ပခုက္ကူ ဦးအုံးဖေ စာပေဆု
ပခုက္ကူ ဦးအုံးဖေ စာပေဆု (အခြားအမည် - ပခုက္ကူစာပေဆု) သည် ၁၉၉၂-ခုနှစ်၊ မေလ(၃၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ဗိုလ်ချုပ်လမ်းနေ သိန်းတရာ ဆေးပေါင်းရုံပိုင်ရှင် လူမှုထူးချွန်ဆု ပထမအဆင့်ရရှိသူ ဦးအုံးဖေက အသက်(၇၆)နှစ်ပြည့်ထိမ်းအမှတ်အဖြစ် ငွေကျပ်(၇၆)သိန်းနှင့် (၁၂၇၉)ကျပ်ကို စာပေရန်ပုံငွေတစ်ရပ်အဖြစ် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် နိုင်ငံတော်သို့ လှူဒါန်းခဲ့သည်။ နှစ်စဉ် ထိုလှူဒါန်းငွေနှင့် စာပေဗိမာန်မှ တဆင့် ပခုက္ကူ ဦးအုံးဖေ စာပေဆု စာပေဆုများကို ပေးအပ်ခဲ့သည်။
၁၉၉၄-ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ပထမအကြိမ်အဖြစ် ပခုက္ကူဦးအုံးဖေစာပေဆုများ ချီးမြင့်ပွဲကို ပခုက္ကူမြို့၊ ပြည်သာယာခန်းမတွင် ကျင်းပခဲ့သည်။
၁၉၉၅-ခုနှစ်၊ ဇန်နဝါရီလ၌ ပခုက္ကူ ဦးအုံးဖေ စာပေဆုနှင်းသဘင်အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပခဲ့သည်။ ၁၉၉၅-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ဦးအုံးဖေသည် ပခုက္ကူမြို့၌ စာကြည့်တိုက်ကြီး တစ်ခုကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် စာကြည့်တိုက်၌ စာကြည့်တိုက်မှူးအဖြစ် ဦးအောင်စိုးသန်း၊ လက်ထောက်စာကြည့်တိုက်မှူးအဖြစ် ဦးမြဝင်း တို့က တာဝန်ယူ၍ စာကြည့်တိုက်အား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်၊၊
ဆုရ စာအုပ်များစာရင်း [၁]
[ပြင်ဆင်ရန်]၁၉၉၄ ခုနှစ်
[ပြင်ဆင်ရန်]၁၉၉၅ ခုနှစ်
[ပြင်ဆင်ရန်]၁၉၉၆ ခုနှစ်
[ပြင်ဆင်ရန်]၁၉၉၇ ခုနှစ်
[ပြင်ဆင်ရန်]၁၉၉၈ ခုနှစ်
[ပြင်ဆင်ရန်]၁၉၉၉ ခုနှစ်
[ပြင်ဆင်ရန်]၂၀၀၀ ခုနှစ်
[ပြင်ဆင်ရန်]၂၀၁၀ ခုနှစ်
[ပြင်ဆင်ရန်]၂၀၁၁ ခုနှစ်
[ပြင်ဆင်ရန်]| ဘာသာရပ် | ဆုအမည် | စာမူအမည် | စာရေးဆရာ |
|---|---|---|---|
| ဝတ္ထုရှည် | ပထမ | မြန်မာ့ဂုဏ်ရည် စိန်ထွန်းကြည် | ပုသိမ် အောင်သိန်းဦး |
| ဒုတိယ | မလွမ်းရော့သော်ကော | ညွန့်လူ | |
| တတိယ | ရေဆုံးရေဖျား | ခင်လပြည့်ဝန်း | |
| ဝတ္ထုတိုပေါင်းချုပ် | ပထမ | — | — |
| ဒုတိယ | ရေပြာလမ်းနှင့် အခြားဝတ္ထုတိုများ | နန္ဒာခင် (သက္ကလမြေ) | |
| တတိယ | တွင်းကောက်ရှာသော မြွေများနှင့် အခြားဘဝရသဝတ္ထုတိုများ | ကျွန်းစဉ်မြေ စောခက် | |
