ကြိုးမဲ့ကြေးနန်း
ကြေးနန်းဆက်သွယ်၍ သတင်းပို့ရာမှ ကြေးနန်းကြိုး လုံးဝမဆက်သွယ်ဘဲ လေပြင်ကို ဖြတ်၍ သတင်းပို့နိုင်သော ဝါယာကြိုးမဲ့ ကြေးနန်းနည်းကို အီတလီအမျိုးသား မာကိုနီက တီထွင်ခဲ့လေသည်။ လျှပ်စစ်စီးကြောင်းသည် လေထဲ၌ မမြင်ရသော လှိုင်းများကို ဖြစ်ပေါ်ရွေ့လျားစေသည့် အချက်ကို သိရှိခြင်းဖြင့် ဆက်လက်ကြံစည်ရာ ၁၉၀၁-ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် ဦးစွာ အောင်မြင်မှုရရှိလေသည်။ ဤနည်းသည် ရေဒီယိုများ ပေါ်ပေါက်စေသည့် အခြေခံပင်ဖြစ်သည်။ [၁]
ကိုးကား
- ↑ လှသမိန် ၏ ဗဟုသုတစွယ်စုံ