အ.ထ.က(၂)ပန်းဘဲတန်း
ပုံပန်းသွင်ပြင်
အ.ထ.က (၂) ပန်းဘဲတန်း | |
---|---|
လိပ်စာ | |
အမှတ်.(၁၃၄,၁၄၂) ရွှေဘုံသာလမ်း အောက်ဘလောက် , ပန်းဘဲတန်း ရန်ကုန်မြို့, ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ | |
သတင်းအချက်အလက် | |
အမျိုးအစား | အများနှင့်ဆိုင်သော |
တည်ထောင် | ၁၈၆၇ |
ကျောင်းအမှတ် | ၂ |
ကျောင်းအုပ်ကြီး | ဒေါ်အုန်းသန်း |
အတန်းများ | K–10 |
ကျောင်းအပ် | ~၁,၀၀၀ |
အမည်ပြောင် | မဂိုလမ်းကျောင်း |
ရွေးချယ်သတ်မှတ်ခြင်းများ | |
အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂) ပန်းဘဲတန်းသည် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်တွင် တည်ရှိသော အခြေခံပညာတန်း ကျောင်းဖြစ်ပါသည်။ ယခင်အမည်ဟောင်းမှာ ရန်ဒေရ်ရီးယား (Madrasa Mohammadea(MM) Randeria High School) ဖြစ်သည်။ ကျောင်းတည်ရှိရာလမ်းသည်ယခုရွှေဘုံသာလမ်းအစား ယခင်က မဂိုလမ်းဟုခေါ်တွင်ခဲ့ရာကိုအစွဲပြု၍ ကျောင်းတော်ကြီးကို မဂိုလမ်းကျောင်းဟု အများကခေါ်ဆိုကြသည်။ ကျောင်းပင်မဆောင်ကို ရန်ကုန်မြိုပြအမွေအနှစ်စာရင်းတွင် ထည့်သွင်းထားပြီး ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Special Reports: Heritage List" (2001-10-29). The Myanmar Times. မော်ကွန်းတင်ပြီးမိတ္တူ။ 22 August 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 August 2017 တွင် ပြန်စစ်ပြီး။