ ဦးအုံးဖေ စာပေဆု သည် ၁၉၉၂-ခုနှစ်၊ မေလ(၃၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ဗိုလ်ချုပ်လမ်းနေ သိန်းတရာ ဆေးပေါင်းရုံပိုင်ရှင် လူမှုထူးချွန်ဆု ပထမအဆင့်ရရှိသူ ဦးအုံးဖေက အသက်(၇၆)နှစ်ပြည့်ထိမ်းအမှတ်အဖြစ် ငွေကျပ်(၇၆)သိန်းနှင့် (၁၂၇၉)ကျပ်ကို စာပေရန်ပုံငွေတစ်ရပ်အဖြစ် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် နိုင်ငံတော်သို့ လှူဒါန်းခဲ့သည်။ နှစ်စဉ် ထိုလှူဒါန်းငွေနှင့် စာပေဗိမာန်မှ တဆင့် ပခုက္ကူ ဦးအုံးဖေ စာပေဆု စာပေဆုများကို ပေးအပ်ခဲ့သည်။
၁၉၉၄-ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ပထမအကြိမ်အဖြစ် ပခုက္ကူ ဦးအုံးဖေ စာပေဆုများ ချီးမြင့်ပွဲကို ပခုက္ကူမြို့၊ ပြည်သာယာခန်းမတွင် ကျင်းပခဲ့သည်။
၁၉၉၅-ခုနှစ်၊ ဇန်နဝါရီလ၌ ပခုက္ကူ ဦးအုံးဖေ စာပေဆုနှင်းသဘင်အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပခဲ့သည်။ ၁၉၉၅-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ဦးအုံးဖေသည် ပခုက္ကူမြို့၌ စာကြည့်တိုက်ကြီး တစ်ခုကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် စာကြည့်တိုက်၌ စာကြည့်တိုက်မှူးအဖြစ် ဦးအောင်စိုးသန်း၊ လက်ထောက်စာကြည့်တိုက်မှူးအဖြစ် ဦးမြဝင်း တို့က တာဝန်ယူ၍ စာကြည့်တိုက်အား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်၊၊
ဆုရ စာအုပ်များစာရင်း [၁]
၂၀၁၁ ခုနှစ်
ဘာသာရပ် | ဆုအမည် | စာမူအမည် | စာရေးဆရာ |
---|---|---|---|
ဝတ္ထုရှည် | ပထမ | မြန်မာ့ဂုဏ်ရည် စိန်ထွန်းကြည် | ပုသိမ် အောင်သိန်းဦး |
ဒုတိယ | မလွမ်းရော့သော်ကော | ညွန့်လူ | |
တတိယ | ရေဆုံးရေဖျား | ခင်လပြည့်ဝန်း | |
ဝတ္ထုတိုပေါင်းချုပ် | ပထမ | — | — |
ဒုတိယ | ရေပြာလမ်းနှင့် အခြားဝတ္ထုတိုများ | နန္ဒာခင် (သက္ကလမြေ) | |
တတိယ | တွင်းကောက်ရှာသော မြွေများနှင့် အခြားဘဝရသဝတ္ထုတိုများ | ကျွန်းစဉ်မြေ စောခက် | |
ကဗျာပေါင်းချုပ် | ပထမ | သစ္စာငှက်များ မိုးသို့တိုင် ကဗျာများ | မြေလတ် မင်းလွင် |
ဒုတိယ | လတစ်စင်း၊ ပန်းတစ်ခင်း၊ အလင်းရနံ့ ကဗျာများ | မောင်လွန်းမြိုင် (ပင်လည်ဘူး) | |
