ဆင်ဟွာသတင်းဌာန

ဝီကီပီးဒီးယား မှ

ဆင်ဟွာသတင်းဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိုးရပိုင်သတင်းဌာနဖြစ်သည်။ တရုတ်ပြည်၌ အင်အားအကြီးဆုံးသတင်းဌာနဖြစ်ပြီး ကမ္ဘာအနှံ့ရှိ သတင်းကိုယ်စားလှယ်အရေအတွက်အရ အကြီးဆုံးသတင်းဌာနဟု သတ်မှတ်နိုင်သည်။[၁] နိုင်ငံတော်ကောင်စီအောက်၌ ပြည်သူ့နေ့စဉ်ကဲ့သို့ပင် ဝန်ကြီးဌာနတခုမျှ ဖွဲ့စည်းပုံကြီးသော အဖွဲ့အစည်းဖြစ်သည်။ ဌာနအကြီးအကဲမှာ တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်သည်။[၂]

ဆင်ဟွာသည် နိုင်ငံခြားအဖွဲ့ခွဲ ၁၇၀ ကျော်၊ ပြည်တွင်းအဖွဲ့ခွဲ ၃၁ ခုဖြင့် လည်ပတ်နေသည်။ ပြည်နယ်တိုင်း ဒေသတိုင်းအတွက် အဖွဲ့ခွဲတခုစီရှိပြီး တပ်အတွက်လည်း အဖွဲ့ခွဲတခုရှိသည်။ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုအစိုးရတို့နှင့် ဆက်နွယ်သောသတင်းကို အဓိကထုတ်ပြန်သောမီဒီယာဖြစ်ပြီး ရုံးချုပ်မှာ ဗဟိုအစိုးရရုံးထိုင်သော ဘေဂျင်းမြို့၌ပင် ဖြစ်သည်။ စိတ်ဓာတ်ဖျက်သတင်းလွှင့်ခြင်းကြောင့်လည်းကောင်း၊ ကွန်မြူနစ်ပါတီအား ဝေဖန်သော လူ၊ အဖွဲ့အစည်းတို့ကို မီဒီယာမှတိုက်ခိုက်လေ့ရှိသောကြောင့်လည်းကောင်း ဝေဖန်မှုခံရသော သတင်းဌာနဖြစ်လေသည်။[၃][၄][၅][၆]

သတင်းဌာနဖြစ်သည့်နည်းတူ ထုတ်ဝေရေးဌာနလည်းဖြစ်သည်။ သတင်းစာ ၂၀ ကျော်၊ မဂ္ဂဇင်း တဒါဇင်ခန့်ကို ဘာသာစကားအမျိုးမျိုးဖြင့် ထုတ်ဝေနေသည်။ ပညာရှင်တို့က ဆင်ဟွာသည် ကွန်မြူနစ်ပါတီကောင်းကြောင်းကို လူတိုင်းသိစေချင်ရန် ရည်ရွယ်သည်ဟု ယူဆမှတ်ချက်ပြုလေသည်။[၇]


ကိုးကား[ပြင်ဆင်ရန်]

  1. International Media and Newspapers (2017-10-30)။ Top 200 News Agencies Worldwide။ November 9, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-10-30 တွင် ပြန်စစ်ပြီး။
  2. Archived copy။ December 18, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 7, 2020 တွင် ပြန်စစ်ပြီး။
  3. Dukalskis၊ Alexander (2021)။ Making the World Safe for Dictatorship (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Oxford University Press။ ISBN 978-0-19-752013-0
  4. Molter, Vanessa (2020-06-08). "Pandemics & propaganda: how Chinese state media creates and propagates CCP coronavirus narratives" (in en-US). Harvard Kennedy School Misinformation Review 1 (3). doi:10.37016/mr-2020-025. 
  5. Doffman၊ Zak (August 19, 2019)။ China Pays Twitter To Promote Propaganda Attacks On Hong Kong Protesters (in en)။ August 21, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-08-21 တွင် ပြန်စစ်ပြီး။
  6. Kan၊ Michael (August 19, 2019)။ Twitter Bans State-Sponsored Media Ads Over Hong Kong Propaganda (in en)။ August 21, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-08-21 တွင် ပြန်စစ်ပြီး။
  7. Brazys, Samuel (October 2020). "China’s Message Machine". Journal of Democracy Volume 31.