အော်စကာ ဝိုင်းလ်ဒ်
အော်စကာ ဝိုင်းလ်ဒ် Oscar Wilde | |
---|---|
Wilde in 1882 | |
မွေးဖွား | အော်စကာ ဖင်ဂယ်လ် အို'ဖလာဟာတီး ဝီလ်စ် ဝိုင်းလ်ဒ် ၁၆ အောက်တိုဘာ၊ ၁၈၅၄ အိုင်ယာလန်၊ ဒဘလင် |
ကွယ်လွန် | ၃၀ နိုဝင်ဘာ၊ ၁၉၀၀ ပြင်သစ်၊ ပဲရစ်မြို့၊ ဆန့်-ဂျာမဲန်-ဒီ-ပရီး အရပ်၊ ဒီ'အာလ်ဇာ့စ် ဟိုတယ်။ | (အသက် ၄၆)
မြေမြှုပ်သင်္ဂြိုဟ် | Père Lachaise Cemetery |
အလုပ်အကိုင် |
|
ဘာသာစကား | အင်္ဂလိပ်၊ ပြင်သစ်၊ ဂရိ |
နိုင်ငံလူမျိုး | အိုင်းရစ် |
ပညာရေး | ပေါ်တိုရာ တော်ဝင်ကျောင်း |
မိခင်ကျောင်း |
|
ကာလ | ဝိတိုရိယခေတ် |
စာပေအမျိုးအစား | စာတိုကဗျာတို၊ ပြဇာတ်၊ ဝတ္ထုတို၊ ဝေဖန်ရေး၊ သတင်းပညာရပ် |
စာပေလှုပ်ရှားမှု |
|
ထင်ရှားသည့်လက်ရာများ |
|
အိမ်ထောင်ဖက် | Constance Lloyd (လက်ထပ် 1884; died 1898) |
သားသမီး |
|
ဆွေမျိုးသားချင်း |
|
မိဘ |
|
လက်မှတ် |
အော်စကာ ဖင်ဂယ်လ် အို'ဖလာဟာတီး ဝီလ်စ် ဝိုင်းလ်ဒ် (အင်္ဂလိပ်: Oscar Fingal O'Flahertie Wills Wilde) သည် အိုင်းရစ် ကဗျာဆရာ၊ ပြဇာတ်ဆရာတစ်ဦးဖြစ်သည်။ ၁၈၈၀ နှစ်များတွင် ပုံစံအမျိုးမျိုးဖြင့် စာပေများကို ရေးသားခဲ့ပြီး ၁၈၉၀ အစောပိုင်းနှစ်များတွင် လန်ဒန်မြို့ရှိ အကျော်ကြားဆုံး ပြဇာတ်ဆရာများထဲ၌ တစ်ဦးဖြစ်လာခဲ့သည်။ အော်စကာကို ၎င်း၏ စာတိုပတ်စ၊ ကဗျာတိုများ၊ ဒေါရီယန်ဂရေး၏ ပန်ချီကား (The Picture of Dorian Gray) လုံးချင်းဝတ္ထုတို့ကြောင့် ၎င်းကိုအမှတ်တရရှိကြသည့်အပြင် (နှစ်ဦး (သို့) အများသဘောတူ) လိင်တူဆက်ဆံခြင်းအတွက် ဆိုးရွားသည့်မဖွယ်မရာဆောင်ရွက်သည်ဆိုကာ စွဲချက်တင်ခံရခြင်းကြောင့် ပထမဆုံး တရားစီရင်ခံရသည့် နာမည်ကျော်ပုဂ္ဂိုလ်များထဲက တစ်ဦးဖြစ်ကာ[၁] ထောင်ကျခြင်း၊ အသက် (၄၆) နှစ်အရွယ် ဦးနှောက်အမှေးရောင်ရောဂါဖြင့် ငယ်ငယ်ရွယ်ရွယ်၌ တိမ်းပါးသွားခြင်းတို့ကြောင့်လည်း အမှတ်တရရှိကြလေသည်။
ဝိုင်းလ်ဒ်၏ မိဘများသည် ဒဘလင်မြို့မှ အင်္ဂလိပ်-အိုင်းရစ် ပညာတတ်များဖြစ်ကြပြီး ငယ်ရွယ်စဉ်ကပင် ပြင်သစ်၊ ဂျာမန်စကားများကို နိုင်နိုင်နင်းနင်း ပြောတတ်စေရန် လေ့ကျင့်သင်ကြားခဲ့သည်။ တက္ကသိုလ်တွင် ဝိုင်းလ်ဒ်က ဂန္ထဝင်ဘာသာရပ်နှင့် ဒဿနိကဗေဒတွဲစပ်ဘာသာကို ယူသည်။ ပထမဆုံး ထရင်နတီကောလိပ်၊ ထို့နောက် အောက်စဖို့ဒ်တက္ကသိုလ်၏ မာ့ဂ်ဒါလင်ကောလိပ်တွင် ပညာသင်ယူခဲ့၍ သူ့ကိုယ်သူ ထူးခြားသော ဂန္ထဝင်ပညာရှင်ဟု လက်တွေ့ပြသခဲ့သည်။ ၎င်း၏ သရုပ်ပြဆရာနှစ်ဦးဖြစ်သော ဝေါလ်တာ ပါတာ (Walter Pater) နှင့် ဂျွန် ရာ့စ်ကင် (Ruskin) တို့ဦးဆောင်လမ်းပြမှုဖြင့် အနုသုခုမ/ရသပညာရပ်၏ ထင်ရှားသော ဒဿနဆိုင်ရာတို့နှင့် ပတ်သက်လာမိသည်။ တက္ကသိုလ်ပြီးနောက် ဝိုင်းလ်ဒ်သည် လန်ဒန်သို့ပြောင်း၍ ဖက်ရှင်ယဉ်ကျေးမှု လူမှုအသိုင်းဝိုင်းများကြား ကျင်လည်ခဲ့သည်။
ရသပညာရပ်အတွက် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် စာပေဆောင်ရွက်မှုအမျိုးမျိုးတွင် စမ်းသပ်ကြည့်ခဲ့၏ ။ ကဗျာစာအုပ်ထုတ်ဝေသည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတို့တွင် "အင်္ဂလိပ်အနုပညာ နှင့် အတွင်းပိုင်းအလှဆင်ခြင်း ခေတ်ဆန်းချိန်အသစ်" အမည်ဖြင့် ပို့ချမှုပြုသည်။ ထို့နောက် လန်ဒန်သို့ပြန်ပြီး အရေးသွက်လက်သော သတင်းစာဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၎င်း၏ ပြင်းထန်ရက်စက်လှသော ဝေဖန်ရေးစွမ်းရည်၊ လှပကျော့မော့အရောင်သွေးစုံလင်သည့် အဝတ်အစား၊ လေးစားလောက်ဖွယ် စကားပြောစွမ်းရည်တို့ကြောင့် ထင်ရှားသည့် ဝိုင်းလ်ဒ်သည် သူ့ခေတ်သူ့အခါက နာမည်ကျော်ကြား အထင်ရှားဆုံးသူများထဲက တစ်ဦးဖြစ်လာခဲ့သည်။ ၁၈၉၀ အလှည့်အပြောင်းကာလများ၌ ဆွေးနွေးမှုများ၊ အက်ဆေးများစွာတို့၌ အနုပညာ၏ သာလွန်မြင့်မြတ်မှုသဘောနှင့်ပတ်သက်၍ ၎င်း၏ စိတ်ကူးများကို ပြုပြင်မွမ်းမံခဲ့ကာ စာရိတ္တဆုတ်ယုတ်လာခြင်း၊ လှည့်ဖြားခြင်း၊ အလှတရား စသည့်အကြောင်းအရာတို့ကို ပေါင်းစပ်၍ ၎င်း၏ တစ်ခုတည်းသော လုံးချင်းဝတ္ထု (The Picture of Dorian Gray) ကို ရေးသားခဲ့သည်။ ရသပိုင်း အသေးစိတ်ကို တိတိကျကျတည်ဆောက်ရန်၊ ပို၍ကြီးမားကျယ်ပြန့်သော လူမှုအကြောင်းအရာများထဲသို့ ပေါင်းစပ်ရန်ဆိုသည့် အခွင့်အလမ်းတစ်ခုသည် ဝိုင်းလ်ဒ်အား ပြဇာတ်များကို ရေးဖြစ်သွားစေသည်။ ပဲရစ်၌ရှိစဉ် ဆာလိုမီပြဇာတ် (Salome) ကို ၁၈၉၁ တွင် ရေးသားခဲ့သည်။ ထိုပြဇာတ်ကို အင်္ဂလန်နိုင်ငံအတွက် လိုင်စင်အငြင်းခံလိုက်ရသည်။ အင်္ဂလိပ်ပြဇာတ်စဉ်များပေါ်၌ သမ္မာကျမ်းလာကြောင်းရာများကို တင်ဆက်ခွင့် တားမြစ်ထားသောကြောင့်ဖြစ်၏ ။ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ဝိုင်းလ်ဒ်သည် ၁၈၉၀ အစောပိုင်းနှစ်များ၌ လူမှုဇာတ်မြူးလေးပုဒ်ကို ရေးသားထုတ်ဝေခဲ့ကာ ထိုသို့ရေးသားခြင်းများကပင် ၎င်းကို ဝိတိုရိယခေတ်နှောင်း လန်ဒန်ရှိ အအအောင်မြင်ဆုံး ပြဇာတ်ဆရာများထဲကတစ်ဦးဖြစ်လာသည်။
အောင်မြင်မှု၊ ကျော်ကြားမှု အရှိန်ဟုန်ကောင်းစဉ်၊ ၁၈၉၅ ၌ The Importance of Being Earnest ပြဇာတ်ကို လန်ဒန်၌ ဖျော်ဖြေစဉ်ကာလတွင် ဝိုင်းလ်ဒ်သည် ကွီးန်စ်ဘယ်ရီ မှူးမတ်ကြီး (Marquess of Queensberry) ကို ၎င်းအား ရာဇဝတ်မှုမြောက် အသရေဖျက်ခြင်းအတွက် တရားစွဲဆိုသည်။ ထိုအမတ် (အရာရှိကြီး) သည် ဝိုင်းလ်ဒ်၏ ချစ်သူ "လော့ဒ် အဲလ်ဖရဒ် ဒါ့ဂလာ့စ် (Lord Alfred Douglas) ၏ ဖခင်ပင်ဖြစ်၏ ။ ထိုတရားစွဲဆိုမှုကပင်လျှင် ဝိုင်းလ်ဒ်၏ စွပ်စွဲချက်ကို ရုပ်သိမ်းစေရသည့် အထောက်အထားများကို တွေ့ခဲ့ရပြီး ကိုယ်တိုင် အဖမ်းခံ အကျဉ်းစံရသည်အထိ ဖြစ်သွားခဲ့လေသည်။ အကြောင်းမှာ လိင်တူဆက်ဆံခြင်းအတွက် တရားစီရင်ခံလိုက်ရ၍ ဖြစ်၏ ။ တရားခွင်နှစ်ခုအပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်ကျခံရ၍ ၁၈၉၅ မှ ၁၈၉၇ အထိဖြစ်သည်။ ထောင်သက်တမ်း ဒုတိယနှစ်တွင် "အသည်းခိုက် ဝမ်းနည်းပူဆွေး" (De Profundis - တိုက်ရိုက်:နက်လွန်းသည့်နေရာမှ) စာကို ရေးသားခဲ့ပြီး ၎င်းသေလွန်ပြီးအချိန် ၁၉၀၅ တွင် ထုတ်ဝေခြင်းခံရသည်။ ထိုစာသည် ရှည်လျှားသည့်စာဖြစ်၍ တရားခွင်များတစ်လျှောက် ၎င်း၏ စိတ်ပိုင်းဆိုင်ရာဖြတ်သန်းရမှု၊ ယခင်ကာလ သာယာကြည်နူးမှု ဒဿနအမြင်အပေါ် တန်ပြန်အမှောင်ဘက်ဆန်သည့်ပုံစံတို့ဖြင့် ပြည့်ဝန်းစွာ ဖော်ကျူးတင်ပြထားသည်။ ရက်စေ့၍ ထောင်မှလွတ်မြောက်လာသော် ပြင်သစ်သို့ ချက်ချင်းသွားရောက်ခဲ့ကာ အိုင်ယာလန် (သို့) အင်္ဂလန်သို့ မပြန်ခဲ့တော့ပေ။ နောက်ဆုံးလက်ရာမှာ "The Ballad of Reading Gaol" ဖြစ်ပြီး ၁၈၉၈ က အားထုတ်မှုဖြစ်ကာ ထောင်တွင်းဘဝကို ပြင်းထန်စူးရှသည့် ကာရန်များဖြင့် အမှတ်ရစွာစပ်ဆိုခဲ့သည့် ကဗျာရှည်တစ်ပုဒ်ဖြစ်လေသည်။
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]အော်စကာ ဝိုင်းလ်ဒ်ကို အင်္ဂလိပ်-အိုင်းရစ် ပညာတတ် ဇနီးမောင်နှံ ဆာ ဝီလျံ ဝိုင်းလ်ဒ်နှင့် ဂျိန်း ဝိုင်းလ်ဒ်တို့က ဒဘလင်မြို့၊ ဝက်စ်လန်းရိုးလမ်း အမှတ် (၂၁) နေအိမ်၌ မွေးဖွားခဲ့၍ ကလေးသုံးဦးအနက် ဒုတိယဖြစ်သည်။
မိခင် ဂျိန်းဝိုင်းလ်ဒ်သည် ဝတ္ထုဆရာ၊ ပြဇာတ်ဆရာ၊ ခရစ်ယာန်ဘုန်တော်ကြီး ချားလ်စ် မတျူရင် (၁၇၈၀-၁၈၂၄) ၏ တူမ[မှတ်စု ၁] တော်စပ်၍ သူမ၏ ကိုယ်ပိုင်စာပေအပေါ် လွှမ်းမိုးမှုရှိခဲ့သည်။ ဂျိန်းသည် အလှမ်းကွာသော အီတလီမျိုးရိုးမှ ဆင်းသက်သူဖြစ်ပြီး[၂] ကလောင်အမည် "Speranza" ("မျော်လင့်ချက်"ဟု အီတလီစကာ"တွင် အနက်ရသည်) ဖြင့် တော်လှန်ရေးစာ "ငယ်ရွယ်သော အိုင်ယာလန်သား/သူရဲကောင်းတို့" (Young Irelanders) အမည်ဖြင့် ၁၈၄၈ တွင် ကဗျာရေးသားခဲ့သည်။ သူမသည် တစ်သက်တာကာလပတ်လုံး အိုင်ရစ်အမျိုးသားရေးဝါဒီတစ်ဦးဖြစ်လေသည်။[၃] ဂျိန်းသည် သားနှစ်ဦးကို ကဗျာဆရာများအား ချစ်ခင်မြတ်နိုးတတ်စေရန် သွန်သင်အမှတ်ရစေလျှက် ဤ"ငယ်ရွယ်သော အိုင်ယာလန်သား/သူရဲကောင်းတို့" ကဗျာကို ဖတ်ပြသည်။[၄] သူမ၏ ဂန္ထဝင်ခေတ်ပြန်လည်ဖော်ထုတ်ဆန်းသစ်မှုအပေါ် စိတ်ဝင်တစားရှိခြင်းကို သူမ၏နေအိမ်ရှိ ဂရိ၊ ရောမ ကိုယ်တစ်ပိုင်းရုပ်တုများ၊ ပန်းချီကားမျာက ပြသလျက်ရှိသည်။[၄]