တတိယ | အဖေ မသေပါနှင့် အဖြူရောင်သစ္စာကဗျာများ | မောင်နီမှိုင်း(ကျောက်တန်း) | |
သုတေသနစာပေ | ပထမ | မြန်မာ့ရိုးရာ ရေနံလက်တွင်းတူးပညာ | ဒေါက်တာ ယဉ်ယဉ်ထွန်း |
ဒုတိယ | စာသင်ကျောင်းကောင်း စုပေါင်းပျိုးထောင် | မောင်ကျော်ကျော် (ကွင်းကောက်) | |
တတိယ | — | — | |
ကျမ်းစာပေ | ပထမ | အင်းဆားရဲ့ အင်းလေး | မောင်မောင်ချစ်ဦး (မုံရွာ) |
ဒုတိယ | — | — | |
တတိယ | — | — | |
တစ်သက်တာ | တက္ကသိုလ် မောင်မောင်ခင် | ||
စာကြည့်တိုက် စာအုပ်ဆု | ဒီမိုကရေစီနိုင်ငံနှင့် စတုတ္ထမဏ္ဍိုင် | ခင်မောင်မြင့် (စစ်ကိုင်း) | |
သားနှင့်သမီးဖတ်ဖို့စာ | အကြီးကိုကို (ကသာ) | ||
သဘာ၀ဘေးဒဏ်ခံနိုင်ရည်ရှိသော အဆောက်အအုံများ | ကျော်လင်း (ဆောက်လုပ်ရေး) |
၂၀၁၇ ခုနှစ်
ဘာသာရပ် | ဆုအမည် | စာမူအမည် | စာရေးဆရာ |
---|---|---|---|
ဝတ္ထုရှည် | ပထမ | ကောင်းကျိုးအထွေထွေရယ်နှင့် ချွန်စေ မြစေသော် | ကိုရွှေသံ(မြန်မာစာ) |
ဒုတိယ | စံပယ်ဖြူ အပွင့်မူ ဘယ်လိုသေးပေမယ့် လေသင့်ရာမွှေး | ကောင်းကင် | |
တတိယ | မြတ်နိုးစွာ နှောင်ဖွဲ့ထားသော | ကောင်းကင်မေ(စီးပွားရေးတက္ကသိုလ်) | |
ဝတ္ထုတိုပေါင်းချုပ် | ပထမ | တောအရိပ် တောင်အရိပ်အောက်က စေတနာပုံရိပ်နှင့် အခြား၀ထ္ထုတိုများ | ကျော်လွင်(စက်မှု) |
ဒုတိယ | ဆူးလှည်းနှင့် အခြား၀ထ္ထုတိုများ | ရန်ကုန်ဌေးဇော် | |
တတိယ | ခရေပန်းတို့၏ ဒဏာရီများ | မောင်နေခြည်(ပြည်) | |
ကဗျာပေါင်းချုပ် | ပထမ | ပန်းအိမ်မက်ကဗျာများ | ကျော်စိုး(မြင်းမူ) |
ဒုတိယ | အညာအလှ ရွာအလှ ကျေးလက်ရနံ့ကဗျာများ | မောင်လွယ်အိတ် | |
တတိယ | ပန်းတစ်လှေနှင့် အခြားကဗျာများ | တင်မောင်ထက်(ကွမ်းခြံကုန်း) | |
သုတေသနစာပေ | ပထမ | ဆင်ပြုစုရေးနှင့် ဆင်ဘ၀ | ကိုကိုညိမ်း(ကောလင်း) |
ဒုတိယ | ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဟောခြင်းနှင့် ပန်းဒကာဓလေ့သဘာ၀ | လွင်မြန်မာ(မန်းတက္ကသိုလ်) | |
တတိယ | အင်းလေးကန် ထိမ်းသိမ်းကာကွယ်ရေးနှင့် သာယာလှပ ရေရှည်တည်တံ့ရေး | မောင်မောင်ချစ်ဦး(မုံရွာ) | |
ကျမ်းစာပေ | ပထမ | ||
ဒုတိယ | |||
တတိယ | ရှေးဟောင်းအမွေ ဒလမြေ | မောင်ရွှေကျေး(တွံတေး) | |
