အာသာ ကိုနန် ဒွိုင်းလ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဆာ
အာသာ ကိုနန် ဒွိုင်းလ်
KStJg, DL
Conan doyle.jpg
Doyle in 1914
မွေးဖွားအာသာ အစ်ဂ်နေးရှပ်စ် ကိုနန် ဒွိုင်းလ်
(1859-05-22)၂၂ မေ၊ ၁၈၅၉
အက်ဒင်ဘာရာ၊ စကော့တလန်
ကွယ်လွန်၇ ဇူလိုင်၊ ၁၉၃၀(1930-07-07) (အသက် ၇၁)
ခရိုးဘာရာ၊ အင်္ဂလန်
အလုပ်အကိုင်
  • စာရေးဆရာ
  • သမားတော်
နိုင်ငံလူမျိုးဗြိတိသျှ
ပညာရေးအက်ဒင်ဘာရာ တက္ကသိုလ်
စာပေအမျိုးအစား
  • မှုခင်း ဇာတ်လမ်း
  • စိတ်ကူးယဉ်
  • သိပ္ပံ ဇာတ်လမ်း
  • သမိုင်းဆိုင်ရာ ဝတ္ထု
  • ဖြစ်ရပ်မှန်
ဂရုထားမှတ်သားစရာ လုပ်ဆောင်မှုများ
အိမ်ထောင်ဖက်
  • လူဝီးဇာ ဟော့ကင်းစ် (m. 1885; died 1906)
  • ဂျီးန် လက်ခီး (m. 1907)
သားသမီး

လက်မှတ်
ဝက်ဘ်ဆိုဒ်
conandoyleestate.com

ဆာ အာသာ အစ်ဂ်နေးရှပ်စ် ကိုနန် ဒွိုင်းလ် (အင်္ဂလိပ်: Sir Arthur Ignatius Conan Doyle ; KStJg, DL ) သည် ဗြိတိသျှ စာရေးဆရာနှင့် ဆရာဝန်တစ်ဦးဖြစ်သည်။ ၁၈၈၇ တွင် ကြက်သွေးရောင် စမ်းစစ်မှု (A Study in Scarlet) ဝတ္ထုကို ထုတ်ဝေလိုက်သောအခါ ရှားလော့ခ်ဟုမ်းစ် ဇာတ်ကောင် ပေါ်ပေါက်လာခဲ့သည်။ ထိုဝတ္ထုသည် ဟုမ်းစ်နှင့် ဒေါက်တာ ဝေါ့တ်ဆန် တို့ပါဝင်သော ဝတ္ထုရှည် လေးပုဒ်နှင့် ဝတ္ထုတို (၅၆) ပုဒ်မှ ပထမဆုံး ဝတ္ထုစာအုပ်ဖြစ်သည်။ ရှားလော့ခ်ဟုမ်းစ် ဇာတ်လမ်းများကို ယေဘုယျအားဖြင့် မှုခင်းဝတ္ထုနယ်ပယ်တွင် သမိုင်းမှတ်တိုင်အဖြစ် ယူဆသတ်မှတ်ကြသည်။

ဒွိုင်းလ်သည် အလွန်စာရေးနိုင်သောသူတစ်ဦးဖြစ်ကာ ရှားလော့ခ်ဟုမ်းစ် ဝတ္ထုများအပြင် ၎င်း၏လက်ရာများ၌ ပါမောက္ခ တစ်ဦး (Professor Challenger) အကြောင်းပါဝင်သော စိတ်ကူးယဉ်နှင့် သိပ္ပံဇာတ်လမ်းများ၊ နပိုလီယံတပ်မှ ဗိုလ်မှူးချုပ် ဂျရတ် (Brigadier Gerard) ပါဝင်သော ဟာသဇာတ်လမ်းများအပြင် ပြဇာတ်၊ အချစ်ဝတ္ထုများ၊ ကဗျာ၊ ဖြစ်ရပ်မှန်နှင့် သမိုင်းဝတ္ထုရှည်များလည်း ပါဝင်သည်။ ဒွိုင်းလ်၏ အစောပိုင်း ဝတ္ထုတိုများထဲကတစ်ခုဖြစ်သော 'ဂျေ ဟာဘာကွခ် ဂျက်ဖ်ဆန်၏ အဆိုပြုချက်' (J. Habakuk Jephson's Statement - ၁၈၈၄) သည် အမေရိကန်ရွက် ကုန်သွယ်သင်္ဘော မယ်ရီ စလက်စ်တ် (Mary Celeste) ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ရေပန်းစားစေရန် အကျိုးပြုစေနိုင်ခဲ့သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဟားဘာ့တ် ရို့စ် ဘာရောက် ရေးဆွဲသော ပုံတူပန်းချီ (၁၈၉၃)

ဒွိုင်းလ် ကို ၁၈၅၉ မေ ၂၂ ၊ စကော့တလန် အက်ဒင်ဘာရာမြို့ရှိ အမှတ် (၁၁) ပစ်ကာဒီနေရပ်၌ ဖွားမြင်ခဲ့သည်။[၁][၂] ဖခင်သည် ချားလ်စ် အယ်လ်တာမော့န် ဒွိုင်းလ် ဖြစ်၍ အိုင်းရစ် ကတ်သလစ် အဆက်အနွယ်ဖြစ်ပြီး မိခင် မယ်ရီ (မွေးနာမည် - ဖိုးလီ) သည်လည်း အိုင်းရစ် ကတ်သလစ် လူမျိုး/ဘာသာဝင်ပင်ဖြစ်သည်။ ချားလ်စ်နှင့် မယ်ရီတို့သည်၁၈၅၅ တွင် လက်ထပ်ခဲ့ကြသည်။[၃] ဖခင်ဖြစ်သူ အရက်စွဲ၍ နှစ်ကာလရှည် စိတ်ဝေဒနာများဖြင့် ၁၈၉၃ တွင် ဒမ်ဖရီးစ်မြို့၌ ကွယ်လွန်သည်။[၄][၅] ငယ်စဉ်ဘဝမှ စတင်ကာ ဘဝတစ်လျှောက်လုံး ဒွိုင်းလ်သည် မိခင်ဆီသို့ ပေးစာများ ရေးသားခဲ့ရာ များစွာသောစာများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။[၆]