ဝီလျံဝိုင်းလ်ဒ်သည် နားမျက်စိအထူးကုသမားတော်ဖြစ်၍ အိုင်ယာလန်သန်းခေါင်စာရင်းကောက်ယူရာတွင် ၎င်း၏ ဆေးဘက်ဆိုင်ရာအကြံပေး၊ လက်ထောက်ကော်မရှင်အဖြစ် ဆောင်ရွက်ချက်များကြောင့် ၁၈၆၄ ၌ သူကောင်းပြုခြင်းခံရသည်။[၅] အိုင်းရစ်ရှေးဟောင်းသုတေသန၊ တောတောင်ကျေးလက်ပုံပြင်များအကြောင်းကိုလည်း စာအုပ်များထုတ်ဝေခဲ့သည်။ ထရင်နတီကောလိပ်၏ ကျောဘက်ရှိ ဒဘလင်မြို့၏ ဆင်းရဲသားလူတန်းစားများအတွက် ကုသိုလ်ဖြစ်ဆေးပေးခန်းဖွင့်လှစ်ခဲ့ကာ ဒဘလင် မျက်စိနှင့်နားဆေးရုံ၏ ရှေ့ပြေးဆေးပေးခန်းတစ်ခုဖြစ်ခဲ့သည်။[၅] ဖခင်ဘက်ကဆိုလျှင် ဝိုင်းလ်ဒ်သည် ၁၉၆၀ ၌ အိုင်ယာလန်သို့ ကျူးကျော်သည့် အောရိန့်ဂျ် ဝီလျံဘုရင်(William of Orange: အင်္ဂလန်၏ တတိယမြောက် ဝီလျံဟုလည်းသိရှိ) ၏ စစ်တပ်၊ အင်္ဂလိပ်-အိုင်းရစ်သားများစွာတို့နှင့် အတူလိုက်ပါခဲ့သော ဒတ်ချ်ဗိုလ်မှူးကြီး ဒီ ဝိုင်းလ်ဒ်၏ မျိုးဆက်ဖြစ်လေသည်။ မိခင်ဘက်ကဆိုလျှင်လည်း အင်္ဂလန်မြောက်ပိုင်း ဒါရန်ကောင်တီ (County Durham) မှ အိုင်ယာလန်သို့ ၁၇၇၀ နှစ်များအတွင်းက ပြောင်းရွှေ့လာသော ပန်းရံသမားတစ်ဦး၏ မျိုးဆက်ဖြစ်သည်။[၆][၇]
မွေးကင်းစအရွယ်ကပင် အင်္ဂလီကန်အသင်းတော်၊ စိန့် မာ့ခ် အိုင်ယာလန်ဘုရားကျောင်းတွင် ရေဖျန်းမင်္ဂလာခံယူခဲ့သည်။[၈] ရေဖျန်းမင်္ဂလာဆောင်ရွက်ပေးသော ကတ်သလစ်ဘုန်းတော်ကြီး ဖော့ခ်စ် (Fox) က ဤသို့ဖော်ပြထားမှုရှိသည်။
ဂျိန်းဟာ သူမကိုယ်တိုင် ကတ်သလစ်သာသနာဝင်ဖြစ်လာသလား၊ မဖြစ်လာဘူးလားဆိုတာတော့ ကိုယ်တော်လည်း အသေအချာမသိပါ။ သို့ပေမဲ့ များမကြာမီအချိန်က သူ့သားနှစ်ယောက်ကို ရေဖျန်းမင်္ဂလာပြုပေးဖို့ တောင်းဆိုလာတယ်။ အဲဒီထဲက တစ်ယောက်က နောင်တစ်ချိန်မှာ စိတ်အပြောင်းလဲမြန်တဲ့ ပါရမီရှင်တစ်ဦးဖြစ်လာမဲ့ အော်စကာ ဝိုင်းလ်ဒ် ဆိုတာပါပဲ။ ရက်သတ္တပတ်အနည်းငယ်ကြာတော့ ကိုယ်တော် သူတို့နှစ်ဦးကို ရေဖျန်းခြင်းပြုပေးခဲ့ပြီး၊ ဂျိန်းဝိုင်းလ်ဒ်ကလည်း အဲဒီမှာ ရှိနေခဲ့ပါတယ်။
ဆာ ဝီလျံဝိုင်းလ်ဒ်သည် ဂျိန်းနှင့်ရသော ကလေးများအပြင် ယခင်ဂျိန်းကို အိမ်ထောင်မပြုမီကလည်း သားသမီးသုံးဦးကို အခြားအမျိုးသမီးများနှင့် ထွန်းကားခဲ့ဖူးသည်။ ထိုသို့ တရားဝင်မထိမ်းမြားဘဲ ရခဲ့သည့် သားသမီးများကိုလည်း ဖခင်ဝတ္တရားအနေဖြင့် ပညာရေးထောက်ပံ့ပေးခြင်း၊ သူ၏ ဆွေမျိုးများမှ စောင့်ရှောက်စေခြင်းတို့ကို ပြုလုပ်စီမံပေးခဲ့သည်။[၉]
၁၈၈၅ တွင် မိသားစုသည် မာရီယန်စကွဲရပ်ကွက်သို့ပြောင်းရွေ့ပြီး ထိုနေရာ၌ ညီမဖြစ်သူ အိုင်ဆိုလာကို ၁၈၅၇ တွင် မွေးဖွားခဲ့သည်။ ယခုအိမ်အသစ်မှာ ပို၍ ကြီးမားသည်ဖြစ်ကာ ဇနီးမောင်နှံ၏ အောင်မြင်မှု၊ လူမှုအသိုင်းဝိုင်းနှင့်နေရသည်ကို ခုံမင်မှုတို့ကြောင့် အိမ်သည် ကောင်းမွန်သော ဆေးပညာ၊ ယဉ်ကျေးမှုဆိုင်ရာ တွေ့ဆုံ၊ ဆုံဆည်းကြသည့် လူမှုအသိုင်းဝိုင်းနေရာလေးဖြစ်လာခဲ့သည်။ ထင်ရှားသည့် ဧည့်သည်များလည်း လာရောက်ကြလေသည်။[၄]
အသက်ကိုးနှစ်အထိ အိမ်၌သာ ပညာသင်ကြားရ၍ ပြင်သစ် သူနာပြုတစ်ဦးနှင့် ဂျာမန်ကလေးထိန်းဆရာမတို့က ဆိုင်ရာဘာသာစကားများကို သင်ကြားပေးခဲ့ကြသည်။[၁၀] ဖာမန်နာကောင်တီ (Fermanagh) ၊ အဲနစ်စကစ်လင်မြို့ (Enniskillen) ရှိ ပေါ်တိုရာတော်ဝင်ကျောင်းတွင် အကို ဝီလီနှင့်အတူ ပညာသင်ယူ၍ ၁၈၆၄ မှ ၁၈၇၁ အထိ တက်ရောက်ခဲ့သည်။[၁၁] ပေါ်တိုရာတွင် အကိုဖြစ်သူလောက် မကျော်ကြားသော်လည်း သူငယ်ချင်းများကို ရယ်စရာ၊ ထွင်လုံး ကျောင်းဇာတ်လမ်းများပြောပြခဲ့ပြီး သူငယ်ချင်းများ၏ အထင်မြင်ကြီးမှု ရယူနိုင်ခဲ့ပေသည်။ နောင်တွင် ဝိုင်းလ်ဒ်က ကျောင်းတွင်ရှိစဉ် သူငယ်ချင်းများက ၎င်းကို စာအမြန်ဖတ်နိုင်စွမ်းရှိခြင်းကြောင့် အရွယ်နှင့်မလိုက်သည့် ထူးချွန်သူဟူ၍ သတ်မှတ်ခဲ့ဖူးကြောင်း၊ ၊ ဆန့်ကျင်ဘက်စာမျက်နှာနှစ်ခုရှိစာများကို တပြိုင်နက်ဖတ်နိုင်စွမ်းရှိကာ အတွဲသုံးတွဲပါစာအုပ်ကို နာရီဝက်နှင့်ဖတ်၍ ဇာတ်လမ်းအခြေခံသဘောကို ပြောနိုင်ရန် အများစုကို မှတ်မိကြောင်းလည်း ဆိုခဲ့သည်။[၁၂] ပညာရေးအရ ထူးချွန်သူဖြစ်သည့်အပြင် ဂန္ထဝင်ဘာသာရပ်တွင် အထူးသဖြင့် တော်သည်။ ၁၈၆၉ တွင် ထိုဘာသာရပ်အား ကျောင်း၌ စတုတ္ထနေရာချိတ်ခဲ့သည်။ ဂရိ၊ လက်တင်စာများကို နှုတ်ဖြင့် ဘာသာပြန်ဆိုမှု ပင်ကိုစွမ်းရည်ရှိခြင်းက ၎င်းကို ဆုများစွာဆွတ်ခူးစေနိုင်ခဲ့ပေသည်။[၁၃]
အသက်နှစ်ဆယ်အစောပိုင်းအထိ နွေရာသီရောက်လျှင် မေးယိုကောင်တီ ခေါန်ရွာ၌ ဖခင်ဆောက်လုပ်ထားသော မွိုင်တျူရာအပန်းဖြေအိမ်ကြီး၌ နေထိုင်ကုန်ဆုံးခဲ့သည်။[၁၄] ညီမ အိုင်ဆိုလာသည် ဦးနှောက်အမှေးရောင်ရောဂါဖြင့် အသက်ကိုးနှစ်တွင် သေဆုံးခဲ့သည်။ ဝိုင်းလ်ဒ်၏ "လွန်သူအတွက် ဆုတောင်းစာ" (Requiescat) ကဗျာသည် ညီမဖြစ်သူကို အမှတ်တရ ရေးဖွဲ့ထားခြင်းဖြစ်သည်။[၁၅]
"Tread lightly, she is near |
အလွတ်သဘောပြန်ဆိုထားခြင်း
ပေါ့ပါးစွာနဲ့ လှမ်းလာတော့ သူလေအနီးမှာ |
တက္ကသိုလ်ပညာရေး: ၁၈၇၀ နှစ်များ
[ပြင်ဆင်ရန်]ဒဘလင်၊ ထရင်နတီကောလိပ်
[ပြင်ဆင်ရန်]ပေါ်တိုရာကျောင်းမှ ပညာသင်ဆုနှင့်အတူ ထွက်ခွာခဲ့၍ ထရင်နတီကောလိပ်ကို အကိုဖြစ်သူနှင့် အဆောင်အခန်းအတူနေကာ ၁၈၇၁ မှ ၁၈၇၄ အထိ တက်ရောက်ခဲ့သည်။[၁၆] ထရင်နတီသည်ဂန္ထဝင်ဘာသာရပ်၌ ဦးဆောင်ကျောင်းတစ်ကျောင်းဖြစ်ပြီး နာမည်ကျော်ဆရာများထံတွင် ဝိုင်းလ်ဒ်သည် ပညာဆည်းပူးခွင့်ကြုံသည်။ ပါမောက္ခ ဂျေပီ မဟာဖီသည် ၎င်း၏ ဆရာဖြစ်ကာ ၎င်းအပေါ် ဂရိစာပေစိတ်ဝင်စားမှုကို စေ့ဆော်ပေးနိုင်ခဲ့သည်။ မဟာဖီကို နောင်ကာလ၌ သံသယများရှိသော်လည်း သူ၏ ပထမဆုံးနှင့် အတော်ဆုံးဆရာဟု ဆိုခဲ့သည်။[၁၇] မဟာဖီကလည်း ဝိုင်းလ်ဒ်ကို သူဖန်တီးခဲ့သည်ဟု ဝါကြွားဖူးသည်။ နောက်ပိုင်းတွင် ဝိုင်းလ်ဒ်နှင့်ပတ်သက်ပြီး "ကျွန်တော် စာသင်ပြမှုတစ်လျှောက်မှာ သူက တစ်ခုတည်းသော အမည်းစက်ပါ။" ဟု ဆိုလေသည်။[၁၈]
ထရင်နတီတွင် ထူးချွန်သောကျောင်းသားတစ်ယောက်အဖြစ် သက်သေထူနိုင်ခဲ့ရာ ပထမနှစ်၌ ပထမဆု၊ ဒုတိယနှစ်၌ ပညာသင်ဆု၊ နောက်ဆုံးနှစ်များ၌ ကောလိပ်၏ အမြင့်ဆုံးပညာရေးဆုဖြစ်သော ဘားကလီ ရွှေတံဆိပ် (ဂရိဘာသာဖြင့်) တို့ကို ရရှိခဲ့သည်။[၁၉] အောက်စဖို့ဒ်၊ မာ့ဂ်ဒါလင်ကောလိပ်သို့ ပညာသင်ဆုကြေး အတွက်ပြိုင်ဆိုင်ခဲ့ရာ အလွယ်တကူပင် ရရှိခဲ့သည်။[၂၀]
အောက်စဖို့ဒ်၊ မာ့ဂ်ဒါလင်ကောလိပ်
[ပြင်ဆင်ရန်]မာ့ဂ်ဒါလင်တွင် ဂန္ထဝင်ဘာသာရပ်နှင့် ဒဿနိကဗေဒတွဲစပ်ဘာသာ (Greats) ကို ယူ၍ အောက်စဖို့ဒ် သမဂ္ဂသို့ ဝင်ရန်ကိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။[၂၁]
အောက်စဖို့ဒ်ရှိ ဖရီးမေဆန်အသင်းခွဲ အပေါလို မာဆောနစ်အသင်း၏ အဝတ်အစား၊ လျှို့ဝှက်မှု၊ ဓလေ့ထုံးစံတို့ကို နှစ်သက်၍ ဝင်ရောက်ခဲ့သည်။[၂၂] အောက်စဖို့ဒ်၌ ရှိစဉ်အချိန်သာ ထိုအသင်းတွင် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့၍ နောက်ပိုင်း လစဉ် အသင်းဝင်ကြေးပေးရန် ပျက်ကွက်မှုကြောင့် သက်တမ်းလွန်ခဲ့သည်။[၂၃]
ကတ်သလစ်သာသနာက ၎င်းကို နက်နက်နဲနဲ စွဲဆောင်နိုင်ခဲ့ရာ အထူးသဖြင့် ကတ်သလစ်တို့၏ ဘုရားဝတ်ပြုနည်းနာများဖြစ်ကာ ကတ်သလစ်သို့ ပြောင်းရန် ဘုန်းတော်ကြီးနှင့် တိုင်ပင်မှုအချို့ရှိခဲ့သည်။ ၁၈၇၇၊ ရောမ၌ ပုပ်ရဟန်းမင်းကြီး ပိယပ်စ်နှင့် တွေ့ဆုံရပြီးနောက် မှင်တက်မိခဲ့သည်။[၂၄] ကိုယ်ပိုင်မူဟန်ရှိသူပီပီ နောက်ဆုံးအချိန်၌ မည်သည့် တရားဝင်ဘာသာအယူဝါဒကိုမျှ လက်ခံကျင့်သုံးရန် ငြင်းဆန်ခဲ့သည်။ ရေဖျန်းမင်္ဂလာပြုရန် ချိန်းဆိုနေ့၌လည်း ဖာသာ ဘိုဝမ်ကို ဘုရားတင်ရန် လီလီပန်းတစ်ခိုင်သာ ပို့ပေးခဲ့သည်။ သို့ရာ၌ ဘဝတစ်လျှောက်လုံး ကတ်သလစ်ယုံကြည်မှု၊ ဝတ်ပြုမှုတို့ကိုကား ထိန်းသိမ်းစွဲကိုင်ခဲ့လေသည်။[၂၅]
