၂၆ လမ်း

ဝီကီပီးဒီးယား မှ

၂၆လမ်း (၂၆ဘီလမ်း)သည် မန္တလေးမြို့၏ အဓိကလမ်းမကြီးများအနက်မှ တစ်ခုဖြစ်သည်။ မြို့၏ အရှေ့အနောက်အတိုင်းဖောက်လုပ်ထားပြီး အရှေ့ပိုင်းသည် အရှေ့မြို့ပတ်လမ်း(မန္တလေး-ပြင်ဦးလွင်လမ်း)မှစ၍ အနောက်ပိုင်းသည် အနောက်မြို့ပတ်လမ်း (ကမ်းနားလမ်း)တွင်ဆုံးသည်။ မြို့နယ်နှစ်ခု၏ နယ်ခြားလမ်းဖြစ်ပြီး လမ်း၏မြောက်ဘက်သည် အောင်မြေသာစံမြို့နယ်ဖြစ်ကာ တောင်ဘက်သည် ချမ်းအေးသာစံမြို့နယ်ဖြစ်သည်။ အင်္ဂလိပ်ခေတ်က ဘီလမ်းဟုခေါ်ဝေါ်ခဲ့၍ ၂၆ဘီလမ်းဟုလည်း လူသိများသည်။၁၃၀၀ပြည့်နှစ် တပို့တွဲလဆန်း၇ရက်၊ ၁၉၃၉ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် နယ်ချဲ့တို့၏ ဖိနှိပ်မှုကိုဆန့်ကျင်ရန် အိမ်တော်ရာ ၁၄ခန်းဇရပ်မှ ၂၆ဘီလမ်းအတိုင်း အရှေ့ဘက်ရှိ ယခုမြို့တော်စည်ပင်ရုံးရှိရာ ပုလိပ်ရုံးသို့ ချီတက်လာစဉ် သေနတ်ဖြင့်ပစ်ကာ လူစုခွဲသဖြင့် သံဃာတော်များအပါအဝင် အာဇာနည် (၁၇) ဦး ကျဆုံးခဲ့သည်။[၁]ကျဆုံးသွားသည့် အာဇာနည် (၁၇)ဦးကို ဂုဏ်ပြု၍ အာဇာနည်လမ်းဟုလည်း ပေးခဲ့ဖူးသည်။[၂]၈၄လမ်းနှင့်လမ်းဆုံတွင် ဈေးချိုနာရီစင် တည်ရှိသည်။

​ဈေးချိုနာရီစင်

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

ထင်ရှားသောလမ်းဆုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ဘီလမ်းမ၏ဖန်သားပြင်ပေါ်က အာဇာနည်လမ်း။ 22 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 January 2021 တွင် ပြန်စစ်ပြီး။
  2. လမ်း ဝိရောဓိ။ 22 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 January 2021 တွင် ပြန်စစ်ပြီး။