ကြွယ်ဝချမ်းကသော ဦးလေးများ၏ ထောက်ပံ့မှုဖြင့် ဒွိုင်းလ်သည် အက် (၉) နှစ်တွင် လန်ကရှီးယားနယ်ရှိ (Lancashire) ဂျက်ဇ်ရှူးဝစ် (Jesuit - ယေရှုအသင်းတော်ကျောင်း) စတောနီဟာ့စ်တ် မူလတန်းကျောင်းသို့ တက်ရောက်ခဲ့သည်။ ထို့နောက် စတောနီဟာ့စ်တ် ကောလိပ်သို့ ထပ်မံတက်ရောက်ခဲ့သည်။ ၁၈၅၇ တွင် ကောလိပ်တက်ရသည်ကို မပျော်မရွှင်ဖြစ်လာသည်။ ၎င်းက ကျောင်းနှင့်ပတ်သက်၍ နှစ်သက်စရာကောင်းသော မှတ်မိခြင်းမျိုးမရှိဟုဆိုပြီး အကြောင်းမှာ ထိုကျောင်းသည် အလယ်ခေတ် စည်းမျဉ်းများဖြင့် အုပ်ချုပ်သင်ကြားသောကျောင်းမျိုးဟုဆိုသည်။ ခြုံငုံသင်ကြားပေးသော ဘာသာရပ်များမှာလည်း သဘောလောက်ဖြစ်သော၊ မည်ကာမတ္တဖြစ်သော 'အရေး/အပြော အတတ်ပညာဘာသာ' (rhetoric) ၊ ယူကလစ် ဂျီဩမေထြီ၊ ဂဏန်းသင်္ချာ နှင့် ဂန္ထဝင်စာပေ တို့သာ ဖြစ်သည်ဟု ဆိုသည်။[၇] ဒွိုင်းလ်က နောက်ပိုင်း၌ ယင်းစနစ်ကို ဤသို့ သုံးသပ်ပြောဆိုခဲ့သည်။ "ဒီလိုပညာရေးစနစ်ကို ခွင့်ပြုပေးနိုင်တဲ့ အခြေအနေတစ်ခုပဲရှိတယ်။ စိတ်မူမမှန်တဲ့ ငတုံး ငအ တစ်ယောက်ကို စိတ်မူမှန်ဖို့၊ တိုးတက်စေဖို့ လေ့ကျင့်ပေးဖို့ရာ ခပ်တုံးတုံး လေ့ကျင့်ခန်းမျိုးတွေ ပေးဖို့ အကြောင်းပြချက်တစ်ခု အပေါ်မှာပဲ ပြဋ္ဌာန်းသင့်၊ သင်သင့်တဲ့ စနစ်မျိုးပါ။[၇] ထို့နောက် ကျောင်းသည် ကြမ်းတမ်းရက်စက်သည်ဟုလည်းမြင်သည်။ နွေးထွေးမှု၊ အကြင်နာတရားများ ရှိရမည့်အစား ကျောင်းသည် ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမခြင်း၊ အစဉ်လာလိုဖြစ်နေသော အရှက်ခွဲခြင်းများကို ပို၍ သဘောကျသည်ဟု ဤသို့ဖြင့် မှတ်ချက်ပေးခဲ့သည်။[၈]

၁၈၅၇ မှ ၁၈၇၆ အထိ ဩစတြီးယားနိုင်ငံ ဖက်လ်ကာ့မြို့၌ရှိသော စတဲလာ မတူတီနာ ဂျက်ဇ်ရှူးဝစ် ကျောင်းတွင် ပညာ ဆည်းပူးခဲ့သည်။[၉] ၎င်း၏ ဂျာမန်စာနှင့် ပညာရေးနယ်ပယ် ပို၍ဝင်ဆန့်ကောင်းမွန်စေရန် ဩစတြီးယားတွင် တစ်နှစ်တာ ပညာသင်စေရန် စီစဉ်ခဲ့ကြသည်။[၁၀] ယင်းနောက်ပိုင်း ကတ်သလစ် အယူကို စွန့်လွှတ်ခဲ့ပြီး ဘာသာရေး အယုံအကြည်မရှိသူဖြစ်လာခဲ့သည်။[၁၁] ရင်းမြစ်တစ်ခုက ဘာသာရေးမှ ၎င်း၏ သွေဖယ်လာခြင်းသည် စည်းကမ်းတင်းကျပ်မှုနည်းသော ဩစတြီးယားကကျောင်း၌ ပညာသင်သည့်အတွက်ကြောင့်ဟု ဆိုသည်။[၈] နောက်ပိုင်းတွင် ဝိဉာဉ်ဝါဒ ယုံကြည်လက်ခံသူ/ရှာဖွေသူ တစ်ဦးဖြစ်လာခဲ့သည်။[၁၂]

ဆေးဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

၁၈၇၆ မှ ၁၈၈၁ အထိ ဒွိုင်းလ်သည် အက်ဒင်ဘာရာ ဆေးတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့စဉ် ရှရော့ပ်ရှီးယား၊ ရှက်လ်ဖီးလ်ဒ်နှင့် ရူတန် မြို့ရှိ အဲစတန်နယ်မြေတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ (ယင်းနယ်မြေသည် ယခင် 'ဝေါဝစ်ခ်ရှီးယား' တွင်ပါဝင်၍ ယခု ဘာမင်ဟန် (ဘာမင်ငန်) တွင်ပါဝင်သည်။)[၁၃] ယင်းကာလများအတွင်း အက်ဒင်ဘာရာရှိ တော်ဝင်ရုက္ခဗေဒဥယျာဉ်တွင် လက်တွေ့ရုက္ခဗေဒဘာသာရပ်ကိုလည်း လေ့လာခဲ့သည်။[၁၄] စာပေသင်ကြားစဉ် ဝတ္ထုတိုများ စတင်ရေးသားခဲ့သည်။ အစောဆုံးကျယ်ကျယ်ပြန့်ပြန့်ဇာတ်လမ်းအဖြစ် 'ဂိုရက်စ်သော့ပ် သရဲခြောက်သော ယာခင်းစံအိမ်' (The Haunted Grange of Goresthorpe) ကို ဘလက်ဝုဒ် မဂ္ဂဇင်းသို့ ပို့ရာ မအောင်မြင်ခဲ့ပေ။[၉] တောင်အာဖရိကကို အခြေတည်သည့် 'ဆာဆယ်ဆ တောင်ကြား၏ လျှို့ဝှက်ဆန်းကျယ်မှု' သည် ၎င်း၏ ပထမဆုံးထုတ်ဝေခံရသော ဇာတ်လမ်းဖြစ်၍ ချိန်ဘာ အက်ဒင်ဘာရာ ဂျာနယ် တွင် ၁၈၇၉ စက်တင်ဘာ ၆ ရက်တွင် ပါဝင်ခဲ့သည်။[၉][၁၅] ၁၈၇၉ စက်တင်ဘာ ၂၀ ၌ ၎င်း၏ ပညာရပ်ဆိုင်ရာ ဆောင်းပါး 'အဆိပ်အတောက် ဂျဲ့လ်ဆီးမီယံ' (Gelsemium as a Poison) သည် ဗြိတိသျှ ကျန်းမာရေး ဂျာနယ်တွင် ပထမဆုံး ဖော်ပြခံရသည့် ဆောင်းပါးဖြစ်သည်။[၉][၁၆][၁၇] ယင်းအကြောင်းအရာကို ဒေးလီ တယ်လီဂရပ်ဖ်သတင်းစာက '၂၁ ရာစု လူသတ်မှု စူးစမ်းလေ့လာမှု' နယ်ပယ်တစ်ခုတွင် အသုံးဝင်နိုင်သည့် အလားအလာရှိသည်ဟု ယူဆသတ်မှတ်ခဲ့သည်။[၁၈]

ကမ်းနား မဂ္ဂဇင်း၌ ဖော်ပြပါရှိသော 'အဆိပ်ခါးပတ်' ဝတ္ထုလတ်တွင် ဟယ်ရီ ရောင်းထရီး ရေးဆွဲသော ပါမောက္ခ ချဲလင်ဂျာ

ဒွိုင်းလ်သည် ၁၈၈၀ ၌ ဂရီးန်လန်းသွား ဝေလငါးဖမ်းသင်္ဘော 'ပီတာဟက်ဒ် မျှော်လင့်ချက်' ၏ ဆရာဝန်တစ်ဦးဖြစ်ခဲ့သည်။[၁၉] ၁၈၈၁ တွင် ဆေးပညာဘွဲ့၊ မဟာဘွဲ့များ (M.B. C.M.) ကို အက်ဒင်ဘာရာတက္ကသိုလ်မှ ရရှိခဲ့ပြီး အနောက်အာဖရိကသို့ ပင်လယ်ခရီးစဉ်ထွက် SS Mayumba သင်္ဘောတွင် ခွဲစိတ်ဆရာဝန်ဖြစ်လာခဲ့သည်။[၉] ယူကေ၌ အဆင့်မြင့်ဆေးပညာဘွဲ့တစ်ခုဖြစ်သော ဆေးဆရာဝန်ဘွဲ့ (Doctor of Medicine - M.D. ) ကို ၁၈၈၅ တွင် tabes dorsalis ဆိုင်ရာစာတမ်းတင်သွင်းခြင်းဖြင့် ရယူနိုင်ခဲ့သည်။[၂၀]

၁၈၈၂ အလွန်ခန့်တွင် ကိုယ်ပိုင်ဆေးခန်းဖွင့်သည်။[၉][၂၁] မအောင်မြင်၍ စာပြန်ရေးသားခဲ့သည်။ ဒွိုင်းလ်သည် မရှိမဖြစ်သော ကာကွယ်ဆေးများနှင့်ပတ်သက်၍ ခိုင်မာမြဲမြံသော ထောက်ခံသူဖြစ်ကာ ကာကွယ်ဆေးဆန့်ကျင်သူများ၏ လုပ်ဆောင်ချက်များနှင့် အမြင်များ မှားယွင်းကြောင်း ရည်ရွယ်ပြီး ဆောင်းပါးအချို့ရေးသားခဲ့သည်။[၂၂][၂၃]

၁၈၉၁ အစောပိုင်းတွင် ဒွိုင်းလ်သည် ဗီယဲ့နာမြို့၌ မျက်စိပညာဘာသာရပ်ကို စတင်လေ့လာခဲ့သည်။ ယခင်ကလည်း မျက်စိနှင့်ပတ်သက်၍ လေ့လာခဲ့ဖူးသည်။ ဗီယဲ့နာ၌သင်စဉ် ဆေးပညာဆိုင်ရာ ဂျာမန်ဝေါဟာရများကို နားမလည်နိုင်ဖြစ်၍ မကြာမီ သင်ကြားလေ့လာခြင်းကို စွန့်လွှတ်ခဲ့သည်။

ဗန်းနစ်မြို့၊ မီလန်မြို့များကို သွားရောက်လည်ပတ်ခဲ့ပြီး မျက်စိရောဂါဆရာဝန် Edmund Landolt ကို လေ့လာစူးစမ်းရန် ပြင်သစ် ပဲရစ်သို့သွားရောက်ခဲ့သည်။ ယင်းနောက် လန်ဒန်သို့ပြန်ခဲ့ပြီး အတိုင်ပင်ခံ ရုံးခန်းအသေးတစ်ခုဖွင့်လှစ်ခဲ့သည်။ လူနာမရှိပေ။ ၎င်း၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိအရ မျက်စိဆရာဝန်အဖြစ် လုပ်ကိုင်မှုများမှာ မအောင်မြင်မှုတစ်ခုအဖြစ် ဖော်ပြခဲ့သည်။[၂၄][၂၅][၂၆]

စာပေလုပ်ငန်း[ပြင်ဆင်ရန်]