မာ့ဂ်ဒါလင် ကောလိပ်၌ ဝိုင်းလ်ဒ်သည် အနုသုခုမ ရသ၊ စာရိတ္တဆုတ်ယုတ်လာမှုဆိုင်ရာ လှုပ်ရှားမှုတို့၌ ထင်ရှားလာခဲ့သည်။ ဆံပင်အရှည်ထား၍ ယောက်ျားဆန်သော အားကစားများကို အထင်မြင်သေးသည်။ သို့ရာ၌ သူကိုယ်တိုင် ရံခါတွင်ဘလက်ဝှေ့ကစားလေ့ရှိသည်။[၂၂] ၎င်းအခန်းကိုလည်း ပန်း၊ ငှက်မွှေး၊ အနုပညာပစ္စည်းများဖြင့် အလှဆင်တတ်သည်။[၂၆] ၎င်းကို နှစ်သက်သူ၊ ဝေဖန်သုများလည်းရှိခဲ့၏ ။ တတိယနှစ်၌ သူ့ကိုယ်တိုင်သော်လည်းကောင်း သူ၏ ယုံတမ်းပြောစကားများသော်လည်းကောင်း အစစ်အမှန် ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ ၎င်း၏ လေ့လာထားမှုများသည် ပြဋ္ဌာန်းစာအုပ်များတွင် ဖော်ပြထားသည်ထက်ပို၍ ကျယ်ဝန်းသည်ဟု သတ်မှတ်သည်။ ထိုသဘောထားကြောင့်ပင် ဆရာမဟာဖီနှင့် ဂရိနိုင်ငံမှ ကျောင်းသို့ အလွန်နောက်ကျစွာ ပြန်ရောက်လာပြီးနောက် တစ်နှစ်ဆိုင်းငံ့ခံခဲ့ရသည်။[၂၇]
တတိယနှစ်မတိုင်မချင်း ဆရာ ဝေါလ်တာ ပါတာနှင့် မတွေ့ဆုံမိသေးပေ။ ထိုဆရာ၏ Studies in the History of the Renaissance စာအုပ်ကို နှစ်ခြိုက်ခဲ့ဖူးသည်။[၂၈] ထိုစာအုပ်ပါ အကြောင်းအရာများကို အလွတ်ကျက်မှတ်၍ ၎င်း၏ နှောင်းပိုင်းနှစ်များ၌ သွားလေရာ သယ်ဆောင်သွားခဲ့သည်။ တဖန် ဝိုင်းလ်ဒ်သည် ဆရာ ရာ့စ်ကင်၏ The Aesthetic and Mathematic Schools of Art in Florence အကြောင်း ပို့ချမှုများကို ဝင်ပါဝင်စားစွာ တက်ရောက်ခဲ့၍ အနုသုခုမ/ရသ/အလှတရားဆိုသည်မှာ ပန်းချီတွင် သင်္ချာသဘောမပါသော အကြောင်းရာများအဖြစ် လေ့လာသိရှိခဲ့သည်။ ထို့အပြင် ဆရာရာ့စ်ကင်၏ ကျေးလက်တစ်ခုက စိမ့်မြေလမ်းကျဉ်လေးကို ပန်းများဖြင့် ဘေးနားတစ်လျှောက် အလှဆင်သော ခန့်ညားသည့် လမ်းအသွင်ဖြစ်ရေးလုပ်ငန်းတွင် ဦးဆောင်ပါဝင်ခဲ့သည်။[၂၉]အီတလီရှိ ရာဗန်နမြို့သို့ သွားရောက်ခဲ့ပြီး "ရာဗန်န" ကဗျာ (Ravenna) ရေးသားခြင်းအတွက် ၁၈၇၈ ၌ နယူးဒီဂိတ်ဆု (Newdigate Prize) ရရှိခဲ့ဖူးသည်။[၃၀] ၁၈၇၈ နိုဝင်ဘာတွင် ၎င်း၏ ဝိဇ္ဇာတန်း၊ ဂန္ထဝင်နှင့် ဒဿနိက၊ ရှေးဟောင်းသမိုင်းစသည့် တွဲစပ်ဘာသာရပ်၌ ပထမဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ဝိုင်းလ်ဒ်၏ သူငယ်ချင်းတစ်ဦးထံရေးစာမှာ "တက္ကသိုလ်ဆရာတွေက အံ့ဩလောက်အောင် တော်ကြပါပေရဲ့၊ ဒါပေမယ့် နောက်ဆုံးကျ လူဆိုးလေးတွေကပဲ အကောင်းဆုံးဖြစ်သွားတာပါပဲ။"[၃၁][၃၂]
အလှရသခံစားသူ ပညာသင်ဘဝ: ၁၈၈၀ နှစ်များ
[ပြင်ဆင်ရန်]လူမှုအဖွဲ့အစည်းအတွင်းသို့ စတင်ဝင်ရောက်ခြင်း
[ပြင်ဆင်ရန်]အောက်စဖို့ဒ်မှ ဘွဲ့ရပြီး ဒဘလင်သို့ပြန်ခဲ့ရာ ငယ်ရည်းစား ဖလောရန့်စ် ဘာလ်ခုမ်း (Florence Balcombe) နှင့်တွေ့ဆုံခဲ့ကြသော်လည်း သူမသည် အခြားသူတစ်ယောက်နှင့် စေ့စပ်ပြီးသားဖြစ်၏ ။ ထို့နောက် အင်္ဂလန်သို့ ၁၈၇၈ တွင် ပြန်သွားခဲ့ပြီး အိုင်ယာလန်သို့ ခေတ္တနှစ်ခေါက် လည်ပတ်ခဲ့သည်။[၃၄][၃၅]
ဘာလုပ်ရမည်မှန်းမသိ၍ အောက်စဖို့ဒ်၊ ကိမ်းဘရစ်ချ်တို့တွင် ဂန္ထဝင်ဘာသာရပ်ဆိုင်ရာ ရာထူးရှိမရှိ အသိအကျွမ်းများစွာဆီ စာရေးမေးမြန်းခဲ့သေးသည်။[၃၆] ဖခင်အိမ်ကို ရောင်းချခြင်းမှ ရရှိသော နောက်ဆုံးအမွေနှင့်အတူ လန်ဒန်တွင် တက္ကသိုလ်ပညာတတ်ဘွဲ့ရတစ်ယောက်အဖြစ် နေထိုင်ခဲ့သည်။[၃၇] ဒဘလင်တက္ကသိုလ်သို့ ပညာစသင်သည့်အချိန်မှစ၍၊ အထူးသဖြင့် ကောတာဘော့စ်၊ ဒဘလင်တက္ကသိုလ် မဂ္ဂဇင်းများတွင် ကဗျာများရေးသားလာခဲ့သည်ဖြစ်၍ ၁၈၈၁ နှစ်လယ်ပိုင်း၌ ၎င်းရေးခဲ့သောကဗျာများကို စုဆောင်း၊ တည်းဖြတ်ပြင်ဆင်၊ ချဲ့ထွင်၍ Poems အမည်ဖြင့် စာအုပ်ထုတ်ခဲ့သည်။ [၃၈]
စာအုပ်သည် အုပ်ရေအနည်းငယ်ဖြင့် ရောင်းကုန်ခဲ့သော်လည်း ပန့်ချ်မဂ္ဂဇင်းက "ကဗျာဆရာအမည်မှာ ဝိုင်းလ်ဒ်၊ သူ့ကဗျာတွေကတော့ ရိုးစင်းသည်"[မှတ်စု ၂] ဟု ရေးသားဝေဖန်ခဲ့သည်။[၃၉][၄၀][၄၁] အောက်စဖို့ဒ် သမဂ္ဂကလည်း ပွတ်သီကာသီမဲဖြင့် ထိုစာအုပ်ကို ခိုးယူကူးချသည်ဟုဆိုကာ ရှုံ့ချခဲ့ကြသည်။ အတ္ထုပ္ပတ္တိရေးသူ ရစ်ချဒ် အဲလ်မန် (Richard Ellmann) က ဝိုင်းလ်ဒ်၏ ကဗျာ "Hélas!" သည် ရိုးသားမှုရှိသော်လည်း ဟိတ်ဟန်များလွန်းကာ ကဗျာဆရာက သူ့ကိုယ်တွင် မြင်နေသည့် ဆန့်ကျင်ခြားနားသော အရာနှစ်ခုကို ရှင်းပြရန်ကြိုးစားထားသည့် အားထုတ်မှုဖြစ်သည်ဆို၍ ဖော်ပြထားသည်။[၄၂] ၁၈၈၂ တွင် စာအုပ်ကို ထပ်မံပုံနှိပ်ခဲ့ကြသေးသည်။
မြောက်အမေရိက: ၁၈၈၂
[ပြင်ဆင်ရန်]အင်္ဂလိပ်ဇာတ်ဆရာ ရစ်ချဒ် ဒွိုင်းလီ ကာ့တ် (Richard D'Oyly Carte) က ဝိုင်းလ်ဒ်ကို မြောက်အမေရိကသို့ စာပေပို့ချမှုပြုရန် ဖိတ်ကြားသောအခါ SS Arizona သင်္ဘောဖြင့် ၁၈၈၂ ဇန်နဝါရီ ၂ ၌ ရောက်လာခဲ့သည်။[၄၃] မူလက လေးလဟု စီစဉ်ထားခဲ့သော်လည်း စီးပွားရေးတွက်ချေကိုက်မှုကြောင့် ခရီးစဉ်သည် တစ်နှစ်မျှကြာညောင်းခဲ့သည်။[၄၄] ဝိုင်းလ်ဒ်နှင့် ရသပညာကို ရက်စက်စွာဖြင့် ရုပ်ပြောင်များဆွဲကြပြီး စာနယ်ဇင်းများတွင်လည်း ဝေဖန်ကြသည်။
ထိုသို့ စာနယ်ဇင်းများမှ ဝေဖန်မှုများစွာခံရသော်လည်း တစ်ဖက်တွင်လည်း အမေရိကတခွင်၌ ကောင်းသောကြိုဆိုမှုမြင်ကွင်းများလည်း ရရှိခဲ့လေရာ ကိုလိုရာဒို၊ လဒ်ဗီလ် (Leadville, Colorado) တွင် သတ္တုတူးဖော်သူများနှင့် အရက်အတူသောက်ခြင်း၊ ရောက်လေရာမြို့များ၌ ဖက်ရှင်ကျသော အနုပညာခန်းမများ၌ ရန်ပုံငွေရှာခြင်းတို့ကို ကောင်းစွာပြုလုပ်နိုင်ခဲ့သည်။[၄၅]
လန်ဒန်မြို့ နှင့် အိမ်ထောင်ကျခြင်း
[ပြင်ဆင်ရန်]၎င်းရှာဖွေသော ဝင်ငွေများအပြင် "ပတ်ဒြူဝါ မင်းကတော်" ပြဇာတ် (The Duchess of Padua) မှရသော ဝင်ငွေများကြောင့် ပြင်သစ်သို့ ၁၈၈၃ အစောပိုင်းလများတွင် သွားရောက်ခဲ့သည်။ ပြင်သစ်၌ ရောဘာ့တ် ရှရာ့ဒ် (Robert Sherard) ကိုတွေ့ဆုံခဲ့ရပြီး ရောဘာ့တ်ကို ဧည့်ခံမှုများစွာ ပြုလုပ်ခဲ့သည်။[၄၆] ဩဂုတ်တွင် နယူးယောက်သို့ ၎င်း၏ ပထမဆုံးပြဇာတ် ဗီရာ (Vera) ထုတ်လုပ်ရန်အတွက် ခေတ္တမျှ သွားရောက်ခဲ့သည်။
၁၈၈၁ခုနှစ် လန်ဒန်မြို့၌ ဘုရင်မအတိုင်ပင်ခံ ဟောရစ်လွိုဒ်၏ သမီး ကွန်းစတန့်စ် လွိုဒ်နှင့် ဆုံခဲ့ဖူးသည်။ သူမသည် ၁၈၈၄ တွင် ဒဘလင်သို့ လည်ပတ်ရန် အကြောင်းဖန်လာခဲ့ပြီး ယင်းအချိန်၌ ဝိုင်းလ်ဒ်သည် ဂေးယတီဇာတ်ရုံတွင် စာပေပို့ချနေသည်။ သူမကို ချစ်ရေးဆိုခဲ့ပြီး ၁၈၈၄ မေ ၂၉ တွင် လန်ဒန်မြို့၊ စိန့် ဂျိမ်းဇ် ဘုရားကျောင်းတော်၌ လက်ထပ်ခဲ့ကြ၏ ။[၄၈][၄၉] ကွန်းစတန့်စ်သည် နှစ်စဉ်ဝင်ငွေ ပေါင် ၂၅၀ ရ၍ အမျိုးသမီးငယ်တစ်ဦးအတွက် များပြားသည့် ပမာဏဖြစ်သော်လည်း ဝိုင်းလ်ဒ်သည် တန်ဖိုးကြီးကြီးဇိမ်ခံရသည့် အရသာကို နှစ်ခြိုက်လေသည်။ ၎င်းတို့နေသော အမှတ် (၁၆) တိုက်လမ်းရှိ အိမ်ကို ခုနစ်လအတွင်း စရိတ်စကကြီးစွားသုံး၍ ပြင်ဆင်မွမ်းမံခဲ့ကြသည်။ ထိုဇနီးမောင်နှံ့တွင် စီရီလ် (Cyril) ၊ ဗီဗီယန် (Vyvyan) ခေါ် သားနှစ်ဦးထွန်းကားခဲ့သည်။ ၁၈၈၆ တွင် ချီကာဂို (/ရှီကားဂို/) ဟေးမားကစ် အစုလိုက်လူသတ်ပွဲတွင် အဖမ်းခံရသော အကြမ်းဖက်သူများကို ခွင့်လွှတ်ရန် ဂျော့ဂျ် ဘားနတ်ရှော၏ အသနားခံစာကို စာပေဘက်က တစ်ဦးတည်း လက်မှတ်ထိုးသူမှာ ဝိုင်းလ်ဒ်ပင်ဖြစ်သည်။[၅၀]
