ဣဿရိယ ဘုန်းတော်မျိုး ၈-ပါး

ဝီကီပီးဒီးယား မှ

ဣဿရိယ ဘုန်းတော်မျိုး ၈-ပါး။ စိတ်ကို အစိုးရတော်မူခြင်း တန်ခိုး အာဏိမာစသော ဘုန်းတော် ရှစ်ပါးနှင့်ပြည့်စုံသည်ကို ခေါ်သည်။

  • (၁) အာဏိမာ - ကိုယ်တော်ကို အနုမြူသဖွယ် သေးငယ်အောင်ဖန်ဆင်းနိုင်ခြင်း ဘုန်းတော်။
  • (၂) လင်္ဂီမာ - ပေါ့ပေါ့ပါးပါး ကူးလွှားပျံသန်းနိုင်အောင် ပြုနိုင်သောဘုန်းတော်။
  • (၃) မဟိမာ - ကိုယ်တော်ကို အလိုရှိသလောက် ကြီးကျယ်အောင် ဖန်ဆင်းနိုင်သောဘုန်းတော်။
  • (၄) ပတ္တိ - ရောက်လိုရာအရပ်သို့ ချက်ချင်း ကြွရောက်နိုင်သောဘုန်းတော်။
  • (၅) ပါကမ္မံ - အဆင်းသဏ္ဌာန် အသွင်အပြင်အမျိုးမျိုး ဖန်ဆင်းနိုင်သော ဘုန်းတော်။
  • (၆) ဤသိတာ - မိမိစိတ်တော်မှစ၍ လောကအားလုံးကိုပါ ပိုင်ပိုင်နိုင်နိုင် စိုးမိုးအုပ်ချုပ်တော်မူနိုင်သောဘုန်းတော်။
  • (၇) ဝသိတာ- ဈာန် သမာပတ် အဘိညာဉ်တို့ကို ခဏခြင်း ဝင်စားနိုင်သော ဘုန်းတော်။
  • (၈) ယတ္ထ ကာမာ ဝသာယိတာ - အဓိဋ္ဌာန်တော်မူသည့်အတိုင်း မလွန်မကျူးအထူး ပြီးစေနိုင်သော ဘုန်းတော်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း