မာတိကာသို့ ခုန်သွားရန်

အံ့မောင်

ဝီကီပီးဒီးယား မှ
အံ့မောင်
မွေးဖွား(၁၉၃၂-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-0၄)ဒီဇင်ဘာ ၄၊ ၁၉၃၂
လယ်ဇင်ရွာမုံရွာမြို့နယ်
ကွယ်လွန်ဩဂုတ် ၁၂၊ ၂၀၂၁(၂၀၂၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၈"။-၁၂) (အသက် ၈၈)
ညောင်တပင်လမ်း၊အေးသာယာရပ်၊မုံရွာမြို့
အလုပ်အကိုင်ကျောင်းဆရာ၊ဘာသာပြန်ဆရာ၊အယ်ဒီတာ၊ရှေ့နေ
နိုင်ငံလူမျိုးမြန်မာ
လူမျိုးဗမာ
ပညာရေးဝိဇ္ဇာဘွဲ့၊ဥပဒေဝိဇ္ဇာဘွဲ့
စာပေအမျိုးအစားဘာသာပြန်
ရရှိသည့်ဆုများသာဒိုးအောင် ရွှေတံဆိပ်ဆု
အမျိုးသားစာပေဆု(၁၉၇၃)
တော်ဘုရားလေးကဗျာဆု(၂၀၀၉)
အမျိုးသားစာပေ တစ်သက်တာဆု(၂၀၁၉)
အိမ်ထောင်ဖက်ဒေါ်ခင်အုန်းမြင့်
သားသမီးဒေါက်တာပြည်အေး၊ဌေးမောင်၊အောင်ကျောင်မောင်၊စောသီဟ၊ပြည်ဟိန်း
မိဘဦးဌေး၊ဒေါ်သ

အံ့မောင် (၄ ဒီဇင်ဘာ ၁၉၃၂-၁၂ သြဂုတ် ၂၀၂၁) သည် ထင်ရှားသည့် ကဗျာဆရာ နှင့် ဘာသာပြန်စာရေးဆရာ ဖြစ်သည်။ကလေးချစ်သောပုံပြောဆရာ အန်ဒါဆင် ၏ ပုံဝတ္ထုများအား ဘာသာပြန်မှုပြုသည့်အတွက် ပုံပြင်ဘာသာပြန်ဆရာ အန်ဒါဆင်အံ့မောင် ဟူ၍ လူသိများသည်။ဘဝအစောပိုင်းကာလများတွင် ကျောင်းဆရာအဖြစ်ဖြတ်သန်းခဲ့ပြီး တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန တွင် ၁၉၅၇ ခုနှစ် မှစကာ ဆယ်စုနှစ်တစ်ခုကျော် ဘာသာပြန်လုပ်ခဲ့သူလည်းဖြစ်သည်။[]

ဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

မုံရွာမြို့နယ် လယ်ဇင်ရွာ ဇာတိဖြစ်ကာ မွေးချင်း ငါးယောက်တွင် အငယ်ဆုံးသားဖြစ်သည်။လယ်ဇင်ရွာ မိုဃသာဘုန်းကြီးကျောင်းနှင့် တွဲထားသော မူလတန်းကျောင်း၊ မုံရွာမြို့ အစိုးရမူလတန်းကျောင်း (ယခု မုံရွာ အ.ထ.က-၁)တွင် ပညာသင်ကြားခဲ့ သည်။ ၁၉၄၉ ခုနှစ်တွင် ဆယ်တန်းအောင် ကာ ၁၉၄၉ခုနှစ်မှ ၁၉၅၁ခုနှစ်အထိ မန္တလေးတက္ကသိုလ် နှင့် ၁၉၅၁ခုနှစ် တွင် ရန်ကုန်တက္ကသိုလ် သို့ ပြောင်းရွေ့ ပညာသင်ကြားပြီး ရန်ကုန်တက္ကသိုလ် မှ ၁၉၅၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၅၇ ခုနှစ်တွင် ဥပဒေဝိဇ္ဇာဘွဲ့ တို့ကို ရရှိခဲ့သည်။စာပေနယ်သို့ ၁၉၄၉ ခုနှစ်တွင် ချင်းတွင်းကျောင်းသားဂျာနယ်၌ စာစတင်ရေးသားခြင်းဖြင့် ခြေချခဲ့သည်။သူသည် သတင်းစာဒီပလိုမာ ကိုလည်း ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။၁၉၅၆ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန ၏ စာကြည့်တိုက်မှူးသင်တန်း အား ပထမဆင့်ဖြင့် အောင်မြင်ခဲ့သည်။သူ သည် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်ခဲ့သူလည်း ဖြစ်သည်။သူ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ ၁၉၅၃ခုနှစ် အောက်တိုဘာ ကျောင်းတလပိတ်အရေးအခင်း တွင် ပါဝင်ခဲ့မှုဖြင့် ၁၉၅၃ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ အင်းစိန်ထောင် တွင် ထောင်ကျခဲ့သည်။သူသည် နိုင်ငံရေးလှုပ်ရှားမှုကြောင့်ပင် အမေရိကန် ကိုလံဘီယာတက္ကသိုလ် က ပေးအပ်သော စာကြည့်တိုက် မဟာဘွဲ့ ပညာတောင်သင်ဆု အား ပညာရေးဌာနထံမှ ရရှိပြီးကာမှ ပြည်ထဲရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့သည့်အတွက် ပညာသင်ဆု လက်လွှတ်ခဲ့ရသူလည်း ဖြစ်သည်။[]ဆင်ဟွာသတင်းဌာန တွင် ဘာသာပြန်လုပ်နေစဥ် ၁၉၆၇ခုနှစ် တရုတ်-ဗမာ အရေးအခင်းကာလ အရောက် သူသည် ဗမာပြည်ကွန်မြူနစ်ပါတီ ပဲခူးရိုးမ တွင် တောခိုခဲ့သည်။၁၉၆၉ စက်တင်ဘာ တွင် ၎င်းနှင့်အဖွဲ့ တို့ လက်နက်ချခဲ့သည်။ထိုသို့လက်နက်ချအပြီး စစ်တပ်နှင့် ပူးပေါင်းခြင်းမျိုးမရှိဘဲ မုံရွာသို့ ပြန်ကာ ဆန်အရောင်းအဝယ် နှင့် စာပေရေးသားခြင်းဖြင့်သာ ဘဝဖြတ်သန်းခဲ့သည်။