ရောဘာ့တ်ရော့စ်သည် ဝိုင်းလ်ဒ်၏ ကဗျာများကို ယခင်က ဖတ်ဖူး၏ ။ ၁၈၈၆ တွင် ရော့စ်နှင့် ဝိုင်းလ်ဒ်တို့ တွေ့ဆုံခဲ့ကြသည်။ ဝိတိုရိယခေတ် လိင်တူတားမြစ်ခြင်းက ရော့စ်ကို တားဆီးနိုင်ခြင်းမရှိပေ။ ထို့ကြောင့်ပင် ၎င်းမိသားစုနှင့် ကင်းကွာစွာနေထိုင်ခဲ့သည်။ ရစ်ချဒ် အဲလ်မန်၏ ဖော်ပြမှုတွင် "ရော့စ်သည် နုနုပျိုပျို (၁၇) နှစ်အရွယ်သာရှိသေး၍ ငယ်သော်လည်း အသိတရားဖြင့်ပင် ဝိုင်းလ်ဒ်ကို သွေးဆောင်ရန် ဆုံးဖြတ်ခဲ့သည်။"[၅၁] ဂရိချစ်ခြင်း[မှတ်စု ၃] (Greek love) ကို ရိုးတိုးရိပ်တိတ် ကာလကြာ ရည်ညွှန်းဖူးသော ဝိုင်းလ်ဒ်သည် ရော့စ်နှင့် လက်ထပ်ခဲ့ကြသော်လည်း ဝိုင်းလ်ဒ်၏ ဇနီးသည် ဒုတိယကိုယ်ဝန်ရသောအခါ ပျက်ပြယ်ခဲ့ပြီး ဝိုင်းလ်ဒ်ကို ရုပ်ဆိုင်ရာအရ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။[၅၂]
စကားပြေရေးသားခြင်း: ၁၈၈၆–၁၈၉၁
[ပြင်ဆင်ရန်]သတင်းပညာနှင့် တည်းဖြတ်ခြင်းများ: ၁၈၈၆–၁၈၈၉
[ပြင်ဆင်ရန်]"The Pall Mall Gazette" တွင် အနုပညာရသနှင့်ပတ်သက်သော ကိစ္စများအပေါ် ဝေဖန်ခြင်းက ကိုယ်တိုင်ပင် ခုခံကာကွယ်သည့် စာပေဖြစ်လာစေခဲ့ကာ မကြာမီ ၁၈၈၅-၈၇ အတွင်း ထိုသတင်းစာနှင့် အခြားမဂ္ဂဇင်းအတွက် ရသပညာရပ်ဆိုင်ရာ ပံ့ပိုးပေးသူဖြစ်လာခဲ့သည်။ စာပေသုံးသပ်ခြင်း၊ သတင်းပညာရပ်တို့ကို ခုံမင်လာခဲ့၏ ။ ကိုယ်တိုင်အားတက်လာ၍ ၎င်း၏ သုံးသပ်ဝေဖန်မှုများသည် အားရပါးရရှိတတ်ကာ အကောင်းဖက်ဆန်သည်။[၅၃] သူ၏မိဘများကဲ့သို့ အိုင်းရစ်အမျိုးသားရေးကို ထောက်ခံခဲ့လေသည်။[၅၀]
၁၈၈၇ နှစ်လယ်၌ The Lady's World မဂ္ဂဇင်း၏ အယ်ဒီတာဖြစ်လာခဲ့၍ ၎င်း၏အမည်သည် မဂ္ဂဇင်းအဖုံးတွင် ထင်ထင်ရှားရှား ပါလာပြီဖြစ်သည်။[၅၄] ခပ်မြန်မြန်ပင် "The Woman's World" ဟု အမည်ပြောင်းလဲခဲ့၍ မဂ္ဂဇင်း၏ ရေးသားမှုအသွားအလာကို မြှင့်တင်ခြင်း၊ မိဘအုပ်ထိန်းမှု၊ ယဉ်ကျေးမှု၊ နိုင်ငံရေးဆိုင်ရာ ကဏ္ဍများထည့်သွင်းခြင်းပြုလုပ်ဆောင်ရွက်သည့်အပြင် တစ်ဖက်၌ ဖက်ရှင်၊ အနုပညာနှင့်ပတ်သက်သော ဆွေးနွေးချက်များလည်း ထည့်သွင်းသည်။ စိတ်ကူးယဉ်ဇာတ်လမ်းနှစ်ပုဒ်ကိုလည်း အမြဲလိုလိုထည့်သွင်း၍ တစ်ပုဒ်သည် ကလေးများအတွက်၊ ကျန်တစ်ပုဒ်သည် အမျိုးသမီးများအတွက် ဖြစ်စေရန် စီစဉ်ထားရှိသည်။ ရင်းနှီးသောအသိအကျွမ်း၊ မိခင်၊ ဇနီးသည်တို့ထံမှလည်း စိတ်ကူးအကြံဉာဏ် တောင်းခံ၍ အားထုတ်ကာ ၎င်း၏ "စာပေနှင့် အခြားမှတ်စုများ" ဆောင်းပါးတို့သည် လူကြိုက်များ၍ ရွှင်ပြဖွယ်ဖြစ်၏ ။[၅၅]
အုပ်ချုပ်မှု၊ အလုပ်သွားပြန်ရမှု၊ ရုံးလုပ်ငန်းတို့ကြောင့် ကြာလာသောအခါ ငြီးငွေ့ခဲ့သည်။[၅၆] ၁၈၈၉ အောက်တိုဘာ၌ ဝိုင်းလ်ဒ်သည် စကားပြေအရေးအသားဆိုင်ရာတို့ကို ဖော်ပြလာပြီး ထိုမဂ္ဂဇင်းမှ ထွက်ခွာခဲ့သည်။[၅၇]
စိတ်ကူးယဉ် စာတိုပေတိုများ
[ပြင်ဆင်ရန်]၁၈၈၈ ၌ "The Happy Prince and Other Tales" ကို ထုတ်ဝေခဲ့၍ ၁၈၉၁ တွင် "Lord Arthur Savile's Crime and Other Stories" နှင့် "A House of Pomegranates" တို့ကို ထုတ်ဝေခဲ့ပြန်သည်။[၅၈] ၁၈၈၇ တွင် စတင်ရေးသားခဲ့သည့် စကားစမြည်ပြောဆိုခြင်းနှင့်ပတ်သက်သော ဝတ္ထုတို "The Portrait of Mr. W. H." ကို "Blackwood's Edinburgh Magazine" တွင် ၁၈၈၉ ၌ ဖော်ပြခဲ့သည်။[၅၉]
အက်ဆေးနှင့် ဒိုင်ယာလော့ဂ်
[ပြင်ဆင်ရန်]ဝိုင်းလ်ဒ်သည် သတင်းပညာရပ်ကို ငြီးငွေ့ခဲ့ပြီးနောက် ၎င်း၏ ရသဆိုင်ရာ စိတ်ကူးများကို စကားပြေပုံစံ ဆောင်းပါးရှည်ကြီးများဖြင့် ပြည့်ပြည့်ဝဝ စတင်ဖော်ပြရန် အလှုပ်ရှုပ်နေခဲ့လေသည်။ ထိုဆောင်းပါးရှည်များကို ထိုခေတ်က အဓိက စာပေ-အသိဉာဏ်အသားပေး ဂျာနယ်များတွင် ဖော်ပြခံခဲ့ရသည်။ ၁၈၈၉ ဇန်နဝါရီ၌ The Decay of Lying: A Dialogue သည် The Nineteenth Century လစဉ်မဂ္ဂဇင်း၊ တောမတ်စ် ဂရစ်ဖစ်(သ်စ်) ဝိန်းရိုက်တ် (Thomas Griffiths Wainewright) နှင့်ပတ်သက်သော သရော်ထားသည့် အတ္ထုပ္ပတ္တိ "Pen, Pencil and Poison" သည် "The Fortnightly Review" မဂ္ဂဇင်းတွင် ပါဝင်လာခဲ့သည်။[၆၀] ရသပညာရပ်နှင့် စပ်လျဉ်း၍ ရေးသားထားသော စာလေးပုဒ်အနက် နှစ်ပုဒ်သည် ဒိုင်ယာလော့ဂ် (အပြန်အလှန်ပြောဆိုမှုပုံစံ) ဖြစ်သည်။ ဝိုင်းလ်ဒ်သည် စာပေပို့ချသူမှ စာရေးဆရာအဖြစ်သို့ ပြောင်းလဲလာခဲ့သော်လည်း နှုတ်မှုပညာကျွမ်းကျင်မှုကိုကား ထိန်းသိမ်းနိုင်ခဲ့လေသည်။ ဉာဏ်ရွှင်၍ အာဝဇ္ဇန်းကောင်းကာ အများကျအောင် ပုံတိုပတ်စများပြောရာတွင် အလွန်ကောင်းသည်။ စကားစုများ၊ ရယ်ရွှင်ဖွယ်မှတ်ချက်တိုများ၊ ဇဝနဉာဏ်ဆိုင်ရာများကို စုစည်း၍ ပို၍ရှည်လျားသော ပေါင်းစုလက်ရာများအဖြစ်လည်း စပ်ဆိုမှုများရှိခဲ့သည်။[၆၁]
ဝိုင်းလ်ဒ်သည် အနုပညာတွင် စာရိတ္တ၊ ကိုယ်ကျင့်တရားတို့၏ အကျိုးကို စိုးရိမ်မှုရှိ၏ ။ ၎င်းယုံကြည်သည်မှာ အနုပညာ၏ အကောင်းဖက်ကို ဆွဲခေါ်တတ်သော၊ ဖွံ့ဖြိုးတိုးတက်သော စွမ်းအားကိုယုံကြည်သည်။ ၎င်းက "အနုပညာသည် ကိုယ်ပိုင်မူဟန်ရှိသည်။ ကိုယ်ပိုင်မူဟန်သည် နှောက်ယှက်တတ်သော၊ တစ်စစီဆွဲဖဲ့တတ်သော အားတစ်ရပ်ရှိသည်။ အနုပညာရဲ့ ကြီးမားတဲ့တန်ဖိုးတွေက အဲဒီမှာပါ။ အဘယ်ကြောင့်ဆိုသော် အနုပညာ၏ ကြိုးပမ်းမှုသည် ပုံစံတို့၏ ငြီးငွေ့ဖွယ်ရာ၊ ဓလေ့ထုံးတမ်းတို့၏ ခိုင်းဖက်၊ အလေ့အကျင့်တို့၏ နိုင်လိုမင်းထက်ပြတတ်မှု၊ လူသားတို့ကို စက်အလား(တန်ဖိုး)ကျဆင်းစေမှု တို့ကို နှောက်ယှက်ရန်ဖြစ်သည်" ဟု ဆိုခဲ့သည်။[၆၂]
ဒေါရီယန်ဂရေး၏ ပန်းချီကား
[ပြင်ဆင်ရန်]ဒေါရီယန်ဂရေး၏ ပန်းချီကား ဝတ္ထု၏ ပထမဆုံးမူကို ၁၈၉၀ ဇူလိုင်တွင် Lippincott လစဉ်မဂ္ဂဇင်း၌ ဦးဆောင်ဇာတ်လမ်းအဖြစ် ဖော်ပြခံရသည်။[၆၃] ဂရေး ဆိုသောသူ၏ ပန်းချီကားကိုဆွဲသော အမျိုးသားတစ်ဦးနှင့် ဇာတ်လမ်းမှာစတင်ထားသည်။ ဆင်စွယ်ရောင်၊ နှင်းဆီသွေးရောင် မျက်နှာကိုပိုင်ဆိုင်သော ဂရေးသည် ပန်းချီကားပြီးမြောက်သောအခါ ကြည့်၍ ပန်းချီကားကို ဖျက်ဆီးသည်။ ပန်းချီကားမှာ လှပနေဆဲဖြစ်သော်လည်း ၎င်း၏ ပြင်ပအလှတရားမှာ ဆုတ်ယုတ်သွားသည်ကို စိတ်ပျက်မိ၍ အမှုမဲ့အမှတ်မဲ့ သေမင်းနှင့် အလောင်းအစားလုပ်ခဲ့သည်။ အလောင်းအစားမှာ ၎င်းသည်သာ နုပျိုနေမည်၊ ပန်းချီကားသည် အိုမင်းရမည် ဟူ၍ ဖြစ်၏ ။ ဝိုင်းလ်ဒ်အဖို့ အလှတရားတစ်ခုတည်းကသာ အနုပညာ၏ အရာဖြစ်သည့်အလား အနုပညာပန်းတိုင်သည် ဘဝကို လမ်းညွှန်ပြသရန်ဖြစ်မည်ဟု ခံယူထားသည်။ ဂရေး၏ ပန်းချီကားသည် ၎င်း၏ ပျော်ရွှင်မှုပဓာနဝါဒ (hedonism) ကို အကောင်အထည်ဖျက်ဆီးခံရမှုမှ လွတ်မြောက်စေခွင့်ပြုသောကြောင့် အနုပညာတွင် ဝိုင်းလ်ဒ်မြင်သည့် အလှတရားကို နေ့စဉ်လောကနှင့် ခိုင်းနှိုင်းယှဉ်တွဲရန် ကြိုးပမ်းခဲ့ပေသည်။[၆၄]
သုံးသပ်ဝေဖန်သူများက ဝတ္ထုကို ချက်ချင်းဆိုသလို ဝေဖန်ကြရာ ဝတ္ထုပါ စာရိတ္တပိုင်းဆုတ်ယုတ်မှု၊ လိင်တူသဘောကို သွယ်ဝိုက်ရည်ညွှန်းချက်များဖြစ်သည်။ ဥပမာ The Daily Chronicle က ဝတ္ထုကို "မသန့်စင်၊ အဆိပ်အတောက်ရှိ၊ ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်ပိုင်း ပုပ်သိုး၍ ဆိုးရွားသည့်အနံ့များနှင့်ထူ" ဟု ဝေဖန်သည်။[၆၅] ဝိုင်းလ်ဒ်ကလည်း အင်တိုက်အားတိုက် တုံ့ပြန်ခဲ့ရာ၌ Scots Observer ၏ အယ်ဒီတာသို့ ရေးသောစာတွင် ၎င်းသည် အနုပညာ၏ ရသနှင့် ကျင့်ဝတ်တို့အပေါ် ၎င်း၏ရပ်တည်ချက်ကို ရှင်းလင်းပြောဆိုရာ "အနုပညာလက်ရာတစ်ခုဟာ ကြွယ်ဝ၊ ခိုင်မာအားကောင်း၊ ပြီးပြည့်စုံတယ်ဆိုရင် အနုပညာဗီဇပါတဲ့သူတွေဟာ အနုပညာရဲ့ အလှတရားကို မြင်ကြလိမ့်မယ်။ ကျင့်ဝတ်အားကောင်းတဲ့သူတွေဟာ အနုပညာရဲ့ ကိုယ်ကျင့်တရားသင်ခန်းစာတွေကို မြင်ကြလိမ့်မယ်" ဟူ၍ဖြစ်သည်။[၆၆] ၁၈၉၁ တွင် စာအုပ်ထုတ်ရန် ဝတ္ထုကို ကျယ်ပြန့်စွာ ပြုပြင်မွမ်းမံ၍ အခန်း (၆) ခန်း ထပ်မံထည့်သွင်းခဲ့သည်။ [၆၇][၆၈]
