မာတိကာသို့ ခုန်သွားရန်

အဲရစ် ကလဲ့ပ်တန်

ဝီကီပီးဒီးယား မှ
အဲရစ် ကလဲ့ပ်တန်
CBE
၂၀၁၅ မေလတွင် ဖျော်ဖြေနေသော ကလဲ့ပ်တန်
မွေးဖွားအဲရစ် ပက်ထရစ် ကလဲ့ပ်တန်
(1945-03-30) ၃၀ မတ်၊ ၁၉၄၅ (အသက် ၈၀)
အင်္ဂလန်နိုင်ငံ ဆူးရေးဒေသ၊ ရစ်ပလေရွာ
အလုပ်အကိုင်
  • ဂီတပညာရှင်
  • အဆိုတော်
  • တေးရေးသူ
  • တေးထုတ်လုပ်သူ
တက်ကြွလှုပ်ရှားနှစ်များ၁၉၆၂ – လက်ရှိ
အိမ်ထောင်ဖက်(များ)
  • Pattie Boyd (လက်ထပ် 1979; ကွာရှင်း 1988)
  • Melia McEnery (လက်ထပ် 2002)
သားသမီး၅ဦး
ဝက်ဘ်ဆိုဒ်ericclapton.com
ဂီတခရီးလမ်း
ဂီတဟန်
တူရိယာ
  • ဂစ်တာ
  • အသံ
တေးသံသွင်း ကုမ္ပဏီ
  • Polydor
  • Atco
  • RSO
  • Warner Bros
  • Duck
  • Reprise
  • Surfdog
ပူးတွဲ ပါဝင်မှု
  • The Yardbirds
  • John Mayall & the Bluesbreakers
  • Cream
  • George Harrison
  • Plastic Ono Band
  • Blind Faith
  • Delaney & Bonnie and Friends
  • Derek and the Dominos]
  • J. J. Cale
  • B.B. King

အဲရစ် ပက်ထရစ် ကလဲ့ပ်တန် (အင်္ဂလိပ်: Eric Patrick Clapton) (မွေးဖွား : ၁၉၄၅-မတ်လ-၃၀) သည် အင်္ဂလိပ် ရော့ခ်ဂီတ နှင့် ဘလူးစ်ဂီတ ဂစ်တာတီးခတ်သူ၊ အဆိုတော်၊ သီချင်းရေးသူ တစ်ဦးဖြစ်၏။ ရော့ခ်အန်ရိုးလ်ဂုဏ်ပြုချီးမြှောက်မှု (Rock and Roll Hall of Fame) သုံးကြိမ်ချီးမြင့်ခံရသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်လည်းဖြစ်သည်။ ပထမအကြိမ်သည် တစ်ကိုယ်တော်အဆိုတော်အနေဖြင့်ဖြစ်၍ ဒုတိယအကြိမ်မှာ the Yardbirds တီးဝိုင်းအဖွဲ့ဝင်အဖြစ်၊ နောက်ဆုံးအကြိမ်မှာ Cream တီးဝိုင်းဖြင့် ဖြစ်လေသည်။ သမိုင်းတွင် အရေးပါဆုံးနှင့် လွှမ်းမိုးမှုအရှိဆုံး ဂစ်တာသမားတစ်ဦးအဖြစ် ကလဲ့ပ်တန်ကို ရည်ညွှန်းဖော်ပြကြသည်။ [] ကလဲ့ပ်တန် အား ရိုးလင်းစတုန်းမဂ္ဂဇင်းက ထိပ်တန်းဂစ်တာသမား(၁၀၀) တွင် ဒုတိယမြောက်အဆင့် []၊ ဂစ်ဆန်(Gibson) က ထိပ်တန်းဂစ်တာသမား(၅၀)တွင် အဆင့်(၄) [] အဖြစ်သတ်မှတ်ဖော်ပြခဲ့ကြသည်။ ၂၀၀၉တွင် တိုမ်းစ်မဂ္ဂဇင်းက အကောင်းဆုံးအီလက်ထရစ်ဂစ်တာသမား(၁၀) တွင် အဆင့်(၅)ဟုလည်းဖော်ပြခဲ့သည်။ []