| ကဗျာပေါင်းချုပ် | ပထမ | သစ္စာငှက်များ မိုးသို့တိုင် ကဗျာများ | မြေလတ် မင်းလွင် |
| ဒုတိယ | လတစ်စင်း၊ ပန်းတစ်ခင်း၊ အလင်းရနံ့ ကဗျာများ | မောင်လွန်းမြိုင် (ပင်လည်ဘူး) | |
| တတိယ | အဖေ မသေပါနှင့် အဖြူရောင်သစ္စာကဗျာများ | မောင်နီမှိုင်း(ကျောက်တန်း) | |
| သုတေသနစာပေ | ပထမ | မြန်မာ့ရိုးရာ ရေနံလက်တွင်းတူးပညာ | ဒေါက်တာ ယဉ်ယဉ်ထွန်း |
| ဒုတိယ | စာသင်ကျောင်းကောင်း စုပေါင်းပျိုးထောင် | မောင်ကျော်ကျော် (ကွင်းကောက်) | |
| တတိယ | — | — | |
| ကျမ်းစာပေ | ပထမ | အင်းဆားရဲ့ အင်းလေး | မောင်မောင်ချစ်ဦး (မုံရွာ) |
| ဒုတိယ | — | — | |
| တတိယ | — | — | |
| တစ်သက်တာ | တက္ကသိုလ် မောင်မောင်ခင် | ||
| စာကြည့်တိုက် စာအုပ်ဆု | ဒီမိုကရေစီနိုင်ငံနှင့် စတုတ္ထမဏ္ဍိုင် | ခင်မောင်မြင့် (စစ်ကိုင်း) | |
| သားနှင့်သမီးဖတ်ဖို့စာ | အကြီးကိုကို (ကသာ) | ||
| သဘာ၀ဘေးဒဏ်ခံနိုင်ရည်ရှိသော အဆောက်အအုံများ | ကျော်လင်း (ဆောက်လုပ်ရေး) |
၂၀၁၇ ခုနှစ်
[ပြင်ဆင်ရန်]| ဆုအမျိုးအစား | အဆင့် | စာမူအမည် | စာရေးဆရာ |
|---|---|---|---|
| ဝတ္ထုရှည် | ပထမ | ကောင်းကျိုးအထွေထွေရယ်နှင့် ချွန်စေ မြစေသော် | ကိုရွှေသံ(မြန်မာစာ) |
| ဒုတိယ | စံပယ်ဖြူ အပွင့်မူ ဘယ်လိုသေးပေမယ့် လေသင့်ရာမွှေး | ကောင်းကင် | |
| တတိယ | မြတ်နိုးစွာ နှောင်ဖွဲ့ထားသော | ကောင်းကင်မေ(စီးပွားရေးတက္ကသိုလ်) | |
| ဝတ္ထုတိုပေါင်းချုပ် | ပထမ | တောအရိပ် တောင်အရိပ်အောက်က စေတနာပုံရိပ်နှင့် အခြား၀ထ္ထုတိုများ | ကျော်လွင်(စက်မှု) |
| ဒုတိယ | ဆူးလှည်းနှင့် အခြား၀ထ္ထုတိုများ | ရန်ကုန်ဌေးဇော် | |
| တတိယ | ခရေပန်းတို့၏ ဒဏာရီများ | မောင်နေခြည်(ပြည်) | |
| ကဗျာပေါင်းချုပ် | ပထမ | ပန်းအိပ်မက်ကဗျာများ | ကျော်စိုး(မြင်းမူ) |
| ဒုတိယ | အညာအလှ ရွာအလှ ကျေးလက်ရနံ့ကဗျာများ | မောင်လွယ်အိတ် | |
| တတိယ | ပန်းတစ်လှေနှင့် အခြားကဗျာများ | တင်မောင်ထက်(ကွမ်းခြံကုန်း) | |
| သုတေသနစာပေ | ပထမ | ဆင်ပြုစုရေးနှင့် ဆင်ဘ၀ | ကိုကိုညိမ်း(ကောလင်း) |
| ဒုတိယ | ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဟောခြင်းနှင့် ပန်းဒကာဓလေ့သဘာ၀ | လွင်မြန်မာ(မန်းတက္ကသိုလ်) | |
| တတိယ | အင်းလေးကန် ထိမ်းသိမ်းကာကွယ်ရေးနှင့် သာယာလှပ ရေရှည်တည်တံ့ရေး | မောင်မောင်ချစ်ဦး(မုံရွာ) | |
| ကျမ်းစာပေ | ပထမ | - | - |