တစ်သက်တာ စာပေဆု | ဆရာကြီး ဦးချစ်လွင်(တောသားကြီးလူနိုင်) | ||
စာကြည့်တိုက် စာအုပ်ဆု | ကျွန်တော်ချစ်သော ဧရာဝတီ | စိုးတင့် (ဧရာဝတီ) | |
စိတ်ကိုရှုပ်ထွေးစေသော ဆေးပညာအယူအဆများနှင့် ကျမ်းမာရေးအဖြာဖြာ | ဒေါစောကြိုင်(အငြိမ်းစားပါမောက္ခ) | ||
ကျွန်မဆရာဝန်ကတော် | စိမ်းမြမြ |
၂၀၁၈ ခုနှစ်
ဘာသာရပ် | ဆုအမည် | စာမူအမည် | စာရေးဆရာ |
---|---|---|---|
ဝတ္ထုရှည် | ပထမ | ||
ဒုတိယ | ပင်လယ်ဝေးရာပြေးကာရွာချ ကန္တာရမိုး | ၀နေတင့်နိုင် | |
တတိယ | ပွင့်သောပန်းတိုင်းကိုလည်း | နွေကံကော်(မြို့လှ) | |
ဝတ္ထုတိုပေါင်းချုပ် | ပထမ | ရွှေစင်တစ်ရစ် မြတစ်ရစ် ၀ထ္ထတိုများ | ယိမ်းနွဲ့လျှံ |
ဒုတိယ | ဆယ့်တစ်မီး ၀ထ္ထုတိုများ | ရန်ကုန်ဌေးဇော် | |
တတိယ | ရွှေချိုးဖြူ ကူတဲ့တောနှင့် အခြား၀ထ္ထုတိုများ | တွင်းကြီးသား တင်ဝင်းဦး | |
ကဗျာပေါင်းချုပ် | ပထမ | ||
ဒုတိယ | အလှထနောင်းမြရိပ်ဝေ ကဗျာများ | ဇာနည် | |
တတိယ | မေတ္တာချည်မှခိုင်သောကြိုးနှင့် အခြားကဗျာများ | ဇေယျာဘုန်းမြင့် | |
သုတေသနစာပေ | ပထမ | ကယားတို့၏ ဘ၀ဓလေ့ | မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်) |
ဒုတိယ | သာဂရဌာနေ ပျူတို့ပြည် | မင်းသူရိန်(ထားဝယ်) | |
တတိယ | ကမ္ဘာ့ရွှေ မြန်မာ့ရွှေ | ကိုကိုငြိမ်း (ကောလင်း) | |
ကျမ်းစာပေ | ပထမ | မြန်မာ့ဂန္ထဝင် အငြိမ့်သဘင် | မင်းသျှင်အောင် (တွံတေး) |
ဒုတိယ | တောမှီပျော်မွေ့ ရှင်ရသေ့ | မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်) | |
တတိယ | နယ်ချဲ့တို့ဖိန့်ဖိန့်တုန်ခဲ့ရသည့် ဂဋ္ဌုန်ဆရာစံနှင့် သာယာသတီဒေသမှ အထင်ကရပုဂိုလ်များ | မောင်စိုးထိုက်(သုံးဆယ်) | |
တစ်သက်တာ စာပေဆု | ဆရာကြီးဒေါက်တာသန်းဦး (ပြည်စိုးမင်း) | ||
စာကြည့်တိုက် စာအုပ်ဆု | အဘိဓမ္မာဒေသနာနည်းနာ ဓာတ်ပညာအဖွင့်
The Introductory on The Treatise Describing Method How to Concentract on Abidamma |
ဒေါက်တာမောင်ဖြေ (ဝိဿဇ္ဇက-ပဲခူး) | |
သားနဲ့သမီးဖတ်ဖို့စာ | အကြီးကိုကို(ကသာ) | ||
သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသော အဆောက်အအုံများ | ကျော်လင်း(ဆောက်လုပ်ရေး) |