၁၉၆၀နှစ်များ အလယ်လောက်တွင် ကလဲ့ပ်တန် သည် the Yardbirds တီးဝိုင်းမှထွက် John Mayall & the Bluesbreakers တီးဝိုင်းနှင့်အတူ တီးခတ်ခဲ့သည်။ Mayall မှထွက်ပြီးလျှင်ပြီးခြင်း power trio Cream ဝိုင်းကို ဒရမ်သမား ဂျင်းဂျား ဘေးကာ (Ginger Baker)၊ ဘေ့စ်ဂစ်တာသမား ဂျက် ဘရုစ် (Jack Bruce ) တို့နှင့်အတူ တည်ထောင်ပြီး အများလက်ခံယုံကြည်နိုင်လောက်သော ဘလူးစ်ဂီတကို လက်တန်းတီးခတ်ခြင်း ဘလူးစ်အခြေခံ ဆိုက်ကယ်ဒက်လစ်ပေါ့ပ်ကို ဟန်ပါပါတီးခတ်နိုင်ခြင်းတို့ ပြုခဲ့သည်။ [] Cream တီးဝိုင်းကွဲပြီးနောက် ဘလူးစ်ရော့ခ် အဖွဲ့ Blind Faith ကို ဘေးကာ၊ စတိဗ် ဝင်းဝုဒ်၊ ရစ်ခ် ဂရက်ချ် တို့နှင့် ထောင်သည်။ ကလဲ့ပ်တန်၏ တစ်ကိုယ်တော် အဆိုသမားဘဝကို ၁၉၇၀နှစ်များ၌ စတင်ခဲ့၍ ၎င်း၏လက်ရာများသည် J. J. Cale ၏ မဲလိုးဟန်၊ ဘော့မာလေ (Bob Marley) ၏ ရက်ဂေးဟန်များ ပါဝင်သည်။ မာလေ၏ ရဲကို သေနတ်နဲ့ပစ်ခဲ့တယ် (I Shot the Sheriff) သီချင်းကို ပြန်လည်ဆို၍ ၎င်းပုံစံသည် ရက်ဂေးဂီတကို ဈေးကွက်၌ တွင်ကျယ်စေရန် အထောက်အကူဖြစ်စေခဲ့၏။[] ၎င်းသီဆိုမှုများအနက်က လေလာ (Layla)ကို Derek and the Dominos အဖွဲ့နှင့် အသံသွင်း၍ ရောဘတ် ဂျွန်ဆန်၏ လမ်းဆုံ (Crossroads)သီချင်းကို Cream တီးဝိုင်းနှင့် ပြန်လည်သီဆို အသံသွင်းခဲ့သည်။ သားဖြစ်သူ Conor ၁၉၉၁ ၌ သေဆုံးပြီးနောက် ကလဲ့ပ်တန်၏ ပူဆွေးသောကကို ကောင်းကင်ဘုံမှမျက်ရည်စက်များ (Tears in Heaven) သီချင်းတွင် ဖော်ပြထားခဲ့သည်။ ၎င်း၏ Unplugged အခွေတွင် ပါဝင်ခဲ့၏။

ကလဲ့ပ်တန်သည် ဂရမ်မီဆု နှင့် ဘရစ်ဆု (၁၈)ဆုရရှိသူဖြစ်ကာ ဂီတလောကကို ထင်ရှားထူးချွန်စွာ အကျိုးပြုခဲ့သည်။ ၂၀၀၄ တွင် ဂီတလုပ်ဆောင်မှုများအတွက် ဘက်ကင်ဟမ်နန်းတော်တွင် CBE ဘွဲ့ဖြင့် သူကောင်းပြုခြင်းခံရသည်။[][] [] ဗြိတိသျှ တေးရေးဆရာ၊ တေးဖွဲ့သူ၊ စာရေးဆရာများ အကယ်ဒမီအဖွဲ့မှ Ivor Novello Award ဆုလေးဆုရရှိခဲ့၍ ထိုအထဲတွင် တစ်သက်တာအောင်မြင်မှုဆုလည်းပါဝင်သည်။ တစ်ကိုယ်တော်အဆိုသမားတစ်ဦးအဖြစ် ကမ္ဘာအနှံ့ တေးသီချင်းအချပ်ရေ သန်း(၁၀၀)ကျော်ရောင်းချရမှုကြောင့် တေးသီချင်း/အခွေ ရောင်းအားအကောင်းဆုံးအနုပညာရှင်များအနက် တစ်ဦးလည်းဖြစ်သည်။[၁၀] ၁၉၉၈ ၌ အရက်၊ ဆေးစွဲရာမှ ပြန်လည်နလန်ထူလာသော ကလဲ့ပ်တန်သည် လမ်းဆုံဌာန (Crossroads Centre) ကို အန်းတီးဂွါကျွန်း (Antigua) တွင် တည်ထောင်ခဲ့၍ ဆေးသုံးသူအား ပြန်လည်ထူထောင်ရေးအတွက် ဆေးပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတစ်ခုဖြစ်သည်။[၁၁]