ရှားလော့ခ်ဟုမ်းစ်[ပြင်ဆင်ရန်]

ဆစ်ဒ်နီ ပဲဂျစ်၏ လက်ရာ (၁၉၀၄)

ဒွိုင်းလ်သည် ၎င်း၏လက်ရာအတွက် ထုတ်ဝေသူကို ရှာဖွေခဲ့သည်။ ရှားလော့ခ်ဟုမ်းစ်နှင့် ဒေါက်တာ ဝေါ့တ်ဆန်ပါဝင်သော ပထမဆုံးလက်ရာ ကြက်သွေးရောင် စမ်းစစ်မှု (A Study in Scarlet) ကို အသက် (၂၇) နှစ်တွင် သုံးပတ်အတွင်း ရေးသားခဲ့ကာ Ward Lock & Co စာအုပ်တိုက်မှ ၁၈၈၆ နိုဝင်ဘာ ၂၀ တွင် လက်ခံခဲ့သည်။ ဇာတ်လမ်းနှင့်ပတ်သက်သမျှ မူပိုင်ခွင့်အားလုံးအတွက် (၂၅)ပေါင် ရခဲ့သည်။ တစ်နှစ်ခန့်ကြာသော် ဘီးတန်ခရစ်စမတ် နှစ်စဉ်မဂ္ဂဇင်း တွင်ပါဝင်လာပြီး ဂလက်ဇ်ဂိုး သံတော်ဆင့် နှင့် စကော့သား သတင်းစာ တို့တွင် သုံးသပ်ချက်ကောင်းစွာရရှိခဲ့သည်။[၉]

ဟုမ်းစ် ဇာတ်ကောင်ကို ၎င်း၏ တက္ကသိုလ်ဆရာဟောင်းတစ်ဦးဖြစ်သော ဂျိုးဇက် ဘဲလ် ကို တစ်ပိုင်းတစ်စ နမူနာထားခြင်းဖြစ်သည်။ ၁၈၉၂ တွင် ဘဲလ်ဆီသို့ရေးသော စာတစ်စောင်၌ ဤသို့ရေးထားသည်။ "ဟုမ်းစ် ဇာတ်ကောင်နဲ့ပတ်သက်ပြီး ကျွန်တော် လုံးဝဥသုံ အရင်းခံမှီးထားတာက ဆရာပါပဲခင်ဗျာ။ ဆိုလိုတာကတော့ ကြားဖူးခဲ့တဲ့ ဆရာ့ရဲ့ ဆုံးမသွန်သင်မှုတွေ . . . လေ့လာစူးစမ်းမှု၊ ကောက်ချက်ဆွဲမှု၊ ကြောင်းကျိုးသင့် ဆင်ခြင်မှုတွေရဲ့ အဓိကကြောင်းရာတွေကနေ လူတစ်ဦးဆိုတာကို တည်ဆောက်ဖို့ ကြိုးပမ်းလိုက်တယ်ဗျာ။"[၂၇] ထို့နောက် ၁၉၄၂ တွင်ရေးသော ကိုယ်ရေးရာဇဝင်တွင် ဤသို့မှတ် ချက်ပြုထားသည်။ "[အမည်အားဖြင့် ဘဲလ်] လို့ခေါ်တဲ့ ဇာတ်ကောင်တစ်ခု (လူတစ်ယောက်)ကို လေ့လာပြီးတဲ့နောက် ကျွန်တော့်ဘဝရဲ့နောက်ပိုင်းကာလမှာ သူ့နည်းလမ်းတွေကို သုံးပြီး၊ ချဲ့ထွင်ပြီး သိပ္ပံစုံထောက်တစ်ယောက် ဖန်တီးဖို့ ကြိုးပမ်းခဲ့ပါတယ်ဆိုရင် အံ့ဩစရာမရှိပါဘူး။ အဲဒီသူက အမှုအခင်းတွေကို ကိုယ်ပိုင်အရည်အချင်းနဲ့ဖြေရှင်းမယ်၊ ရာဇဝတ်သားတွေလို မိုက်ရူးရဲဆန်ဆန်ပုံစံမျိုးနဲ့လည်းမဟုတ်တဲ့ လူတစ်ဦးပေါ့။"[၂၈] ရောဘတ် လူဝီ စတီးဗန်ဆန်က အဝေးရပ်ဆီက ဆာမိုဝါကျွန်း သို့ရောက်ရှိနေသည်တောင်မှ ရှားလော့ခ်ဟုမ်းစ်နှင့် ဂျိုးဇက် ဘဲလ် တို့ကြားက အလွန်တူညီနေမှုများကို အသိအမှတ်ပြုခဲ့သည်။ "ရှားလော့ခ်ဟုမ်းစ် စွန့်စားခန်းများက အတော့်ကို စိတ်ဝင်စားစရာကောင်းသလို မင်းရဲ့ တီထွင်ဉာဏ်အပေါ်မှာလည်း ကျွန်ုပ်ချီးမွန်းပါတယ်။. . . ဒါနဲ့ ဒီဇာတ်ကောင်ကြီးက ကျုပ်သူငယ်ချင်း 'ဂျိုး ဘဲလ်' ဖြစ်နေနိုင်သလားဟ။"[၂၉] အခြားစာရေးဆရာများက ရံခါတွင် ညွှန်းဆိုပြောကြားသည်မှာ ဥပမာအားဖြင့် အက်ဒ်ဂါ အလန်ပိုး၏ ဇာတ်ကောင် 'စီ ဩဂတ်စတေး ဒပ်ပင်' သည် နောက်ထပ် လွှမ်းမိုးနိုင်သောသူ ဖြစ်သည်ဟု ဆိုကြသည်။[၃၀] ဒေါက်တာ (ဂျွန်) ဝေါ့တ်ဆန်ဟုခေါ်သော နောက်ကအမည်သည် (မီသားစုမျိုးရိုးအမည် - surname) သည် ဒွိုင်းလ်၏ ဆေးပညာရပ်ဆိုင်ရာ ပေါ့စ်မာ့သ်သား (Portsmouth) မိတ်ဆွေလုပ်ဖော်ကိုင်ဖက် ဒေါက်တာ ဂျိမ်းစ် ဝေါ့တ်ဆန် ၏ အမည်ဖြစ်ပေသည်။[၃၁]