| ဒုတိယ | - | - | |
| တတိယ | ရှေးဟောင်းအမွေ ဒလမြေ | မောင်ရွှေကျေး(တွံတေး) | |
| တစ်သက်တာ စာပေဆု | ဆရာကြီး ဦးချစ်လွင်(တောသားကြီးလူနိုင်) | ||
| စာကြည့်တိုက် စာအုပ်ဆု | ကျွန်တော်ချစ်သော ဧရာဝတီ | စိုးတင့် (ဧရာဝတီ) | |
| စိတ်ကိုရှုပ်ထွေးစေသော ဆေးပညာအယူအဆများနှင့် ကျမ်းမာရေးအဖြာဖြာ | ဒေါစောကြိုင်(အငြိမ်းစားပါမောက္ခ) | ||
| ကျွန်မဆရာဝန်ကတော် | စိမ်းမြမြ | ||
၂၀၁၈ ခုနှစ်
[ပြင်ဆင်ရန်]| တစ်သက်တာ စာပေဆု | ဆရာကြီးဒေါက်တာသန်းဦး (ပြည်စိုးမင်း) | ||
|---|---|---|---|
| ဆုအမျိုးအစား | အဆင့် | စာမူအမည် | စာရေးဆရာ |
| ဝတ္ထုရှည် | ပထမ | - | - |
| ဒုတိယ | ပင်လယ်ဝေးရာပြေးကာရွာချ ကန္တာရမိုး | ၀နေတင့်နိုင် | |
| တတိယ | ပွင့်သောပန်းတိုင်းကိုလည်း | နွေကံကော်(မြို့လှ) | |
| ဝတ္ထုတိုပေါင်းချုပ် | ပထမ | ရွှေစင်တစ်ရစ် မြတစ်ရစ် ၀ထ္ထတိုများ | ယိမ်းနွဲ့လျှံ |
| ဒုတိယ | ဆယ့်တစ်မီး ၀ထ္ထုတိုများ | ရန်ကုန်ဌေးဇော် | |
| တတိယ | ရွှေချိုးဖြူ ကူတဲ့တောနှင့် အခြား၀ထ္ထုတိုများ | တွင်းကြီးသား တင်ဝင်းဦး | |
| ကဗျာပေါင်းချုပ် | ပထမ | - | - |
| ဒုတိယ | အလှထနောင်းမြရိပ်ဝေ ကဗျာများ | ဇာနည် | |
| တတိယ | မေတ္တာချည်မှခိုင်သောကြိုးနှင့် အခြားကဗျာများ | ဇေယျာဘုန်းမြင့် | |
| သုတေသနစာပေ | ပထမ | ကယားတို့၏ ဘ၀ဓလေ့ | မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်) |
| ဒုတိယ | သာဂရဌာနေ ပျူတို့ပြည် | မင်းသူရိန်(ထားဝယ်) | |
| တတိယ | ကမ္ဘာ့ရွှေ မြန်မာ့ရွှေ | ကိုကိုငြိမ်း (ကောလင်း) | |
| ကျမ်းစာပေ | ပထမ | မြန်မာ့ဂန္ထဝင် အငြိမ့်သဘင် | မင်းသျှင်အောင် (တွံတေး) |
| ဒုတိယ | တောမှီပျော်မွေ့ ရှင်ရသေ့ | မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်) | |
| တတိယ | နယ်ချဲ့တို့ဖိန့်ဖိန့်တုန်ခဲ့ရသည့် ဂဋ္ဌုန်ဆရာစံနှင့် သာယာသတီဒေသမှ အထင်ကရပုဂိုလ်များ | မောင်စိုးထိုက်(သုံးဆယ်) | |
| စာကြည့်တိုက် စာအုပ်ဆု | အဘိဓမ္မာဒေသနာနည်းနာ ဓာတ်ပညာအဖွင့်
The Introductory on The Treatise Describing Method How to Concentract on Abidamma |
ဒေါက်တာမောင်ဖြေ (ဝိဿဇ္ဇက-ပဲခူး) | |
| သားနဲ့သမီးဖတ်ဖို့စာ | အကြီးကိုကို(ကသာ) | ||
| သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသော အဆောက်အအုံများ | ကျော်လင်း(ဆောက်လုပ်ရေး) | ||