ဝိုင်းလ်ဒ်က ဇာတ်လမ်းအသွားအလာသည် "စာပေသမိုင်းကဲ့သို့ ကြာညောင်းသည့် စိတ်ကူးအယူအဆဖြစ်သည်၊ သို့သော် ကျွန်ုပ်က ပုံစံသစ်ဖြင့် ရေးထားခြင်းဖြစ်သည်" ဟု ခိုင်ခိုင်မာမာ ဆိုခဲ့လေသည်။[၆၉] ခေတ်သစ်ဝေဖန်သူ ရော်ဘင် မကီး (Robin McKie) က "ဝတ္ထုသည် နည်းစနစ်ပိုင်းအရ သာမန်မျှသာဖြစ်၏ ။ ဇာတ်လမ်းသွား၏ ဟိတ်ဟန်သည်ကား အောင်မြင်မှုကို အာမခံပေးထားသည်။ သို့ရာ၌ ထွင်ထားသည့်ပုံစံသည် မည်သည့်အခါကမျှ အပြည့်အဝ တွန်းပို့နိုင်ခဲ့ခြင်းမရှိပေ။" ဟု ယူဆခဲ့သည်။[၇၀] တစ်ဖက်တွင် ဂါးဒီယန်းမဂ္ဂဇင်း/သတင်းစာ၏ ရောဘာ့တ် မကရမ် (Robert McCrum) က အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အကောင်းဆုံး ဝတ္ထု (၁၀၀) ၌ စာရင်းသွင်းခဲ့ပြီး "စိတ်အာရုံကို ဖမ်းစားနိုင်သည်၊ ဝိတိုရိယခေတ်နှောင်း ဂေါ့သစ်ဟန်ဖြင့် လိင်တူသဘော အနည်းငယ်ပါသည်။" ဟု သုံးသပ်ချက်ပေးခဲ့လေသည်။[၇၁]
ပြဇာတ်လောက: ၁၈၉၂–၁၈၉၅
[ပြင်ဆင်ရန်]ဆာလိုမီ
[ပြင်ဆင်ရန်]၁၈၉၁ သန်းခေါင်စာရင်း၌ မှတ်တမ်းတင်ထားသည်မှာ ဝိုင်းလ်ဒ်၏ နေအိမ်သည် တိုက်လမ်း (၁၆) ဖြစ်ကာ[၇၂] ယင်း၌ ဇနီး၊ သားနှစ်ဦးနှင့် အတူနေထိုင်သည်။ ၁၈၉၁ တွင် ပဲရစ်သို့ သွားရောက်ခဲ့သည်။ ၎င်း၏ ၁၈၈၀ နှစ်များက ရေးခဲ့သောပြဇာတ် "Vera; or, The Nihilists" နှင့် "The Duchess of Padua" တို့သည် အောင်မြင်မှု အများအပြားမရခဲ့ပေ။ စကားပြေအရေးအသားကို သဘောတွေ့ပြီးနောက် ပြဇာတ်နယ်ကို ဆက်လက်သဘောခွေ့လာခဲ့ရာ သမ္မာကျမ်းလာ "ဆာလိုမီ"ပြဇာတ်ကို လျင်မြန်သွက်လက်စွာ ပြင်သစ်ဘာသာဖြင့် ရေးသားခဲ့သည်။[၇၃] လန်ဒန်သို့ ပြန်ရောက်ခဲ့သော်လည်း ပြဇာတ်မှာ သမ္မကျမ်းလာဖြစ်သောကြောင့် အငြင်းခံရခဲ့သည်။ [၇၄] သို့သော် ၁၈၉၃ ၌ ပဲရစ်နှင့် လန်ဒန်တို့တွင် ပြဇာတ်စာအုပ်ကို ဖြန့်ချိခဲ့ပြီး ပဲရစ်၌ ဖျော်ဖြေမှုကို ဝိုင်းလ်ဒ် ထောင်ကျနေစဉ်အချိန် ၁၈၉၆ မှသာ တင်ဆက်ဖျော်ဖြေနိုင်ခဲ့သည်။[၇၅]
လူမှုဇာတ်မြူး
[ပြင်ဆင်ရန်]ဝိုင်းလ်ဒ်သည် ဝိတိုရိယခေတ် လူမှုအသိုင်းအဝိုင်းကို ၎င်း၏ အဝတ်အစား၊ စကားပြောချက်များဖြင့် ကလိခဲ့၊ ဆွခဲ့ပြီးဖြစ်၍ "ဒေါရီယန်ဂရေး၏ ပန်းချီကား" ဝတ္ထုဖြင့် ကျယ်လောင်စွာ ပွင့်အံခဲ့သည်။ Lady Windermere's Fan ကို ပထမဆုံးအနေဖြင့် ၁၈၉၂ ဖေဖော်ဝါရီ ၂၀ တွင် စိန့်ဂျိမ်းဇ် ဇာတ်ရုံ၌ တင်ဆက်ခဲ့ကြသည်။[၇၇] ပြဇာတ်သည် လူကြိုက်များလာ၍ လအတော်ကြာ နိုင်ငံအနှံ့ ဖျော်ဖြေခဲ့ကြသည်။ သို့သော် ရှေးရိုးစွဲ ဝေဖန်သူများက အကြီးအကျယ် ရှုတ်ချခဲ့ကြလေ၏ ။[၇၈]
ထို့နောက် ပထမဆုံး ဝိုင်းလ်ဒ်၏ ပေါက်မြောက်ခဲ့သော ပြဇာတ်မှာ ၁၈၉၃ ထွက် A Woman of No Importance ဖြစ်သည်။[၇၉] နောက်ထပ် ပြဇာတ်နှစ်ပုဒ်ရေးရန် တာဝန်ပေးခံရပြီး ၁၈၉၄ တွင် An Ideal Husband ကိုရေးသားကာ ၁၉၈၅ ဇန်နဝါရီတွင် တင်ဆက်ခဲ့ကြသည်။[၈၀][၈၁]
ကွီးန်ဇ်ဘယ်ရီ မိသားစု
[ပြင်ဆင်ရန်]၁၈၉၁ နှစ်လယ်တွင် လိုင်ယန်နယ် ဂျွန်ဆန်က ဝိုင်းလ်ဒ်ကို အဲလ်ဖရဒ် ဒါ့ဂ်လာ့စ်နှင့် မိတ်ဆက်ပေးခဲ့သည်။ အဲလ်ဖရဒ်သည် ဂျွန်ဆန်၏ ဝမ်းကွဲညီအကို တော်စပ်၍ ယင်းအချိန်က အောက်စဖို့ဒ်ကျောင်းသားတစ်ဦးဖြစ်သည်။[၈၂] ရင်းနှီးသူများက ဘော့ဇီ (Bosie) ဟုခေါ်ကြသော အဲလ်ဖရဒ်သည် ငယ်ရွယ်ချောမော၍ ပျက်စီးနေသူဖြစ်သည်။ ၁၈၉၃ တွင် နှစ်ဦးသား ရင်းနှီးသော ပွင့်လင်းသော ဆက်ဆံရေးများ ဖြစ်ထွန်းလာခဲ့၍ အတူတကွ နေထိုင်ပေါင်းသင်းခဲ့ကြလေသည်။
အဲလ်ဖရဒ်သည် မကြာမီ ဝိုင်းလ်ဒ်အား အမျိုးသားပြည့်တန်ဆာများ၏ လျှို့ဝှက်နေရာများကို မိတ်ဆက်ပေးခဲ့၍ ထိုတွေ့ဆုံရာနေရာများသည် ဝိုင်းလ်ဒ် သွားလာ ပျော်ပါးလိုက်စားသည့် နေရာများဖြစ်ခဲ့ကြသည်။ မကြာမီ ဝိုင်းလ်ဒ်၏ အများရှေ့သွားလာလှုပ်ရှားမှုဘဝနှင့် သီးသန့်လျှို့ဝှက်ဘဝတို့သည် သိသိသာသာ ကွဲပြားလာခဲ့လေသည်။[၈၃]
အဲလ်ဖရဒ်၏ ဖခင်သည် ကွီးန်ဇ်ဘယ်ရီမှူးမတ် (Marquess of Queensberry) ဖြစ်၍ သားဖြစ်သူနှင့် ဆက်ဆံရေးသည် လုံးဝမကောင်းပေ။ ဝိုင်းလ်ဒ်နှင့် အဲလ်ဖရဒ်တို့၏ ဆက်ဆံရေးကို ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်း အကြိမ် အနည်းငယ်ရှိခဲ့၏ ။ ဝိုင်းလ်ဒ်က နှစ်သိမ့်စေနိုင်ခဲ့သည်။ သို့ရာတွင် ၁၈၉၄ ဇွန်၌ ဖခင်ဖြစ်သူက ဝိုင်းလ်ဒ်နေထိုင်ရာအိမ်ရောက်လာခဲ့ပြီး ရန်တွေ့၍ ပယ်ပယ်နယ်နယ်ပြောဆိုခဲ့သည်။ ဝိုင်းလ်ဒ်ကလည်း ငြိမ်မခံ၊ ပြန်လည်ပြောဆိုခဲ့သည်။[၈၄] တည်ငြိမ်ရန်ကြိုးစားခဲ့သော်လည်း ဝိုင်းလ်ဒ် ထင်မြင်မိသည်မှာ ကြမ်းတမ်းခက်ထန်သော မိသားစုအတွင်းရေးပြဿနာထဲ၌ ၎င်းမိ၍နေသည်ဟုဖြစ်သည်။ ကွီးန်ဇ်ဘယ်ရီ၏ ဆဲရေးတိုင်းထွာမှုများကို သည်းညည်းမခံချင်ခဲ့သော်လည်း ၎င်း၏ လျှို့ဝှက်ဇာတ်လမ်းများ အပြင်သို့ပြန့်နှံ့သွားလျှင် ၎င်းအတွက် ကံဆိုးမိုးမှောင်ကြလိမ့်မည်ဖြစ်သည်။
လေးနက်မှု၏ အရေးပါခြင်းပြဇာတ်
[ပြင်ဆင်ရန်]ဝိုင်းလ်ဒ်၏ နောက်ဆုံးပြဇာတ်လက်ရာမှာ လေးနက်မှု၏ အရေးပါခြင်း (The Importance of Being Earnest) ဖြစ်၍ အစောပိုင်းဟာသဇာတ်မြူးများထက် သွက်လက်ပေါ့ပါးသောဟန်ဖြင့် ရေးဖွဲ့ထားကာ ၁၈၉၄ တွင် ဝိုင်းလ်ဒ်၏ အနုပညာရင့်ကျက်မှုများနှင့်အတူ ခပ်သုတ်သုတ် ရေးဖွဲ့ခဲ့သည့် လက်ရာဖြစ်ခြင်းအပြင် ယခုအခါ၌ ဤပြဇာတ်သည် ဝိုင်းလ်ဒ်၏ အပြောင်မြောက်ဆုံးလက်ရာဟု သတ်မှတ်ယူဆကြသည်။[၈၅]
၁၈၉၅ ဖေဖော်ဝါရီ ၁၄ တွင် လန်ဒန်၊ စိန့် ဂျိမ်းဇ်ဇာတ်ရုံ၌ တင်ဆက်အသုံးတော်ခံခဲ့ကြသည်။ စာရေးသူ၊ ထုတ်လုပ်သူများက စာကြောင်း၊ ဇာတ်ခန်း၊ ဇာတ်ကွက် တစ်ခုချင်းစီကို ပြင်ဆင်၊ သုံးသပ်၊ စိစစ်တည်းဖြတ်ကြပြီးမှသာ ဖျော်ဖြေခဲ့ကြသည်။ ဝိတိုရိယခေတ်နှောင်း လူမှုအဖွဲ့အစည်းကို ကိုယ်စားပြုသည့်ဇာတ်ဖြစ်စေရန် ဂရုထားလုပ်ကိုင်ခဲ့ကြ၍ ထိုခေတ်က လူမှုအသိုင်းအဝိုင်းကို သရော်သောဇာတ်ဖြစ်လေသည်။[၈၆] ဤပြဇာတ်ကို ဝိုင်းလ်ဒ်၏ အကောင်းဆုံးလက်ရာအဖြစ် ချက်ချင်းလက်ငင်း လက်ခံအသိအမှတ်ပြုကြသည်မှာ အချိုပေါ် သကာလောင်းသကဲ့သို့ပင် ခိုင်မာသောအနုပညာဂုဏ်ဒြပ်ထဲသို့ အောင်မြင်မှုထည့်ပေးလိုက်ခြင်းဖြစ်သည်။[၈၇] ပေါလ်မောလ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အိပ်ချ်. ဂျီ. ဝဲလ်ဇ် (H. G. Wells) က "ပြဇာတ်စဉ်လာများကို ကိုင်တွယ်ထားပြီး ပို၍ဟာသမြောက်ကာ ဤသည်ကို တွေးကြည့်ရန်ပင်ခက်ပါသည်။ မစ္စတာ ဝိုင်းလ်ဒ်သည် ပြဇာတ်ဆရာကြီး ဂီလ်ဘာ့မူဟန်ဖြင့် ဟာသကို တန်ဆာဆင်၊ သူ့ကိုယ်ပိုင် ဇဝနဉာဏ်ရဲ့ မြောက်မြားလှသည့် ဘော်ကြယ်ဆီးကွင်းများပါ ထည့်သွင်းထားသည်" ဟု ဤပြဇာတ်နှင့်ပတ်သက်၍ သုံးသပ်သည်။[၈၈] ဤပြဇာတ်သည် ဝိုင်းလ်ဒ်၏ လူကြိုက်အများဆုံးပြဇာတ်အဖြစ် ယနေ့ထိတိုင် ဆက်လက်တည်ရှိဆဲဖြစ်သည်။[၈၉] ၎င်း၏ အောင်မြင်မှုများကို ပုံရိပ်ထင်ဟပ်စေခဲ့သည်မှာ တစ်စတစ်စ မြင့်တက်လာသော ကွီးန်ဇ်ဘယ်ရီနှင့် ရန်စဖြစ်လေသည်။
တရားရင်ဆိုင်ခြင်း
[ပြင်ဆင်ရန်]၁၈၉၆ ဖေဖော်ဝါရီ ၁၈ တွင် အမတ်ကြီးက ဝိုင်းလ်ဒ်ဆီသို့ လိပ်မူ၍ စာတစ်စောင်ပေးပို့ခဲ့ရာ ထိုစာ၌ "ဓမ္မတာနှင့်ဆန့်ကျင်သော ကာမဆက်ဆံမှုပြုသော အော်စကာ ဝိုင်းလ်ဒ်အတွက်" ဟူ၍ လက်ရေးဖြင့် ရေးမှတ်ထားသည်။[၉၀][note ၁] သားဖြစ်သူ ဒါ့ဂ်လာ့စ်က အားပေးအားမြှောက်ပြု၍ မိတ်ဆွေများ၏ အကြံဉာဏ်ကို ဆန့်ကျင်ပြီး အမတ်ကြီးကို ၎င်းအားအသရေဖျက်မှုဖြင့် စွဲချက်တင်ခဲ့သည်။
ကွီးန်ဇ်ဘယ်ရီသည် အသရေဖျက်မှုဖြင့် အဖမ်းဆီးခံရ၍ နှစ်နှစ်အထိ ထောင်ကျစေနိုင်သည့် ပြစ်မှုဖြစ်သည်။ ၁၈၄၃ အသရေဖျက်မှုဆိုင်ရာ အက်ဥပဒေအရ အမတ်ကြီးသည် စွဲချက်ကို ရှောင်ရှားရန် ၎င်း၏ ဝိုင်းလ်ဒ်အပေါ် စွပ်စွဲချက်အား အမှန်ဖြစ်ကြောင်း သက်သေပြရန် လိုအပ်သည့်အပြင် ထိုသို့စွပ်စွဲမှုသည် အများပြည်သူအကျိုးအတွက်ဖြစ်ရမည်ဟူသော အချက်ပါပြသနိုင်ရမည်။[၉၁] အမတ်ကြီး၏ ရှေ့နေများက ဝိုင်းလ်ဒ်၏ လိင်တူဆက်ဆံခြင်းအချက်ကို ရှာဖွေရန် စုံထောက်များငှားရမ်းခဲ့သည်။[၉၂] ဝိုင်းလ်ဒ်၏ မိတ်ဆွေများက ထိုရှေ့နေများသည် ဤကိစ္စကို သက်သေရရန် လုပ်ဆောင်နေသည်ဖြစ်ပြီး ပြင်သစ်သို့ တိမ်းရှောင်ရန် အကြံပေးခဲ့ကြသည်။[၉၃]