အက်ဒင်ဘာရာမြို့၌ ရှိသော ရှားလော့ခ်ဟုမ်းစ် ရုပ်တု၊ ဒွိုင်းလ်၏ မွေးရပ်နေရာနှင့်မျက်နှာချင်းဆိုင်တွင် တည်ရှိခဲ့သည်။ ၁၉၇၀ ဝန်းကျင်ခန့်က ရုပ်တုကို ဖြိုလှဲခဲ့ကြသည်။

ကြက်သွေးရောင် စမ်းစစ်မှု ဝတ္ထုပြီးနောက် အဆက်အဖြစ် "လေးဂဏန်း အမှတ်လက္ခဏာ" (The Sign of Four) [မှတ်စု ၁] ဇာတ်လမ်းသည် ဝါ့ဒ်လော့ခ်ကုမ္ပဏီ၏ သဘောတူမှုဖြင့် လစ်ပင်ကော့ လစဉ်မဂ္ဂဇင်း၌ ၁၈၉၀ ဖေဖော်ဝါရီတွင် ပါဝင်လာခဲ့သည်။ စာပေထုတ်ဝေရေးလောကသို့ အသစ်ရောက်ရှိလာသော စာရေးဆရာတစ်ဦးကို ဝါ့ဒ်လော့ခ်မှ ဆိုးဆိုးရွားရွား အမြတ်ထုတ်သည်ဟု ဒွိုင်းလ်က ထင်မြင်သည်။ သို့ဖြစ်သောကြောင့် ယင်းကုမ္ပဏီကို စွန့်ခွာခဲ့သည်။[၉] ရှားလော့ခ်ဟုမ်းစ်ပါဝင်သော ဝတ္ထုတိုများကို ကမ်းနားလမ်း မဂ္ဂဇင်း (Strand Magazine) တွင် ရိုက်နှိပ်တင်ဆက်ခဲ့သည်။ ဒွိုင်းလ်သည် ပထမဆုံး ဟုမ်းစ် ဝတ္ထုတိုငါးပုဒ်ကို ယခင်က 'ဒက်ဗန်ရှီးယား ' ဟုတွင်သော အမှတ် (၂) ဝင်ပိုးလမ်းရှိ ၎င်း၏ ရုံးခန်းတွင် ရေးသားခဲ့သည်။ ထိုရုံးခန်းမျက်နှာစာနေရာတွင် ယခုအခါ အထိမ်းအမှတ်အဖြစ် အစိမ်းရောင်တံဆိပ်ပြားဖြင့် စာရေးဆရာနာမည်ကို ဂုဏ်ပြုရေးသားထားသည်။[၃၂]

ဒွိုင်းလ်သည် ၎င်း၏ အကျော်ကြားဆုံး တီထွင်မှုအပေါ် သဘောထားမှာ နှစ်ခွဖြစ်ခဲ့သည်။[၃၁] ၁၉၈၁ နိုဝင်ဘာ ၌ မိခင်ဆီသို့ရေးသော စာတစ်စောင်တွင် "ကျွန်တော် ဟုမ်းစ်ကို သတ်ပစ်ဖို့ စဉ်းစားတယ်. . . ထာဝရ အဆုံးသတ်ပစ်လိုက်တော့မယ်ဗျာ။ သူက ကျွန်တော့်စိတ်ကို ဒီထက်ပိုကောင်းတာတွေ မလုပ်နိုင်အောင်ကို စွဲထားလွန်းတယ်။" မိခင်က ပြန်ပြောရာ "မင်း. . မလုပ်ရဘူး၊ မလုပ်နိုင်ဘူး၊ လုံးဝ လုပ်ကိုမလုပ်ရဘူး။" ဟူ၍ဖြစ်သည်။[၃၃] နောက်ထပ် ဟုမ်းစ် ဇာတ်လမ်းများအား ထုတ်ဝေသူများက တောင်းဆိုကြရာ ထိုတောင်ဆိုချက်များကို ရှောင်ရှားရန်အလို့ငှာ ထိုသူများစိတ်ပျင်သွားစေရန် ကြေးမြင့်လိုက်သည်။ သို့ရာတွင် တောင်းသမျှ ငွေအလုံးအရင်းကိုပင် ထုတ်ဝေသူများက ပေးရန်ဆန္ဒရှိကြောင်း တွေ့ရသည်။[၃၁] အကျိုးဆက်အားဖြင့် ထိုခေတ်ထိုကာလအတွင်း ကြေးအမြင့်ဆုံးပေးရသော စာရေးဆရယများထဲက တစ်ဦးဖြစ်လာခဲ့သည်။

မေးရင်ဂျန်ရှိ အင်္ဂလိပ်ဘုရားကျောင်းနှင့် ရှားလော့ခ်ဟုမ်းစ် ရုပ်တု

၁၈၉၃ ဒီဇင်ဘာတွင် ဒွိုင်းလ်သည် ၎င်း၏အများစုသော အချိန်များကို သမိုင်းဆိုင်ရာ ဝတ္ထုများအတွက် အသုံးချရန် ဟုမ်းစ်နှင့် ပါမောက္ခ မော်ရီယာ့တီ တို့နှစ်ဦးကို နောက်ဆုံး ပြဿနာ ဇာတ်လမ်းတွင် 'ရိုက်ဆင်ဘာ့ဂ်ရေတံခွန်'ထဲသို့ ကျသွားစေရင်းဖြင့် ဇာတ်ကို သတ်ခဲ့သည်။ ပြည်သူလူထု အုတ်အော်သောင်းနင်းဖြစ်သွားသောကြောင့် ၁၉၀၁ ၌ "ဘက်စ်ကာဗစ်လ်မိသားစု၏ အမဲလိုက်ခွေးကြီးများ" ဝတ္ထုရှည်တွင် ဟုမ်းစ်ကို ပြန်လည်ဖော်ထုတ်ရေးသားခဲ့ရသည်။