အလုပ်အကိုင်များ

[ပြင်ဆင်ရန်]
  • ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန အချိန်ပိုင်းနည်းပြ(၁၉၅၃)၊
  • ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန နည်းပြ(၁၉၅၈-၁၉၅၉)၊
  • ပြင်ပ အလွတ် ပညာသင်ကျောင်းဆရာ(၁၉၅၁-၁၉၈၀)
  • ရန်ကုန်မြို့ရှိ ဆင်ဟွာသတင်းဌာန ဘာသာပြန်(၁၉၅၉-၁၉၆၇)
  • ရှေ့နေ (၁၉၇၂)(၁၉၇၅)
  • မော်ကွန်းသတင်းမဂ္ဂဇင်းအယ်ဒီတာချုပ်(၁၉၆၁-၁၉၆၂)
  • ဆန်ပွဲရုံ(၁၉၇၅-၂၀၀၀)
  • ဘာသာပြန်စာရေးဆရာ နှင့် ကဗျာဆရာ (၁၉၄၉-၂၀၂၁)

ထင်ရှားသည့်စာအုပ်များ

[ပြင်ဆင်ရန်]
  1. ဒူဘရော့စ်စကီး ဝတ္ထု (ရုရှားစာရေးဆရာ ပူရဲကင်၏ ဝတ္ထုဘာသာပြန်) (၁၉၆၅)
  2. ဗီယက်နမ်မှ မကြေညာသော စစ်ပွဲ (ဘာသာပြန်) (၁၉၆၃)
  3. ရေသူမလေး အန်းဒါးဆင်း  ပုံဝတ္ထုများ (၁၉၇၃)
  4. သဲကုန်းမို့မို့  လွမ်းမို့မို့၊ မိုးမခပင်ကြီးအောက်မှာ၊ အင်းတော်ရှင့်သမီး၊ ရေခဲနတ်ဒေဝီ၊ ခင်စိတ္တ၊ တံခါးမှူးသား(အန်းဒါး ဆင်းပုံပြင်များ)(၁၉၇၄-၂၀၀၂)
  5. ၆၀ ကဗျာ(၁၉၉၂)၊ ၆၃ ကဗျာ(၁၉၉၆) ၊ ၆၅ ကဗျာ(၂၀၀၂)၊လက်ပံတောင်းတောင်နှင့် အခြားကဗျာများ (၂၀၁၆)၊ ရှင်မွေးလွန်း မင်းနန္ဒာနှင့် အခြားကဗျာများ (၂၀၁၇)၊ အိုပွင့်ကဗျာများ (၂၀၁၈) ၊ အောင်ဆန်း တို့အမေ အောင်ကျော်တို့အမေ ကဗျာ အပါအဝင် လုံးချင်းစာအုပ်များ(၁၉၉၂-၂၀၂၀)။[]

ရရှိခဲ့သည့်ဆု

[ပြင်ဆင်ရန်]
  • သာဒိုးအောင် ရွှေတံဆိပ်ဆု (၁၉၄၉-၁၉၅၁)(မှတ်ချက်-ပင်ရင်းမြန်မာစာ နှင့် စိတ်ကြိုက် မြန်မာစာ နှစ်ခုပေါင်း  တစ်ပြည်လုံး ပထမ ရသူအား ချီးမြှင့်ဆု)
  • အမျိုးသားစာပေဆု (ဘာသာပြန်) (၁၉၇၃)(ရေသူမလေး အန်းဒါးဆင်း  ပုံဝတ္ထုများစာအုပ်)
  • တော်ဘုရားကလေးစာပေဆု (၂၀၀၉)(စိန်ပွင့် မြပွင့် ပတ္တမြားပွင့် ကဗျာစာအုပ်)
  • အမျိုးသားစာပေ တစ်သက် တာဆုရှင် (၂၀၁၉)

ကိုးကား

[ပြင်ဆင်ရန်]
  1. အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာကြီးအံ့မောင်MOI Myanmar (၁၆ မတ် ၂၀၂၂)။ ၂၅ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. အန်ဒါဆင်အံ့မောင်၊ ဖြုတ်ထုတ်သတ်ကိုလွန်၍ အမြုတေရှာဖွေခဲ့သူBBC Burmese (၁၇ သြဂုတ် ၂၀၂၁)။ ၂၅ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. အံ့မောင်Save the Libary။ ၂၅ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။