ဦးစီ
ပုံပန်းသွင်ပြင်
ဦးစီ (၁၂၀၀ ခန့်) သည် ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သည့် စာဆိုတော်တစ်ဦး ဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဦးစီသည် ဘကြီးတော်လက်ထက်တွင် ရွှေတိုက်အတွင်းဝန်ရာထူးဖြင့် ထမ်းရွက်ရသည့် ရွှေတိုက်အတွင်းဝန် ဦးသာ၏ သားဖြစ်သည်။
ဦးစီသည် ဘကြီးတော်ဘုရား သာယာဝတီမင်းနှင့် ပုဂံမင်းတို့လက်ထက်တွင် ဗြဲတိုက်သံတော်ဆင့်ရာထူးဖြင့် ထမ်းရွက်ခဲ့ရသည်။ မင်းတုန်းမင်းလက်ထက်တွင် သံတော်ဆင့်အရာ၊ လယ်ဝန်အရာတို့ဖြင့် ထမ်းရွက်ခဲ့ရ၍ စဉ့်ကူးမြို့နှင့် ဆောမြို့များကို စားခဲ့ရသည်။ ထို့ကြောင့် ဆောမြို့စားဟု တွင်ခဲ့သည်။[၁]
စာပေများ ပြုစုခြင်း
[ပြင်ဆင်ရန်]ဦးစီသည် အောက်ပါစာပေများကို ပြုစုခဲ့သည်။
- တေးထပ်များ၊
- လေးချိုးများ၊
- ဗုံကြီးသံများ၊
- ဟန်ချင်းများ။[၁]