၁၉၀၃ တွင် ဆယ်နှစ်အတွင်း ၎င်း၏ ပထမဆုံး ဟုမ်းစ် ဝတ္ထုတိုများစာအုပ်ကို ထုတ်ဝေခဲ့ကာ 'လူသူမဲ့စံအိမ် စွန့်စားခန်း' (The Adventure of the Empty House) အမည်ဖြင့် ဖြစ်လေသည်။ ယင်းဇာတ်လမ်း၌ ရှင်းပြထားသည်မှာ မော်ရီယာ့တီ တစ်ဦးတည်းသာ ရေတံခွန်မှ ကျသွားပြီး ဟုမ်းစ်မှာ အထူးသဖြင့် ကာနယ် ဆီဘက်စ်ရှန် မော်ရန် ကဲ့သို့သော အန္တရာယ်ကြီးသည့် ရန်သူများ ရှိနေခြင်းကြောင့် သေချင်ယောင်ဆောင်ရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။ ဟုမ်းစ်သည် စုစုပေါင်း ဒွိုင်းရေးသားခဲ့သော ဝတ္ထုရှည် လေးပုဒ် နှင့် ဝတ္ထုတို (၅၆) ပုဒ် တွင်ပါဝင်ခဲ့သည်။ အခြားသော စာရေးဆရာများ အမည်ယူရေးသော အခြားသော ဝတ္ထုတို/ရှည်များတွင်လည်း ပါဝင်ခဲ့သည်။

အခြားလက်ရာများ[ပြင်ဆင်ရန်]

တောင်ပိုင်း နော်ဝုဒ်ရှိ ဒွိုင်းလ်၏ နေအိမ်

ဒွိုင်းလ်၏ ပထမဆုံး ဝတ္ထုရှည်များမှာ : ခလူးမ်ဘာ(ခန်းမ​ဆောင်) လျှို့ဝှက်ဆန်းကျယ်မှု (The Mystery of Cloomber) သည် ၁၈၈၈ အထိ ထုတ်ဝေနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ အပြီမသတ်ခဲ့သော 'ဂျွန်စမစ်ပြောသော ဇာတ်လမ်းများ' ကို ဒွိုင်းလ် သေဆုံးပြီး ၂၀၁၁ ရောက်မှသာလျှင် ထုတ်ဝေခဲ့သည်။[၃၄]

ဝတ္ထုတိုပေါင်း မြောက်များစွာကိုလည်း ရေးသားခဲ့သည်။ ၁၈၈၈ နှင့် ၁၉၀၆ အတွင်း ဒွိုင်းလ်သည် သမိုင်းအခြေခံ ဝတ္ထုရှည် (၇) ပုဒ်ကို ရေးသားခဲ့ရာ ဝေဖန်သုံးသပ်သူများက ဒွိုင်းလ်၏ အကောင်းဆုံး လက်ရာအဖြစ် သတ်မှတ်ခဲ့ကြသည်။[၃၁] အခြားသော ဝတ္ထုရှည် ကိုးပုဒ်ကို ရေးသားခဲ့သည်။ ငါးပုဒ်မှာ သည် စိတ်တိုလွယ်သော ပါမောက္ခ ချဲလင်ဂျာ အကြောင်းဖြစ်ကာ ယင်မှ နှစ်ပုဒ်သည် ဝတ္ထုရှည်မျိုးဖြစ်၏ ။ ဟုမ်းစ်နှင့်ပတ်သက်သော လက်ရာများပြီးနောက် ဤပါမောက္ခ ဇာတ်လမ်းသည် ဒွိုင်းလ်၏ အကောင်းဆုံးစာပေလက်ရာများထဲတွင် ပါဝင်နိုင်ပေသည်။ ဥပမာပြရလျှင် 'ပျောက်ဆုံးနေသော ကမ္ဘာ' (The Lost World) ဖြစ်၏ ။ သမိုင်းအခြေခံ ဝတ္ထုရှည်များ၌ အဖြူရောင် အဖွဲ့ (The White Company) နှင့် ယင်း၏ ရှေ့ဇာတ်လမ်းဖြစ်သော ဆာ နိုက်ဂျယ်လ် (Sir Nigel) တို့သည် အလယ်ခေတ်ကို အခြေခံရေးဖွဲ့ထားခြင်းဖြစ်သည်။ ဒွိုင်းလ်၏ ဝတ္ထုတိုများစွာရှိရာ ဝတ္ထုတိုပေါင်းချုပ်နှစ်ခုမှာ နပိုလီယံခေတ်ကို အခြေပြုဖွဲ့ဆိုခဲ့ပြီး ပြင်သစ်ဇာတ်ကောင် ဗိုလ်မှူးချုပ် ဂျရတ်ဒ် (ဂျရားဒ်) ပါဝင်သည်။

ဒွိုင်းလ်၏ လက်ရာများ၌ ပြဇာတ်များလည်းပါဝင်ပြီး ဥပမာ "ဝေါတာလူး" (ဝါဒါလူး) ပြဇာတ်သည် နပိုလီယံခေတ် စစ်ပြန်တစ်ဦး 'ဂရက်ဂရီ ဘရူးစတား' ဇာတ်ကောင်ပါဝင်ပြီး ပြဇာတ်မင်းသား 'ဟန်နရီ အားဗင်း အတွက်ရေးသားခဲ့ခြင်းဖြစ်သည်။ တမ်ပါလီ စံအိမ် (The House of Temperley) သည် ၎င်း၏ လက်ဝှေ့ကစားနည်းအပေါ် စွဲမြဲမှုကို ရောင်ပြန်စပ်သည့် ဇာတ်လမ်းဖြစ်သည်။ The Speckled Band ပြဇာတ်သည် ၎င်း၏ ယခင်ဝတ္ထုတိုတစ်ခုကို အခြေပြုရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ၁၈၉၃ တွင်လည်း ဂျေ အမ် ဘဲရီနှင့် ပူးပေါင်း၍ 'ဂျိန်းအန်းနီ' အော်ပရာ ပြဇာတ် စားပေပြာခန်းများကို ရေးသားခဲ့သည်။[၃၅]