၃၀ ကြိမ်မြောက်
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ်အတွက် အကြိမ် (၃၀) မြောက် “ပခုက္ကဦးအုံးဖေ တည်ထောင်သော ပခုက္ကူဦးအုံးဖေစာပေဆု” ချီးမြှင့်ပွဲကို ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။[၂]
| တစ်သက်တာ
စာပေဆု |
ဦးခင်အောင် (ရွှေဘိုဘာမထီခင်အောင်) နှင့် ဦးတင့်လွင် (တက်လူ) (ကွယ်လွန်ပြီး) | ||
|---|---|---|---|
| ဆုအမျိုးအစား | အဆင့် | စာမူအမည် | ဆုရသူ |
| ဝတ္ထုရှည် | ပထမ | - | - |
| ဒုတိယ | မေတ္တာထွေးနွေးပါသည် | ညိမ်းညို | |
| တတိယ | စိတ် | နေစိုးသော် | |
| ဝတ္ထုတိုပေါင်းချုပ် | ပထမ | မုသားချိုချိုနှင့် အခြားဝတ္ထုတိုများ | အမေ့သား (နတ်မောက်) |
| ဒုတိယ | အတိုဆုံးဝတ္ထု၊ အရှည်ဆုံးပြဇာတ်နှင့် အခြားဝတ္ထုတိုများ | ကိုနီသွေး (မန်းမြို့) | |
| တတိယ | အတိုဆုံးဝတ္ထု၊ အရှည်ဆုံးပြဇာတ်နှင့် အခြားဝတ္ထုတိုများ | ထွန်းလှိုင် (မြိုင်) | |
| ကဗျာပေါင်းချုပ် | ပထမ | ရောင်နီသန်းချိန် ပန်းပွင့်ချိန် | ကောင်းနွဲ့ |
| ဒုတိယ | မွှေးမြဂုဏ်ရည် စာပန်းသီကဗျာများ | ရွှေမင်းသား (စစ်ကိုင်း) | |
| တတိယ | ဘဝတေးသံကဗျာများ | ကနောင်နိုင်နွယ်ဦး | |
| ကျမ်းစာပေ | ပထမ | ကုန်းဘောင်ခေတ် စာဆိုလက်ဝဲသုန္ဒရ၏ ဘဝနှင့်စာပေ | ကိုတိုး(ရန်ကင်း) |
| ဒုတိယ | ရတနာပုံ အိမ်ရှေ့စံ | ဦးဝင်မြင့်မောင် (လင်းအရုဏ်ဦး) | |
| တတိယ | ရုပ်ရှင်နှင့် နိုင်ငံရေး၊ အမျိုးသားရေးအခန်းကဏ္ဍ | သက်ဦးမောင် | |
| သုတေသနစာပေ | ပထမ | သရေခေတ္တရာပျူတို့၏ ရွှေထည်ငွေထည် ယဉ်ကျေးမှု အနုလက်ရာများ | မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန) |
| ဒုတိယ | ဆိုကရေးတီး ရိုးရာခရီး | ကိုဇော်ဌေး (ယဉ်ကျေးမှု) | |
| တတိယ | လပြည့်နေ့ဖွား မြန်မာလူကျော်များ | လက်ယာ (မေတ္တာတံခွန်) | |
| ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆု | ကျွန်တော်သိသော ကျွန်တော့်ရွာ | ခင်မောင်ဝင်း (အညာမြေ) | |
| သရဒွေးလင်္ကာအဖွင့်ကျမ်း | ဆရာသဲ | ||
၃၁ ကြိမ်မြောက်
[ပြင်ဆင်ရန်]ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုကို နှစ်စဉ်ချီးမြှင့်လျက်ရှိရာ (၃၁) ကြိမ်မြောက်အတွက် ပခုက္ကူစာပေဆုရရှိသူများ၏ အမည်စာရင်းမှာ [၃]-
| တစ်သက်တာ
စာပေဆု |