တရားခွင်သည် အများပြည်သူ အလွန်စိတ်ဝင်စားသည့် အနေအထားဖြစ်ခဲ့ကာ ဝိုင်းလ်ဒ်၏ တေလာ၊ ဒါ့ဂ်လာ့စ်တို့နှင့် လိင်ကိစ္စများသည် စာနယ်ဇင်းများ၌ စတင်ပါလာခဲ့လေသည်။ စုံထောက်အဖွဲ့က ရှေ့နေများကို ထိုလျှို့ဝှက်နေရာများအား ညွှန်ပြပေးခဲ့ကြသည်။ ဝိုင်းလ်ဒ်၏ ထိုနေရာများက သူများနှင့် ပတ်သက်မှုများကို မှတ်တမ်းတင်နိုင်ခဲ့ကြကာ ပါဝင်ပတ်သတ်သူများကို တွေ့ဆုံမေးမြန်းခဲ့ကြပြီး ကြံရာပါအချို့ကို အတင်းအကျပ်သက်သေထွက်ရန်စေခိုင်းခဲ့ကြလေသည်။[၉၄] တရားခွင်ကို ၁၈၉၅ ဧပြီ ၃ တွင် စတင်စစ်ဆေးခဲ့သည်။ နှစ်ဖက်စလုံးမှ သက်သေများတင်သွင်းကြ၍ ခုခံကြသည်။
နောက်ဆုံး အမတ်ကြီးဘက်က လူသက်သေများ၏ ထွက်ဆိုမှုများကို စစ်ဆေးပြီးသောအခါ ရှေ့နေများ၏ အကြံပြုချက်အတိုင်း ဝိုင်းလ်ဒ်က အမှုကို ရုပ်သိမ်းခဲ့သည်။ အမတ်ကြီးတွင် အပြစ်မရှိကြောင်းနှင့် ဝိုင်းလ်ဒ်သည် ဓမ္မတာဆန့်ကျင်သည့် လိင်ဆက်ဆံခြင်းရှိကြောင်း ဆုံးဖြတ်ခဲ့ကြလေသည်။[၉၅] ၁၈၄၃ အသရေဖျက်မှုဆိုင်ရာ အက်ဥပဒေအရ အမတ်ကြီးက တရားရင်ဆိုင်ခုခံသည့် ကုန်ကျစရိတ် ရရှိရန်ဖြစ်ပြီး ဝိုင်းလ်ဒ်ကို ဒေဝါလီခံသွားစေခဲ့သည်။[၉၆]
တရားရုံးမှ ထွက်ခွာလာပြီးနောက် ထိုသို့ လိင်ဆက်ဆံခြင်း၊ မဖွယ်မရာပြုခြင်း စွဲချက်များအတွက် ဖမ်းမိန့်ထုတ်ခံရသည်။[၉၇] ၁၈၉၆ ဧပြီ ၆ တွင် အဖမ်းခံခဲ့ရသည်။ ၁၈၉၅ ဧပြီ ၂၆ တွင် ထိုအမှုကို စတင်စစ်ဆေးသည်။ ဝိုင်းလ်ဒ်က အပြစ်မရှိကြောင်း တောင်းပန်သည်။
တရားခွင်သည် တရားသူကြီးများအတွက် နောက်ဆုံး ဆုံးဖြတ်ချက်မချနိုင်မှုဖြင့် အဆုံးသတ်ခဲ့သည်။ ဝိုင်းလ်ဒ်၏ အတိုင်ပင်ခံ ဆာ အဒ်ဝါ့ဒ် ကလာ့ခ် (Sir Edward Clarke) က တရားသူကြီးကို ဝိုင်းလ်ဒ်နှင့် ၎င်းမိတ်ဆွေများအား အာမခံပေးရန် လုပ်ဆောင်နိုင်ခဲ့သည်။[၉၈] ဤသို့ဖြင့် အာမခံရ၍ လွတ်လာခဲ့သည်။
နောက်ဆုံးတရားရင်ဆိုင်မှုသည် ၁၈၉၅ မေ ၂၅ ၌ဖြစ်ပြီး ဝိုင်းလ်ဒ်နှင့် အဲလ်ဖရဒ်တေလာတို့အား မဖွယ်မရာပြုမူမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ်ကျခံစေခဲ့သည်။[၉၈]
ထောင်ကျခြင်း
[ပြင်ဆင်ရန်]ပထမဆုံး ထောင်ထဲရောက်တော့ လူအချို့က ကျွန်တော်ဘယ်သူဘယ်ဝါဆိုတာကို မေ့လိုက်ဖို့ ပြောကြတယ်။ တော်တော်ကိုဆိုးတဲ့ အကြံပဲ။ ကိုယ့်ဘာသာကို ဘာလဲဆိုတာကို နားလည်ပြီးမှပဲ သက်တောင့်သက်သာ ရှိလာတော့တယ်။ လွတ်လာရင် ထောင်ကျခဲ့ဖူးတယ်ဆိုတာကို မေ့ပစ်ဖို့လည်း အများသူငါက အကြံပေးကြတယ်ဗျ။ အဲဒါက ထူးမခြားနားဆိုတာလည်း သိပါတယ်။ ကျွန်တော့်ကို သည်းခံလို့မရနိုင်လောက်တဲ့ ဂုဏ်သိက္ခာကျခြင်းဆိုတာကြီးက အစဉ်တစိုက် လိုက်ပါငြိကပ်နေတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ အခြားသူများလိုပဲ ကျွန်တော့်အပေါ်မှာ အနက်အဓိပ္ပာယ်သက်ရောက်နေတဲ့ အရာတွေ... နေနဲ့လတို့ရဲ့ အလှတရား၊ ရာသီကာလတို့ရဲ့ ခမ်းနားတဲ့မြင်ကွင်းတွေ၊ နံနက်ဆည်းဆာရဲ့ ဂီတသံ၊ ကြီးကျယ်တဲ့ညများစွာရဲ့ တိတ်ဆိတ်မှုတွေ၊ သစ်ရွက်ခက်ကြားက ကျလာတဲ့မိုးပြောက်၊ မြက်ပင်များပေါ်မှာ တရိရိနဲ့တွယ်ကပ်နေတဲ့ နှင်းမြူစက်တွေ၊ ငွေရောင်ဇာပဝါလိုဖြစ်စေ .... ဒါတွေအားလုံးက ကျွန်တော်အတွက် အမည်းစက်တွေ ဖြစ်လာမလား၊ ပြီးတော့ အဲ့ဒါတွေရဲ့ ပြန်လည်ကုစားခြင်းစွမ်းအားတွေ ဆုံးရှုံးပျောက်ကွယ်သွားမှာလား၊ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ဆက်သွယ် နားလည်နိုင်စွမ်းရှိတဲ့ စွမ်းအားတွေရော ... ပျောက်သွားမှာလား။ တစ်ယောက်ရဲ့ အဖြစ်အပျက်တွေကို နောင်တရပူပန်တာဟာ အဲဒီတစ်ယောက်ရဲ့ တိုးတက်မှုဖွံ့ဖြိုးမှုတွေကို ဖမ်းဆီးချုပ်နှောင်လိုက်တာပဲဗျာ။ တစ်ယောက်ရဲ့ အဖြစ်အပျက်များကို ငြင်းဆန်တာဟာ အဲဒီတစ်ယောက်ရဲ့ ဘဝနှုတ်ခမ်းတွေထဲကို မုသားထိုးသွင်းလိုက်တာပါပဲ။ အဇ္ဈတ္တနှလုံးသား (အတ္တ)ကို ငြင်းဆိုမှုထက် မလျော့ပါဗျာ။
ဝိုင်းလ်ဒ်သည် ၁၈၉၅ မေ ၁၅ မှ ၁၈၉၇ မေ ၁၈ အထိ အကျဉ်းကျခဲ့သည်။ ပထမ၌ လန်ဒန်ရှိ နယူးဂိတ်အကျဉ်းထောင်တွင်ဖြစ်ပြီး ထို့နောက် ပန်တန်ဗစ်လ်အကျဉ်းထောင် (Pentonville) တွင် အလုပ်ကြမ်းပါ တွဲဖက်ပါဝင်လာသည်။ နာရီများစွာကြာ စက်ပေါ်၌ လမ်းလျှောက်ရခြင်း၊ သင်္ဘောသုံး ကြိုးထုံးကြီးများကို ကောက်ယူရခြင်းများအပြင်[၉၉] သမ္မာကျမ်းစာကဲ့သို့ ဘာသာရေးစာအနည်းငယ် ဖတ်ရန်လည်း ထောင်က ခွင့်ပြုပေးထားသည်။[၁၀၀]
လအနည်းငယ်ကြာသောအခါ ဝေါန်ဒ်စဝါ့သ် (Wandsworth) အကျဉ်းထောင်သို့ ရွှေ့ပြောင်းရသည်။ အလုပ်ကြမ်းနှင့် ထောင်တွင်းအနေအထားမှာ ဆိုးရွားသဖြင့် ကျန်းမာရေးထိခိုက်ခဲ့သည်။[၁၀၁] နိုဝင်ဘာ၌ ဝတ်ပြုဆုတောင်းနေစဉ် အဖျား၊ ဆာလောင်ခြင်းတို့ကြောင့် လဲကျသွား၍ နားစည်ပေါက်သွားခဲ့ရာ ထိုဒဏ်ရာသည် ၎င်းကို နောက်ပိုင်း၌ သေစေခဲ့သည့် ဒဏ်ရာအနာတရာလည်း ဖြစ်၏ ။[၁၀၂][၁၀၃] ဆေးရုံတွင် နှစ်လကြာ နေထိုင်ခဲ့ရလေသည်။[၁၀၄][၁၀၂] လစ်ဘရယ်ပါလီမန်အမတ်ဖြစ်သူ ရစ်ချဒ် ဘီ. ဟောလ်ဒိန်း (Richard B. Haldane) က ဝိုင်းလ်ဒ်ထံသို့ ရောက်ရှိလာခဲ့ပြီး ရက်ဒင်း (Reading) အကျဉ်းထောင်သို့ နိုဝင်ဘာ ၂၃ ၌ ရွှေ့ပြောင်းစေခဲ့သည်။[၁၀၅] ရွှေ့ပြောင်းမှုသည် ဝိုင်းလ်ဒ်အတွက် မသက်သာလှပေ။ မီးရထားစင်္ကြံ၌ လူအုပ်ကြီးက လှောင်ပြောင်ကြကာ တတွေးများဖြင့် ထွေးကြသည်။[၁၀၂] ကျန်သည့် ထောင်သက်တမ်းကို ဤအကျဉ်းထောင်တွင်သာ ကုန်ဆုံးခဲ့ပေသည်။
ပထမပိုင်းတွင် စာရွက်နှင့် ဘောပင်ကို ဝိုင်းလ်ဒ်အား သုံးစွဲခွင့်မပြုသော်လည်း ဟောလ်ဒိန်းက ဝိုင်းလ်ဒ်အား စာအုပ်၊ စာရေးကိရိယာများ အသုံးပြုခွင့် ဖြစ်မြောက်စေရန် ကူညီစီမံပေးခဲ့သည်။[၁၀၆] ၁၈၉၆ ဇန်နဝါရီနှင့် မေလကြား၌ အဲလ်ဖရဒ်ဆီသို့ စာလုံးရေ ၅၀,၀၀၀ ပါ စာတစ်စောင် ရေးသားခဲ့သော်လည်း ပို့ရန်ခွင့်ပြုခြင်းမခံရပေ။ ထောင်မှ လွတ်မှသာ ကိုယ်နှင့်တပါတည်း ယူလာခဲ့ရသည်။[၁၀၇]
၁၈၉၇ မေ ၁၉ တွင် လွတ်မြောက်လာခဲ့ကာ[၁၀၈] ပြင်သစ်နိုင်ငံ ဒီယဲ့ပ် (ပြင်သစ်- ဂျဲ့ပ်) မြို့သို့ သွားရောက်ခဲ့၍ ယူကေသို့ ပြန်မလာခဲ့တော့ပေ။[၁၀၉] ထောင်ထဲ၌ ရေးခဲ့သည့်စာကို "De Profundis" (ပူဆွေးဝမ်းနည်းစာ) အမည်ဖြင့် ၁၉၀၅ တွင် တစ်စိတ်တစ်ဒေသ ထုတ်ဝေခဲ့ကြပြီး ၁၉၆၂ ရောက်မှသာ "အော်စကာ ဝိုင်းလ်ဒ်၏ ပေးစာများ" တွင် အပြည့်အစုံ ထုတ်ဝေခဲ့ကြသည်။[note ၂]
ဆုတ်ယုတ်လာခြင်း: ၁၈၉၇–၁၉၀၀
[ပြင်ဆင်ရန်]ဝိုင်လ်ဒ်၏ ကျန်းမာရေးအခြေအနေသည် ထောင်တွင်း ကြမ်းတမ်းမှု၊ စာသောက်နေထိုင်ရမှုတို့ကြောင့် ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာအနေဖြင့်မူ အားသစ်မာန်သစ်ဖြစ်လာခဲ့သည်။ ကတ်သလစ်သာသနာတွင် အေးငြိမ်းစွာဖြင့် ၆ လကြာ ဘာသာရေးဆိုင်ရာလုပ်ဆောင်ရန် သခင်ယေရှုအဖွဲ့အစည်းကို စာရေးတောင်းဆိုသော်လည်း အငြင်းခံရသည်။[၁၁၀] ၎င်း၏ နောက်ဆုံးသုံးနှစ်တာကာလကို ဆင်းဆင်းရဲရဲဖြင့် ပြည်ပတွင် နေထိုင်ခဲ့ရသည်။ ဆီဘက်စ်တီယန် မဲလ်မော့သ် (Sebastian Melmoth) အမည်ကို ခံယူခဲ့သည်။[၁၁၁]
"နေ့စဉ်မှတ်တမ်း" (Daily Chronicle ) သတင်းစာ၏ အယ်ဒီတာထံသို့ အင်္ဂလိပ်အကျဉ်းထောင်များ၏ ကြမ်းတမ်း လူမဆန်သောအခြေအနေများကို ရေးသားခဲ့၍ ပြစ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံကြောင်း ဖော်ပြထားသည်ဘ စာရှည်နှစ်စောင် ရေးသားခဲ့သေးသည်။[၁၁၂]
