အေးလွင်

ဝီကီပီးဒီးယား မှ
အေးလွင်
အမည်အေးလွင်
နိုင်ငံ မြန်မာနိုင်ငံ
မွေးဖွား(1958-08-03)၃ ဩဂုတ်၊ ၁၉၅၈
မြန်မာသက္ကရာဇ် ၁၃၂၀၊ ဒုတိယဝါဆိုလပြည့်ကျော် ၄ ရက်
မော်လမြိုင်, မွန်ပြည်နယ်
ကွယ်လွန်၁၉ နိုဝင်ဘာ၊ ၂၀၁၆(2016-11-19) (အသက် ၅၈)
ရန်ကုန်မြို့
en:FIDE အဆင့်2195 (April 2020)[၁]
Peak rating2495 (July 1999)[၂]

အေးလွင် သည် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အမျိုးသားတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲတွင် တံခွန်စိုက်ချန်ပီယံဆု ၆ ကြိမ်ရရှိခဲ့သူဖြစ်သည်။ အေးလွင်သည် တံခွန်စိုက်ချန်ပီယံဆုကို ၁၉၈၀၊ ၁၉၈၃၊ ၁၉၈၄၊ ၁၉၈၆၊ ၁၉၈၇၊ နှင့် ၁၉၉၁ ခုနှစ်တို့တွင် ချန်ပီယံဆု ရရှိခဲ့သည်။ .[၃]

၁၉၅၈ ခုနှစ်၊ ဩဂုတ်လ (၃)ရက်နေ့ တနင်္ဂနွေနေ့တွင် မော်လမြိုင်မြို့တွင် ဖွားမြင်ခဲ့သည်။[၄]

ထူးခြားချက်များ[ပြင်ဆင်ရန်]

  • အေးလွင်သည် မွေးရာပါ စကားမပြောနိုင်၊ အသံမကြားနိုင်အဖြစ် မွေးဖွားခဲ့ရသော်လည်း စစ်တုရင်ကစားခြင်းကို ငယ်စဉ်ကတည်းက ထူးချွန်စွာ လက်စွမ်းပြနိုင်ခဲ့သူဖြစ်သည်။ နိုင်ငံလက်ရွေးစင် ကစားသမားအဖြစ် နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကစားခဲ့သည်။
  • ၂၀၀၇ ခုနှစ်တွင် အမြင်အာရုံချွတ်ယွင်းခဲ့ရပြီး ခွဲစိတ်ကုသသော်လည်း မအောင်မြင်ဘဲ မျက်စိကွယ်ခဲ့ရသည်။ အမြင်အာရုံ ချို့တဲ့သွားသော်လည်း စိတ်ဓာတ်မကျဘဲ နိုင်ငံဂုဏ်ဆောင် မျက်မမြင်စစ်တုရင်ကစားသမားအဖြစ် ၂၀၀၉ ခုနှစ်တွင် ပါဝင်ခဲ့သည်။

အောင်မြင်မှုမှတ်တမ်းများ[ပြင်ဆင်ရန်]

  • ၂၀၀၉ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့သော ၅ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စတင်ပါဝင်ကစားခဲ့ပြီး ငွေတံဆိပ် (၂)ခု ၊ ကြေးတံဆိပ် (၂) ခု ဆုရရှိခဲ့သည်။
  • ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ တွင် ကျင်းပခဲ့သော (၆)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ တွင် ရွှေတံဆိပ် (၂) ဆု၊ ကြေးတံဆိပ် (၂) ဆု ရရှိခဲ့သည်။
  • ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပြုလုပ်ခဲ့သော (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ တွင် ရွှေတံဆိပ် (၂) ဆု၊ ငွေတံဆိပ် (၂) ဆု ရရှိခဲ့သည်။
  • ၂၀၁၅ ခုနှစ် စင်ကာပူနိုင်ငံတွင် ကျင်းပြုလုပ်ခဲ့သော (၈)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ တွင် ရွှေတံဆိပ် (၄) ဆု ရရှိခဲ့သည်။[၅]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ အသက် ၅၈ နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။[၆]

References[ပြင်ဆင်ရန်]

  1. FIDE Profile: Aye Lwin။ 2020-04-04 တွင် ပြန်စစ်ပြီး။
  2. Aye Lwin။ 2020-04-05 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. 41st Myanmar National Championships, 25 June – 5 July 2015, Yangon။ Kasparov Chess Foundation Asia-Pacific (2015-07-06)။ 27 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-09-24 တွင် ပြန်စစ်ပြီး။
  4. Aye Lwin။ 2020-04-05 တွင် ပြန်စစ်ပြီး။
  5. 8th ASEAN Para Games 2015 - Singapore
  6. မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ် ၂၀၁၇၊ အပိုင်း(ဂ)၊ စာမျက်နှာ ၂၂၂