ဒေါက်တာ ခင်သန်းဦး (မမိုးမြေ) | ||
|---|---|---|---|
| ဆုအမျိုးအစား | အဆင့် | စာမူအမည် | ဆုရသူ |
| ဝတ္ထုရှည် | ပထမ | - | - |
| ဒုတိယ | ကိုယ်ချင်းစာနိုင်ကြပါစေ | မောင်နေခြည် (ပြည်) | |
| တတိယ | - | - | |
| ဝတ္ထုတိုပေါင်းချုပ် | ပထမ | မခန်းသောမြစ်နှင့် အခြားဝတ္ထုတိုများ | ညိမ်းညို |
| ဒုတိယ | အရုဏ်ဦးမှာ ကြည်နူးစွာနှင့် အခြားဝတ္ထုတိုများ | သက်ဦးခင် | |
| တတိယ | ကျောင်းဆရာမလေးဖြစ်ချင်တယ်နှင့် အခြားဝတ္ထုတိုများ | မေလတ်ဟန် | |
| ကဗျာပေါင်းချုပ် | ပထမ | နေခြည်ဝင်းပအလင်းတစ်စအလှကဗျာများ | နေခြည်မောင် (မြောင်းမြ) |
| ဒုတိယ | နံနက်ခင်းရဲ့ ပန်းလက်ဆောင်ကဗျာများ | ရှိန်မြင့်ထက် (ဝါးကြီးအိုင့်) | |
| တတိယ | ကောက်စိုက်သမကွမ်းတောင်ကိုင်နှင့် အခြားကဗျာများ | ကိုလေးပြည့် | |
| ကျမ်းစာပေ | ပထမ | - | - |
| ဒုတိယ | ခေတ်ဟောင်းမြန်မာ့ တေးဂီတအနုပညာဖြင့်တိုင်းပြည်ကို အလှဆင်ခဲ့ကြသူများ | ခင်ဧ (စက်မှု) | |
| တတိယ | ပလ္လင်ရှစ်ခန်းရွှေနန်းကိုးဆောင် | ဦးဝင်းမြင့်မောင် (လင်းအရုဏ်ဦး) | |
| သုတေသနစာပေ | ပထမ | မြန်မာနိုင်ငံ၏ လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂၀၀၂) | အောင်ကြည်ညွန့် (တက္ကသိုလ်) |
| ဒုတိယ | မြန်မာ့ထင်ရှားကျော်ကြား ပုဂံဥမင်များ | မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန) | |
| တတိယ | နှစ် (၁၀၀) ပြည့် ထောက်ကြံ့အမျိုးသားကျောင်းသမိုင်း (၁၉၂၅-၂၀၂၅) | ဌေးကျော် (မဟာဝိဇ္ဇာ) | |
| ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆု | သတင်းစာထဲက ဆောင်းပါးများ ဆောင်းပါးထဲက သတင်းများ | နန္ဒာမွှန်း | |
| ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၏ နိုင်ငံရေးခရီး | ဦးခွန်မောင်တုတ် | ||
ကိုးကား
[ပြင်ဆင်ရန်]- ↑ www.moi.gov.mm/ppe/
- ↑ အကြိမ်(၃၀)မြောက် ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ။ MOI။ 2025-7-25 တွင် ပြန်စစ်ပြီး။
- ↑ ပခုက္ကူစာပေဆု တစ်သက်တာစာပေဆုကို ဆရာမကြီး ဒေါက်တာခင်သန်းဦး(မမိုးမြေ) ရရှိ။ Ministry of Information။ 5 August 2025 တွင် ပြန်စစ်ပြီး။
- သန်းဝင်းလှိုင် (မေ ၂ဝဝ၉)။ ၂ဝရာစု မြန်မာ့သမိုင်း။ ကံကော်ဝတ်ရည် စာပေ။
|date=ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)