ရောဘာ့တ်ရော့စ်နှင့် ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ ပင်လယ်နံဘေးရွာကလေးတွင် ၁၈၉၇ နှစ်လယ်တွင် အတူနေထိုင်ခဲ့၍ "ရက်ဒင်းထောင် တေးကဗျာ" (The Ballad of Reading Gaol) ကို ရေးသားခဲ့သည်။ စာသည် ချားလ်ဇ် တောမတ်စ် ဝူးလ်ဒရစ်ဂျ် (Charles Thomas Wooldridge) ၏ ကွပ်မြက်ခံရခြင်းအကြောင်းဖြစ်ကာ စာသည် ဇာတ်လမ်းပုံစံမှ ထောင်သားများ၏ သရုပ်သကန်၊ အခြေအနေများဆီသို့ ပုံစံပြောင်းရေးသားခဲ့သည်။[၁၁၃] ထိုသူတို့ကို စီရင်ချက်ချထားသည့် ဥပဒေများနှင့်ပတ်သက်၍ တရားမျှတမှုကို ချင့်ချိန်အကဲဖြတ်ရန် မည်သည့်ကြိုးပမ်းမှုမျှ ပြုလုပ်ခြင်းမရှိပေ။ သို့သော် ထိုကဗျာသည် ထောင်သားများအပေါ် လူမဆန်ရက်စက်မှုများကို ဇောင်းပေးဖော်ပြထားသည်။[၁၁၄] ထိုကဗျာကို ၎င်းနေခဲ့ရသော ထောင်တိုက်ခန်း "C33" ကလောင်အမည်ယူ၍ ရေးသားခဲ့ပြီး မဂ္ဂဇင်းတစ်ခုမှ ဖော်ပြခဲ့သည်။[၁၁၅] ထိုကဗျာသည် ချက်ချင်းလက်ငင်း စီးပွားရေးအရ အောင်မြင်ခဲ့ကာ နှစ်နှစ်အတွင်း ခုနစ်ခေါက်အထိ ထုတ်ဝေခဲ့ရသည်။ ခုနစ်ကြိမ်ပြီးမှသာ ကဗျာရေးသူအဖြစ် "အော်စကာ ဝိုင်းလ်ဒ်" ဟူ၍ ဖော်ပြခဲ့ကြသော်လည်း စာပေအသိုင်းအဝိုင်းကမူ အစကတည်းက ဝိုင်းလ်ဒ်၏ လက်ရာမှန်း သိခဲ့ကြသည်။[၁၁၆][၁၁၇] ထိုကဗျာက ၎င်းကို ငွေကြေးအနည်းငယ် ရစေခဲ့သည်။
အဲလ်ဖရဒ်နှင့် ဝိုင်းလ်ဒ်တို့ ၁၈၉၇ ဩဂုတ်တွင် ပြင်သစ်၊ ရဝါးန်မြို့ (အင်္ဂလိပ်-ရူးဝေါန်) ပြန်လည်ပေါင်းဖက်ခဲ့ကြသည်။ နှစ်ဖက်အသိုင်းအဝိုင်းက သဘောမတူ မနှစ်မြို့ခဲ့ကြပေ။ လအနည်းငယ်ကြသည်အထိ အတူတူနေထိုင်ခဲ့ကြသည်။[၁၁၈] ဝိုင်းလ်ဒ်နေထိုင်ရာ နောက်ဆုံးလိပ်စာသည် ဒီ'အာလ်ဇာ့စ် ဟိုတယ်ဖြစ်၍ ပဲရစ်မြို့၊ ဆန့်-ဂျာမဲန်-ဒီ-ပရီး အရပ်တွင်ဖြစ်သည်။[၁၁၉] ၁၉၀၀ အောက်တိုဘာ ၁၂ တွင် ရော့စ်ဆီသို့ ကြေးနန်းပို့၍ ၎င်းသည် အလွန်အားနည်းပျော့ခွေနေ၍ လာရန်အကြောင်းကြားခဲ့သေး၏ ။[၁၂၀]
ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]၁၉၀၀ နိုဝင်ဘာ ၂၅ ၌ ဦးနှောက်အမှေးရောင်ရောဂါ ခံစားလာရပြီး နိုဝင်ဘာ ၂၉ တွင် ရော့စ် ရောက်လာခဲ့၍ ဘုန်းတော်ကြီးတစ်ပါးကို ပင့်ဖိတ်စေခဲ့သည်။ ဘုန်းတော်ကြီး အက်ဖ်အာ ကာ့သ်ဘာ့တ် ဒန်းက ကသလစ်ဘာသာသို့ ရေဖျန်းမင်္ဂလာ (အခြေအနေအရ ထပ်မံလုပ်ဆောင်မှု) ပြုပေးခဲ့သည်[၁၂၁][၁၂၂] ဝိုင်းလ်ဒ်သည် ထိုရောဂါဖြင့်ပင် ၁၉၀၀ နိုဝင်ဘာ ၃၀ တွင် ကွယ်လွန်ခဲ့သည်။[၁၂၃]
မြှုပ်နှံခြင်း
[ပြင်ဆင်ရန်]ဝိုင်းလ်ဒ်ကို ပဲရစ်မြို့ပြင် Cimetière de Bagneux သုသာန်တွင် မူလကမြှုပ်နှံခဲ့သည်။ ၁၉၀၉ တွင် ပြန်လည်တူးဖော်ခဲ့ကာ မြို့တွင်းရှိ Père Lachaise သုသာန်သို့ရွှေ့ပြောင်းခဲ့သည်။[၁၂၄]
သင်္ချိုင်းစာတွင် "ရက်ဒင်းထောင်၏ တေးကဗျာ" မှ စာပိုဒ်တစ်ပိုဒ် ရေးထိုးထားသည်။
And alien tears will fill for him |
အလွတ်သဘောပြန်ဆိုထားခြင်း
သူစိမ်းမျက်ရည် ပြည့်လို့လျှံဝေ သူ့အတွက်လေ |
သေလွန်ပြီးမှ တောင်ပန်ခံရခြင်း
[ပြင်ဆင်ရန်]၂၀၁၇ ပြစ်မှုဆိုင်ရာ အက်ဥပဒေအရ လိင်တူသဘောကို အပြစ်ဟူ၍ မယူဆတော့သည့်အခါ ခန့်မှန်းခြေ ၅၀,၀၀၀ သောသူများကို တောင်းပန်ခဲ့ရာတွင် ဝိုင်းလ်ဒ်သည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ (၁၉၆၇ လိင်ပိုင်းဆိုင်ရာ ပြစ်မှုအက်ဥပဒေ၌ အင်္ဂလန်နှင့် ဝေလတို့တွင် လိင်တူသဘောကို ပြစ်မှုဟု သတ်မှတ်)[၁၂၆]
ဂုဏ်ပြုခံရမှုများ
[ပြင်ဆင်ရန်]၁၉၉၅ ဖေဖော်ဝါရီ ၁၄ တွင် ဝက်စ်မင်စတာကျောင်းတော်ကြီး၌ ကဗျာဆရာများအထိမ်းအမှတ်နေရာ (Poets' Corner) တွင် မှန်စီရွှေချ မှန်ပြတင်းဖြင့် ဂုဏ်ပြုခဲ့ကြသည်။[၁၂၇] ၂၀၁၄ ၌ ဆန်ဖရန်စ္စကို၊ ကာစထရိုအရပ်တွင် LGBTQ ကဏ္ဍအတွက် စဦးဂုဏ်ပြုထိုက်သူများထဲက တစ်ဦးအဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ကြသည်။[၁၂၈][၁၂၉][၁၃၀] အော်စကာ ဝိုင်းလ်ဒ် ကျောင်းဆောင်ကို အမြင်ပိုင်းဆိုင်ရာ အနုပညာရှင်များဖြစ်သော McDermott & McGough တို့က ပုံစံဆင်ပေးခဲ့ကြ၍ ၂၀၁၇ တွင် နယူးယောက်မြို့တော်ရှိ "ရွာချက်ကျောင်း" (Church of the Village) ၏ ပါဝင်ကူညီမှုဖြင့် ဖွင့်လှစ်ခဲ့ကြသည်။[၁၃၁] နောက်တစ်နှစ်တွင် လန်ဒန်မြို့၊ ဗော်လ်တဲ စတူဒီယို (Voltaire) သို့ ရွေ့ပြောင်းခဲ့ကြလေသည်။[၁၃၂][၁၃၃]
ဝိုင်းလ်ဒ်၏ လက်ရာအချို့
[ပြင်ဆင်ရန်]- Ravenna (၁၈၇၈)
- Poems (၁၈၈၁)
- The Happy Prince and Other Stories (၁၈၈၈, ဖယ်ရီပုံပြင်များ)
- Lord Arthur Savile's Crime and Other Stories (၁၈၉၁, ဇာတ်လမ်းပုံပြင်များ)
- A House of Pomegranates (၁၈၉၁, ဖယ်ရီပုံပြင်များ)
- Intentions (၁၈၉၁, အက်ဆေးနှင့် ရသဆိုင်ရာ အပြန်အလှန်ပြေဆိုခြင်းများ)
- The Picture of Dorian Gray (၁၈၉၀ /၉၁, ဝတ္ထု)
- The Uncensored Picture of Dorian Gray (၂၀၁၂)
- The Soul of Man under Socialism (၁၈၉၁, နိုင်ငံရေး အက်ဆေး)
- Lady Windermere's Fan (၁၈၉၂, ပြဇာတ်)
- A Woman of No Importance (၁၈၉၃, ပြဇာတ်)
- The Sphinx (၁၈၉၄, ကဗျာ)
- An Ideal Husband (၁၈၉၅ ဖျော်ဖြေခြင်း၊ ၁၈၉၈ ထုတ်ဝေခြင်း၊ ပြဇာတ်)
- The Importance of Being Earnest (၁၈၉၅ ဖျော်ဖြေခြင်း၊ ၁၈၉၉ထုတ်ဝေခြင်း၊ ပြဇာတ်)
- De Profundis (၁၈၉၇ ရေးသားခြင်း၊ ၁၉၀၅, ၁၉၀၈, ၁၉၄၉, ၁၉၆၂ ထုတ်ဝေခြင်းများ၊ ပေးစာ)
- The Ballad of Reading Gaol (၁၈၉၈, ကဗျာ)
မှတ်စု
[ပြင်ဆင်ရန်]- ↑ မတျူရင် ဇနီး၏ ညီမ၏ အိမ်ထောင်ဖက်မှာ ချားလ်စ်အယ်လ်ဂျီးဖြစ်၍၊ အယ်လ်ဂျီး၏သမီးသည် ဂျိန်းဝိုင်းလ်ဒ်ဖြစ်သည်။
- ↑ "The poet is Wilde, but his poetry's tame" ဟု မူရင်းတွင်ရေးသားထားရာ Wilde သည် wild (အားကြီးပြင်းထန်) ခိုင်းနှိုင်း၍ ကဗျာများသည် ဆန့်ကျင်ဘက်အရ ထိုသို့မဖြစ်ဟု ဆန့်ကျင်ဘက်စကားလုံးသုံးရေးထားခြင်း
- ↑ လိင်တူသဘောကို ဆိုလိုခြင်းဖြစ်သည်။
- ↑ Queensberry's handwriting was almost indecipherable: The hall porter initially read "ponce and sodomite", but Queensberry himself claimed that he'd written "posing 'as' a sodomite", an easier accusation to defend in court. Merlin Holland concludes that "what Queensberry almost certainly wrote was "posing somdomite [sic]".[၉၀]
- ↑ Ross published a version of the letter expurgated of all references to Douglas in 1905 with the title De Profundis, expanding it slightly for an edition of Wilde's collected works in 1908, and then donated it to the British Museum on the understanding that it would not be made public until 1960. In 1949, Wilde's son Vyvyan Holland published it again, including parts formerly omitted, but relying on a faulty typescript bequeathed to him by Ross. Ross's typescript had contained several hundred errors, including typist's mistakes, Ross's "improvements" and other inexplicable omissions.[၁၀၇]
ကိုးကားအညွှန်းများ
[ပြင်ဆင်ရန်]- ↑ "Is Oscar Wilde's reputation due for another reassessment?"။
- ↑ Hesketh Pearson, The Life of Oscar Wilde, reprinted by Penguin Books, 1985. p. 18.
- ↑ Literary Encyclopedia – Oscar Wilde။ Litencyc.com (25 January 2001)။ 3 April 2009 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ၄.၂ Sandulescu 1994, p. 53.
- ↑ ၅.၀ ၅.၁ McGeachie၊ James (2004)။ "Wilde, Sir William Robert Wills (1815–1876)"။ Oxford Dictionary of National Biography။ Oxford, England: Oxford University Press။
- ↑ Pearce၊ Joseph (2004)။ "Mask of Mysteries"။ The Unmasking of Oscar Wilde။ San Francisco, CA: Ignatius Press။ p. 24။ ISBN 978-1-58617-026-4။
- ↑ Google Books link to Pearce, Joseph The Unmasking of Oscar Wilde
- ↑ St. Ann's Church website။ Stann.dublin.anglican.org။ 15 May 2014 တွင် ပြန်စစ်ပြီး။
- ↑ Ellmann 1988, p. 13.
- ↑ Ellmann 1988, p. 18.
- ↑ Ellmann 1988, p. 20.
- ↑ Ellmann 1988, p. 22.