ထွက်ရှိပြီးသော တေးအယ်လ်ဘမ်များ

[ပြင်ဆင်ရန်]

တစ်ကိုယ်တော် စတူဒီယို အခွေများ

[ပြင်ဆင်ရန်]
  • Eric Clapton (1970)
  • 461 Ocean Boulevard (1974)
  • There's One in Every Crowd (1975)
  • No Reason to Cry (1976)
  • Slowhand (1977)
  • Backless (1978)
  • Another Ticket (1981)
  • Money and Cigarettes (1983)
  • Behind the Sun (1985)
  • August (1986)
  • Journeyman (1989)
  • Rush (1992)
  • From the Cradle (1994)
  • Pilgrim (1998)
  • Reptile (2001)
  • Me and Mr. Johnson (2004)
  • Sessions for Robert J (2004)
  • Back Home (2005)
  • Clapton (2010)
  • Old Sock (2013)[၁၂]
  • The Breeze: An Appreciation of JJ Cale (2014)
  • I Still Do (2016)
  • Happy Xmas (2018)
  • Meanwhile (2024)

ပူးတွဲခွေများ

[ပြင်ဆင်ရန်]
  • Riding with the King]] (B.B. King နှင့်အတူ) (2000)
  • The Road to Escondido (J. J. Cale နှင့်အတူ) (2006)

ကိုးကား

[ပြင်ဆင်ရန်]
  1. 55 – Eric Clapton Rolling Stone 18 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 November 2014 တွင် ပြန်စစ်ပြီး။
  2. 100 Greatest Guitarists of All Time – 2. Eric Clapton Rolling Stone 21 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2011 တွင် ပြန်စစ်ပြီး။
  3. Top 50 Guitarists of All Time – 10 to 1 Gibson Guitar Company။ 8 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2011 တွင် ပြန်စစ်ပြီး။
  4. Tyrangiel၊ Josh (14 August 2009)။ "The 10 Greatest Electric Guitar Players"Time။ Time Inc.။ 18 September 2013 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 26 April 2011 တွင် ပြန်စစ်ပြီး
  5. Eric Clapton Biography – The Rock and Roll Hall of Fame and Museum Rockhall.com။ 12 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 September 2014 တွင် ပြန်စစ်ပြီး။
  6. Inductee: Eric Clapton Rockhall.com။ 12 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 September 2014 တွင် ပြန်စစ်ပြီး။
  7. "Ex-rebel Clapton receives his CBE"၊ Telegraph.co.uk၊ 4 November 2004 22 September 2014 တွင် ပြန်စစ်ပြီး
  8. Eric Clapton, All Music: Grammy Awards AllMusic 22 September 2014 တွင် ပြန်စစ်ပြီး။
  9. Brit Awards 1987 Brits.co.uk။ 17 March 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 September 2014 တွင် ပြန်စစ်ပြီး။
  10. "Eric Clapton" (in German)၊ koeln.de၊ 2 July 2018 15 December 2018 တွင် ပြန်စစ်ပြီး Archived from the original on 15 December 2018။
  11. Kemp၊ Mark (2001)။ Eric Clapton Biography Rolling Stone 19 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 October 2011 တွင် ပြန်စစ်ပြီး။
  12. New Eric Clapton Album 'Old Sock' Due in March Rolling Stone (29 January 2013)။ 7 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 June 2013 တွင် ပြန်စစ်ပြီး။