အားကစားသမား[ပြင်ဆင်ရန်]

တောင်ပင်လယ်ဟုအမည်တွင်သော ပင်လယ်ဘေးနားမြို့ ပေါ့တ်စ်မာ့သ် (ပို့စမောက်) တွင် နေထိုင်စဉ် ပေါ့တ်စ်မာ့သ် ကလပ်အတွက် ဂိုးသမားအဖြစ် အပျော်တမ်းသဘောကစားခဲ့သေးသည်။ အေ စီ စမစ်သ် အမည်ယူ၍ ကစားခဲ့သည်။[၃၆]

တက်ကြွထက်သန်သော ခရစ်ကတ် (/ခရစ်ကစ်တ်/) ကစားသူတစ်ဦးဖြစ်သော ဒွိုင်းလ်သည် ၁၈၉၉ မှ ၁၉၀၇ အတွင် မယ်ရစ်လဘန် (မယ်ရစ်လဘိုးန်; Marylebone - အသံများထွက်များစွာရှိသည်) ခရစ်ကတ်ကလပ်အတွက် ပထမတန်းအဆင့်ကစားပွဲ (၁၀) ပွဲ ကစားခဲ့သည်။[၃၇] အလဟာဘဲရီစ် (Allahakbarries) နှင့် စာရေးဆရာ ၁၁ (Authors XI) စသော အပျော်တမ်း ခရစ်ကတ်ကလပ်များတွင်လည်း ကစားခဲ့ကာ ယင်းကလပ်များ၌ ဂျေ အမ် ဘဲရီစ်၊ ပီ ဂျီ ဝတ်ဒ်ဟောက်စ်၊ အေ အေ မစ်လ်န် စသည့် စာရေးဆရာများနှင့်အတူ ကစားခဲ့သည်။[၃၈][၃၉]

လက်ဝှေ့ အပျော်တမ်းကစားသူလည်းဖြစ်သည်။[၄၀] ၁၉၀၉ တွင် ဂျိမ်းစ် ဂျက်ဖ်ရီးစ် နှင့် ဂျက် ဂျွန်ဆန် တို့ထိုးသတ်သော ဟဲဗီးဝိတ် ချန်ပီယံပွဲစဉ်ကို ဒိုင်အဖြစ်ဆောင်ရွက်ရန် ကမ်းလမ်းခံခဲ့ရသည်။ ဒွိုင်းလ်က ဤသို့ ပြန်လည်ရေးသားခဲ့၏ ။ "ကျွန်ုပ်ရဲ့ နားတစ်ဖက်မှာ ခြောက်လုံးပြူးအချိန်ခံရပြီး ကျန်တဲ့နားတစ်ဖက်မှာ သင်တုံးဓား အတေ့ခံရတယ်လို့ ကျွန်ုပ်မိတ်ဆွေများက ပုံဖော်မြင်ယောင်ကြပေမယ့် ဒိုင်လုပ်ဖို့ အတော်ကို လက်ခံချင်မိပါတယ်။ သို့ပေမယ့်လည်း လာရမဲ့ ခရီးအကွာအဝေးနဲ့ ကျွန်ုပ်ရဲ့ အခြားကိစ္စများကတော့ နောက်ဆုံး အဆုံးအဖြတ် အတားအဆီး ဖြစ်လို့နေပါတယ်။"[၄၀]

ထက်သန်သော ဂေါက်ရိုက်သမားတစ်ဦးဖြစ်သောကြောင့် ဒွိုင်းလ်ကို ၁၉၁၀ တွင် ဆဆစ်ခ်စ် (ဆဆက်ခ်စ်) နယ်မြေရှိ ခရိုးဘာရာ ဘီးကန် ဂေါက်ကလပ်၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြသည်။ ဒုတိယဇနီးသည် ဂျီးန် လက်ခီးနှင့် ခရီုးဘာရာရှိ အိမ်လေးသို့ ပြောင်းရွှေ့အခြေချခဲ့၍ ၁၉၀၇ မှ ၎င်းသေဆုံးသောနှစ် ၁၉၃၀ ဇူလိုင်အထိ နေထိုင်သွားခဲ့သည်။[၄၁]

အင်္ဂလိပ် အပျော်တမ်း ဘိလိယက် ချန်ပီယံပြိုင်ပွဲတွင်လည်း ၁၉၁၃ တွင် ပါဝင်ကစားခဲ့သည်။[၄၂]

မိသားစု[ပြင်ဆင်ရန်]

ပန်းချီဆရာ ဂျော့ဂျ်ဝိုင်လီ ဟချင်ဆန်၏ အာသာ ကိုနန် ဒွိုင်းလ်ပုံတူ (၁၈၉၄)

၁၈၈၅ တွင် ဒွိုင်းလ်သည် လူဝီဆာ ဟောကင်းစ် နှင့် အိမ်ထောင်ပြုခဲ့သည်။ လူဝီဆာသည် တီဘီရောဂါ ခံစားနေခဲ့ရကာ[၄၃] ၁၉၀၇ တွင် ကွယ်လွန်သည်။ ထိုနှစ်တွင်ပင် နောက်အိမ်ထောင်အဖြစ် ဂျီးန် အဲလိဇဘက်သ် လက်ခီးနှင့် လက်ထပ်ခဲ့သည်။ ဂျီးန်သည် ဒွိုင်းလ်သေဆုံးပြီးနောက် ဆယ်နှစ်တာ ရှင်စန်ကျန်ရစ်ကာ လန်ဒန်တွင် ကွယ်လွန်ခဲ့သည်။[၄၄]

ဒွိုင်းလ်၌ သားသမီး ငါးဦးရှိရာ နှစ်ဦးမှာ ပထမ ဇနီးနှင့် ရရှိခဲ့၍ ကျန်သုံးဦးမှာ ဒုတိယဇနီးသည်နှင့် ထွန်းကားသူများဖြစ်သည်။ ဒွိုင်းလ်၏ သားသမီး ငါးဦးစလုံးမှာ ကလေးမထွန်းကားဘဲ သေဆုံးခဲ့ကြသောကြောင့် ဒွိုင်းတွင် တိုက်ရိုက် ဆက်ခံသည့် မျိုးဆက်မရှိပေ။[၄၅][၄၆]