- ↑ Ellmann 1988, pp. 22-23.
- ↑ Sandulescu 1994, pp. 55-56.
- ↑ Poems: Oscar Wilde. (1881) p. 37.
- ↑ Ellmann 1988, p. 25.
- ↑ Ellmann 1988, p. 26.
- ↑ Ellmann 1988, p. 27.
- ↑ Sandulescu 1994, p. 154.
- ↑ "Oscar Wilde's money diary: how the Irish playwright lived in debt"၊ The Telegraph။
- ↑ Toughill 2008, pp. 183-185.
- ↑ ၂၂.၀ ၂၂.၁ Ellmann 1988, p. 39.
- ↑ OSCAR WILDE A University Mason။ PS Review of Freemasonry။
- ↑ Ellmann 1988, p. 70.
- ↑ Sandulescu 1994, pp. 375-376.
- ↑ Ellmann 1988, pp. 43-44.
- ↑ Ellmann 1988, p. 78.
- ↑ Ellmann 1988, p. 46.
- ↑ Ellmann 1988, p. 95.
- ↑ Ellmann 1988, p. 93.
- ↑ Holland & Hart-Davis 2000, p. 70.
- ↑ Ellmann 1988, p. 94.
- ↑ Mendelssohn၊ Michèle (2018)။ Making Oscar Wilde။ Oxford University Press။ p. 285။ ISBN 978-0-19-880236-5။
- ↑ Holland & Hart-Davis 2000, p. 71.
- ↑ Ellmann 1988, p. 99.
- ↑ Holland & Hart-Davis 2000, pp. 72-78.
- ↑ Ellmann 1988, p. 105.
- ↑ Ellmann 1988, p. 131.
- ↑ Ellmann 1988, pp. 132, 138.
- ↑ Varty၊ Anne, ed. (2000)။ Collected Poems of Oscar Wilde။ Ware: Wordsworth Poetry Library။ p. vi။ ISBN 1853264539။ 23 August 2020 တွင် ပြန်စစ်ပြီး။
- ↑ Wilde၊ Oscar (1997)။ Murray၊ Isobel (ed.)။ Complete Poetry။ Oxford World's Classics။ Oxford: Oxford University Press။ pp. x–xi။ ISBN 0192825089။ 23 August 2020 တွင် ပြန်စစ်ပြီး။
- ↑ Ellmann 1988, pp. 132-133.
- ↑ Cooper၊ John။ S.S. Arizona။ Oscar Wilde in America။ 15 October 2017 တွင် ပြန်စစ်ပြီး။
- ↑ Cooper၊ John။ The Lecture Tour of North America 1882။ Oscar Wilde in America။ 16 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 October 2017 တွင် ပြန်စစ်ပြီး။
- ↑ King၊ Steve။ Wilde in America။ Today in Literature။ 14 April 2010 တွင် ပြန်စစ်ပြီး။ Regarding Wilde's visit to Leadville, Colorado, 24 December 1881.
- ↑ Ellmann 1988, p. 205.
- ↑ Bristow၊ Joseph (2009)။ Oscar Wilde and Modern Culture: The Making of a Legend။ Athens, OH: Ohio University Press။ p. xli။ ISBN 978-0-8214-1837-6။
- ↑ Oscar & Constance Wilde။ Saint James, Sussex Gardens, London။ 8 January 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2021 တွင် ပြန်စစ်ပြီး။
- ↑ Fitzsimons၊ Eleanor (26 September 2017)။ Wilde's Women: How Oscar Wilde Was Shaped by the Women He Knew (အင်္ဂလိပ်ဘာသာစကားဖြင့်)။ The Overlook Press။ ISBN 978-1-4683-1326-0။ 25 September 2016 တွင် ပြန်စစ်ပြီး။
- ↑ ၅၀.၀ ၅၀.၁ Ellmann 1988, p. 273.
- ↑ Ellmann 1988, p. 275.
- ↑ Mendelsohn၊ Daniel (2008)။ "The two Oscar Wildes"။ How Beautiful It Is and How Easily It Can Be Broken: Essays By Daniel Mendelsohn။ New York: HarperCollins။ p. 218။ ISBN 978-0-06-145644-2။
- ↑ Ellmann 1988, pp. 247-248.
- ↑ Mason 1972, p. 219.
- ↑ Ellmann 1988, p. 276.
- ↑ Clayworth 1997, p. 91.
- ↑ Holland & Hart-Davis 2000, p. 413.
- ↑ Mason 1972, pp. 360-362.
- ↑ Mason 1972, p. 6.
- ↑ Mason 1972, p. 71.
- ↑ Raby 1997, p. 98.
- ↑ Wilde, O. The Complete Works of Oscar Wilde, Collins.
- ↑ Mason 1972, p. 105.
- ↑ Mendelsohn၊ Daniel (10 October 2002)။ "The Two Oscar Wildes"။ New York Review of Books။ Vol. 49 no. 15။ 1 April 2020 တွင် ပြန်စစ်ပြီး။
- ↑ Ross၊ Alex (1 August 2011)။ Deceptive Picture: How Oscar Wilde painted over "Dorian Gray"။ The New Yorker။ 3 August 2011 တွင် ပြန်စစ်ပြီး။
- ↑ Holland & Hart-Davis 2000, pp. 433, 435, 438, 441, 446.
- ↑ "Preface"။ The Picture of Dorian Gray။ From Project Gutenberg transcription။ October 1994။
- ↑ Mason 1972, p. 341.
- ↑ Holland & Hart-Davis 2000, p. 435.
- ↑ McKie, Robin (25 January 2009). "Classics Corner: The Picture of Dorian Gray". The Guardian (London).
- ↑ McCrum၊ Robert။ "The 100 best novels: No 27 – The Picture of Dorian Gray by Oscar Wilde (1891)"၊ The Guardian၊ 24 March 2014။
- ↑ Registrar General Records။ Wilde, Oscar O'Flahertie Wills (1856–1900), author။ National Archives။ 2 October 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2010 တွင် ပြန်စစ်ပြီး။
- ↑ Ellmann 1988, p. 323.
- ↑ Mason 1972, p. 371.
- ↑ Mason 1972, p. 369.
- ↑ "An introduction to Lady Windermere's Fan"။
- ↑ Ellmann 1988, p. 344.
- ↑ Ellmann 1988, p. 347.
- ↑ Ellmann 1988, p. 360.
- ↑ Wilde၊ Oscar။ An ideal husband. Act III: London: typescript with extensive autograph revisions, 1894။ OCLC 270589204။
- ↑ Ellmann 1988, p. 404.
- ↑ Riley၊ Kathleen; Blanshard၊ Alastair; Manny၊ Iarla (2018)။ Oscar Wilde and classical antiquity (First ed.)။ Oxford။ ISBN 978-0-19-878926-0။ OCLC 986815031။
- ↑ Holland & Hart-Davis 2000, p. တမ်းပလိတ်:Pn.
- ↑ Ellmann 1988, p. 421.
- ↑ Ellmann 1988, p. 398.
- ↑ Raby 1997, p. 161.
- ↑ Wheatcroft၊ G. (May 2003)။ "Not Green, Not Red, Not Pink"။ The Atlantic Monthly။
- ↑ Beckson 2003, p. 213.
- ↑ Raby 1997, p. 165.
- ↑ ၉၀.၀ ၉၀.၁ Holland 2004, p. 300.
- ↑ Moran၊ Leslie (2002)။ The Homosexual(ity) of law။ Routledge။ p. 47။ ISBN 978-1-134-89645-5။
- ↑ Frankel၊ Nicholas (2017)။ Oscar Wilde: The Unrepentant Years။ Harvard University Press။ p. 34။ ISBN 978-0-674-98202-4။
- ↑ Belford 2000, p. 251.
- ↑ Ellmann 1988, p. 415.
- ↑ Foldy 1997, p. 19.
- ↑ Foldy 1997, p. 150.
- ↑ "The Arrest of Oscar Wilde at the Cadogan Hotel"၊ 6 April 1895။ Via The Arrest of Oscar Wilde at the Cadogan Hotel – 6 April 1895 (5 April 2013)။
- ↑ ၉၈.၀ ၉၈.၁ တမ်းပလိတ်:Old Bailey
- ↑ Ellmann 1988, p. 769.
- ↑ Ellmann 1988, p. 777.
- ↑ Ellmann 1988, p. 474.
- ↑ ၁၀၂.၀ ၁၀၂.၁ ၁၀၂.၂ Ellmann 1988, p. 465.
- ↑ Medina၊ John J. (1997)။ The Clock of Ages: Why We Age, How We Age, Winding Back the Clock။ Cambridge University Press။ p. 250။ ISBN 978-0-521-59456-1။
- ↑ Holland & Hart-Davis 2000, p. 735.
- ↑ Ellmann 1988, p. 456.
- ↑ Ellmann 1988, p. 475.
- ↑ ၁၀၇.၀ ၁၀၇.၁ Holland & Hart-Davis 2000, p. 683.
- ↑ Ellmann 1988, p. 527.
- ↑ Ellmann 1988, p. 528.
- ↑ Holland & Hart-Davis 2000, pp. 841-842.
- ↑ Holland & Hart-Davis 2000, p. 842.
- ↑ Holland & Hart-Davis 2000, pp. 847–855.
- ↑ Sandulescu 1994, p. 308.
- ↑ Sandulescu 1994, p. 310.
- ↑ Kiberd 2000, p. 336.
- ↑ Mason 1972, pp. 408-410.
- ↑ Ellmann 1988, p. 526.
- ↑ Hyde 1948, p. 308.
- ↑ Holland & Hart-Davis 2000, p. 1092.
- ↑ Holland & Hart-Davis 2000, p. 1119.
- ↑ Holland & Hart-Davis 2000, p. 1224.
- ↑ Cavill, Paul, Heather Ward, Matthew Baynham, and Andrew Swinford, The Christian tradition in English literature: poetry, plays, and shorter prose, p. 337, Zondervan 2007.
- ↑ "DEATH OF OSCAR WILDE; He Expires at an Obscure Hotel in the Latin Quarter of Paris. Is Said to Have Died from Meningitis, but There Is a Rumor that He Committed Suicide."၊ The New York Times၊ 1 December 1900။
- ↑ Holland & Hart-Davis 2000, p. 1230.
- ↑ Ellmann 1988, p. 553.
- ↑ "Turing's Law: Oscar Wilde among 50,000 convicted gay men granted posthumous pardons"၊ The Daily Telegraph၊ 31 January 2017။
- ↑ "Oscar Wilde"။
- ↑ Shelter၊ Scott (14 March 2016)။ The Rainbow Honor Walk: San Francisco's LGBT Walk of Fame။ 28 July 2019 တွင် ပြန်စစ်ပြီး။
- ↑ Castro's Rainbow Honor Walk Dedicated Today: SFist (2 September 2014)။ 10 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 August 2021 တွင် ပြန်စစ်ပြီး။
- ↑ Carnivele၊ Gary (2 July 2016)။ Second LGBT Honorees Selected for San Francisco's Rainbow Honor Walk။ 12 August 2019 တွင် ပြန်စစ်ပြီး။
- ↑ McDermott & McGough to Open Temple Dedicated to Oscar Wilde in New York's Church of the Village။ 2020-06-28 တွင် ပြန်စစ်ပြီး။
- ↑ Oscar Wilde: Gay martyr with complex faith journey honored in art (2019-11-30)။ 2020-06-28 တွင် ပြန်စစ်ပြီး။
- ↑ "The Oscar Wilde Temple" Archived 15 August 2021 at the Wayback Machine.. oscarwildetemple.org.
ရင်းမြစ်များ
[ပြင်ဆင်ရန်]- Beckson၊ Karl (2003)။ Oscar Wilde။ London: Routledge။
- Belford၊ Barbara (2000)။ Oscar Wilde: A Certain Genius။ New York: Random House။ ISBN 978-0-679-45734-3။
- Breen၊ Richard (2000)။ Oxford, Oddfellows & Funny Tales။ London: Penny Publishing Limited။ ISBN 978-1-901374-00-1။
- Clayworth, Anna (Summer 1997). "'The Woman's World': Oscar Wilde as Editor: 1996 Vanarsdel Prize". Victorian Periodicals Review 30 (2): 84–101.
- Coakley၊ Davis (1994)။ Oscar Wilde: The Importance of Being Irish။ Dublin: Town House။ ISBN 978-0-948524-97-4။
- Cox၊ Devon (2015)။ The Street of Wonderful Possibilities: Whistler, Wilde and Sargent in Tite Street။ London: Frances Lincoln။ ISBN 978-0-7112-3673-8။
- Ellmann၊ Richard (1988)။ Oscar Wilde။ New York: Alfred A. Knopf။ ISBN 978-0-394-55484-6။
- Foldy၊ Michael S. (1997)။ The Trials of Oscar Wilde Deviance, Morality and Late-Victorian Society။ Yale University Press။ ISBN 0-300-07112-4။
- Holland၊ Merlin; Hart-Davis၊ Rupert (2000)။ The Complete Letters of Oscar Wilde။ New York: Henry Holt and Co။ ISBN 978-0-8050-5915-1။
- Holland၊ Merlin (2004)။ The Real Trial of Oscar Wilde။ HarperCollins။ ISBN 978-0-00-715805-8။
- Hyde၊ H. Montgomery (1948)။ The Trials of Oscar Wilde။
- Kiberd၊ Declan (1996)။ Inventing Ireland: The Literature of a Modern Nation။ Cambridge, MA: Harvard University Press။ ISBN 978-0-674-46363-9။
- Kiberd၊ Declan (2000)။ Irish Classics။ Granta Books။ ISBN 9781862073869။.
- Kilfeather၊ Siobhán Marie (2005)။ Dublin, a Cultural History။ New York: Oxford University Press။ ISBN 978-0-19-518202-6။
- Mason၊ Stuart (1972) [1914]။ Bibliography of Oscar Wilde (1972 ed.)။ Rota pub; Haskell House Pub.။ ISBN 978-0-8383-1378-7။
- Morley၊ Sheridan (1976)။ Oscar Wilde။ London: Weidenfeld & Nicolson။ ISBN 978-0-297-77160-9။
- Raby၊ Peter, ed. (1997)။ The Cambridge Companion to Oscar Wilde။ London: Cambridge University Press။ ISBN 978-0-521-47987-5။
- Ransome၊ Arthur (1912)။ Oscar Wilde: A Critical Study။ New York: Mitchell Kennerly။
- Sandulescu၊ C. George, ed. (1994)။ Rediscovering Oscar Wilde။ Gerrards Cross, England: C. Smythe။ ISBN 978-0-86140-376-9။
- Spoo၊ Robert (2018)။ Modernism and the Law။ Bloomsbury Publishing။ ISBN 978-1-4742-7580-4။
- Stern, Simon (2017). "Wilde's Obscenity Effect: Influence and Immorality in the Picture of Dorian Gray". The Review of English Studies 68 (286): 756–772. doi: .
- Toughill၊ Thomas (2008)။ The Ripper Code။ The History Press။