ဈေးချိုတော်

ဝီကီပီးဒီးယား မှ
​ဈေးချို​တော်
တည်နေရာ၈၄လမ်းနှင့် ၂၆ဘီလမ်း​ထောင့်
ကိုဩဒိနိတ်21°58′57″N 96°04′38″E / 21.9826°N 96.0771°E / 21.9826; 96.0771ကိုဩဒိနိတ်: 21°58′57″N 96°04′38″E / 21.9826°N 96.0771°E / 21.9826; 96.0771
ဖွင့်လှစ်သည့်နေ့စွဲ၁၈၆၀
အထပ်အရေအတွက်

​ဈေးချို​တော်သည် မန္တ​လေးမြို့တွင်တည်ရှိပြီး သက်တမ်းအရင့်ဆုံးနှင့် အကြီးမားဆုံး​ဈေးဖြစ်သည်။[၁]

ကိုလိုနီခေတ် ဈေးချိုထဲက ၁၂ ရုံ[ပြင်ဆင်ရန်]

၁၉၀၂-ခုနှစ်တွင် သစ်သားများနှင့် တည်ဆောက်ထားသော ဈေးချိုတော်ကြီး မီးသင့်လောင်ကျွမ်းခဲ့သည်။ ၁၉၀၃-ခုနှစ်၊ မီးလောင်ပြီး တစ်နှစ်အကြာ မန္တလေးမြူနီစပယ်က ဈေးရုံအသစ် ၁၂-ရုံကို အုတ်ကာ သွတ်မိုးဖြင့် ပြန်လည်တည်ဆောက်ခဲ့သည်။ တည်ဆောက်နေတုန်းတွင် ဆိုင်များ တည်ခင်းရန် အငှားချထားမည် ဖြစ်ကြောင်း၊ အငှားချထားခံရသူများက သတ်မှတ်တဲ့နေရာတွင် သတ်မှတ်သည့် ကုန်ပစ္စည်းများ ရောင်းချခွင့်ပြုမည်ဟု မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အများပြည်သူသိစေဖို့ ကြော်ငြာစာထုတ်ခဲ့သည်။

• • ကြော်ငြာစာအပြည့်အစုံမှာ- မြူနီစပယ် ကော်မတီက ဈေးချိုတော် ဆောက်လုပ်ပြီးစီးသည့် အခါတွင် ဆိုင်များတည်ခင်းရန် အတွက် အငှားချထားလိမ့်မည့်ပြင် အဆောက်အအုံ တစ်စုံတစ်ခုတွင် ဖြစ်စေ၊ ဆောက်အအုံ တစ်စုံတစ်ခု၏ အတွင်းတွင် ဖြစ်စေ (သို့မဟုတ်) ဈေးနယ်နိမိတ်အတွင်း နေရာတစ်စုံတစ်ခုတွင် ဖြစ်စေ၊ ရောင်းချရန် ကုန်ပစ္စည်းများကို ကုန်ပစ္စည်းများကို အချိန်ကာလအားလျော်စွာ အမျိုးအစားခွဲခြား သတ်မှတ်လိမ့်မည်။ ကော်မတီက စာဖြင့်ရေးသားပေးသည့် အခွင့်အမိန့် မရရှိဘဲ (သို့မဟုတ်) ထိုသို့သော အခွင့်အမိန့်ပေးရန် အာဏာလွှဲထားသည့် ကော်မတီ၏ အရာရှိ တစ်စုံတစ်ဦးက စာဖြင့်ရေးသားပေးသည့် အခွင့်အမိန့် မရရှိဘဲ ထိုသို့သတ်မှတ်ထားသည့် ကုန်ပစ္စည်းများမှအပ အခြားကုန်ပစ္စည်းများကို ထိုသို့သော အဆောက်အအုံတွင် ဖြစ်စေ၊ အဆောက်အအုံ၏ အပိုင်းတွင်ဖြစ်စေ (သို့မဟုတ်) နေရာတွင်ဖြစ်စေ ရောင်းချခြင်း (သို့မဟုတ်) ရောက်းချရန် တည်ခင်းထားခြင်း မပြုရ။

"The Municipal Committee will, on the Zegyo Bazaar being completed, let tenants into occupation, and will from time to time classify the class of goods to be sold in any building or part of any building or any place within the Bazaar Limit, and no other then such class of goods, shall be sold or exposed for sale in such building or part of the building or place, except with the written permission of the Committee, or of any officer of the Committee to whom power to give such premission is delegated."

ကြော်ငြာစာ ထုတ်ခဲ့သည့်အတိုင်း ဈေးဆိုင်တည်ခင်း ရောင်းချခွင့် ရှိသူများကို ၁၂-ရုံအလိုက် ဘယ်ပစ္စည်းက ဘယ်ရုံမှာ ရောင်းချနိုင်ခွင့် ရှိသည်ဟု သတ်မှတ်ခဲ့သည် ။

A-ရုံ = ကောက်ပဲသီးနှံ၊ ပဲမျိုး၊ ဂျုံမှုန့်။


B-ရုံ = ဟင်းသီး-ဟင်းရွက်(အစို-အခြောက်) ၎င်းအပြင် အေရုံတွင် ကောက်ပဲသီးနှံ ပဲမျိုးနှင့် ဂျုံမှုန့်စသည်များ ပို၍နေက။ ဤကုန်ပစ္စည်းမျိုးများ။


C-ရုံ = စာရေးရန် ကိရိယာတန်ဆာ-စာအုပ်များ။ မြန်မာဖိနပ်များ၊ ထီးများ၊ ချည်ထည်၊ သိုးမွှေးနှင့် ပိုးထည်များ။


D-ရုံ = လက်ဖက်စို၊ လက်ဖက်ခြောက်၊ နှမ်းဆီ။ ပဲဆီ-ကြာဆံ-အချိုအချဉ်-မုန့်ပဲသရေစာ-ဟင်းလျာအမွှေးအကြိုင် သကြား-ထန်းလျက်-ကွမ်းသီး-အသီးခြောက်-ဆပ်ပြာ-ဖယောင်းတိုင်-မီးချစ်-သနပ်ခါး။


E-ရုံ =


F-ရုံ =


G-ရုံ =


H-ရုံ =


I-ရုံ =


J-ရုံ =


K-ရုံ =


L-ရုံ =


[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးမဂ္ဂဇင်း၊ ၁၉၉၀-ပြည့်နှစ်၊ ဖေဖော်ဝါရီလ
  2. မန္တလေးနေ့စဉ်။ ၆-၉-၂၀၁၈။ စာ-၄