ဂုဏ်ပြုမှုနှင့် ဆုတံဆိပ်များ[ပြင်ဆင်ရန်]

Knight-Bachelor.ribbon.png သူကောင်းပြုခံရခြင်း (Knight Bachelor) (၁၉၀၂)[၄၇]
Order of St John (UK) ribbon -vector.svg ဂျေရုစလမ် စိန့်ဂျွန် ဆေးရုံတော်၏ ဂုဏ်သိက္ခာအရှိဆုံး သူကောင်းဘွဲ့တစ်ခု (၁၉၀၃)
Queens South Africa Medal BAR.svg ဘုရင်မ၏ တောင်အာဖရိက ဒုတိယ ဘိုဝါစစ်ပွဲ အမှုထမ်းများအတွက် ပေသောဆု (Queen's South Africa Medal) (၁၉၀၁)
Cavaliere OCI BAR.svg

အီတလီဘုရင်ချီးမြင့်သော သူကောင်းဘွဲ့ (၁၈၉၅)

Order of the Medjidie lenta.png အော်တိုမန်အင်ပါယာ သူကောင်းဘွဲ့ - ဒုတိယအဆင့် (Order of the Medjidie) (၁၉၀၇)

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ဟမ့်ရှီးရားရှိ ဒွိုင်းလ်၏ အုတ်ဂူ
သားဖြစ်သူ အဲဒရီယန်နှင့် အတူ ၁၉၃၀ ၌ တွေ့ရစဉ်

၁၉၃၀ ဇူလိုင် ၇ တွင် နှလုံးရောဂါ (heart attack) ဖြင့် အသက် (၇၁) ၌ ကွယ်လွန်ခဲ့သည်။ သေဆုံးသောအခါ မြှုပ်နှံမည့်နေရာနှင့်ပတ်သက်၍ အငြင်းပွားမှု အချို့ရှိခဲ့သည်။ ခရစ်ယာန်တစ်ဦးမဟုတ်ဘဲ ဝိဉာဉ်ဝါဒီတစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ဒွိုင်းလ်ကို ဝင်ဒဲလ်စ်ဟမ် နှင်းဆီခြံတွင် ပထမဆုံး မြှုပ်နှံခဲ့သည်။

နောင်တွင် ဇနီးသည်နှင့်အတူ ဟမ့်ရှီးယား၊ နယူးဖောရက်စ်ရှိ မင်းစတိသင်္ချိုင်းတွင် ရွေ့ပြောင်း မြှုပ်နှံခဲ့ကြသည်။[၉]

၂၃ နှစ်ကြကြာ နေထိုင်ခဲ့သော ခရိုးဘာရာရှိ ခရိုးဘာရာခရော့စ်တွင် ရုပ်တုထားရှိပြီး ဂုဏ်ပြုခဲ့ကြသည်။[၄၈] ဒွိုင်းလ်မွေးဖွားခဲ့သော အိမ်အနီး အက်ဒင်ဘာရာမြို့ ပစ်ကာဒီနေရာတွင် ရှားလော့ခ်ဟုမ်းစ် ရုပ်တုတစ်ခုလည်းရှိသည်။[၄၉]

မှတ်စု[ပြင်ဆင်ရန်]

  1. လျှို့ဝှက်ကတိကဝတ်ရှိကြသော အကျဉ်းသားလေးယောက်မှ 'လေး' ဂဏန်းကိုယူ၍ အမည်ပေးခြင်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Scottish Writer Best Known for His Creation of the Detective Sherlock Holmes". Encyclopædia Britannica. Archived from the original on 27 May 2009. Retrieved 30 December 2009.  Unknown parameter |url-status= ignored (help)
  2. Sir Arthur Conan Doyle Biography။ sherlockholmesonline.org။ 2 February 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 January 2011 တွင် ပြန်စစ်ပြီး။
  3. The details of the births of Arthur and his siblings are unclear. Some sources say there were nine children, some say ten. It seems three died in childhood. See Owen Dudley Edwards, "Doyle, Sir Arthur Ignatius Conan (1859–1930)", Oxford Dictionary of National Biography, Oxford University Press, 2004; Encyclopædia Britannica Archived 27 May 2009 at the Wayback Machine.; Arthur Conan Doyle: A Life in Letters, Wordsworth Editions, 2007 p. viii; ISBN 978-1-84022-570-9.
  4. Lellenberg, Jon (2007). Arthur Conan Doyle: A Life in Letters. HarperPress, 8–9. ISBN 978-0-00-724759-2 
  5. Stashower, pp. 20–21.
  6. (2008) in Jon Lellenberg: Arthur Conan Doyle: A Life in Letters. HarperCollins. ISBN 978-0-00-724760-8 
  7. ၇.၀ ၇.၁ Pascal, Janet (2000). Arthur Conan Doyle: Beyond Baker Street. New York: Oxford University Press, 14. ISBN 0-19-512262-3 
  8. ၈.၀ ၈.၁ O'Brien, James (2013). The Scientific Sherlock Holmes: Cracking the Case with Science and Forensics. New York: Oxford University Press, 1. ISBN 978-0-19-979496-6 
  9. ၉.၀ ၉.၁ ၉.၂ ၉.၃ ၉.၄ ၉.၅ ၉.၆ ၉.၇ ၉.၈ Owen Dudley Edwards, "Doyle, Sir Arthur Ignatius Conan (1859–1930)", Oxford Dictionary of National Biography, Oxford University Press, 2004.
  10. Miller, Russell (2010). The Adventures of Arthur Conan Doyle. New York: Random House. ISBN 978-1-4070-9308-6 
  11. Golgotha Press (2011). The Life and Times of Arthur Conan Doyle. BookCaps Study Guides. ISBN 978-1-62107-027-6။ “In time, he would reject the Catholic religion and become an agnostic.” 
  12. Pascal, Janet B. (2000). Arthur Conan Doyle: Beyond Baker Street. Oxford University Press. p. 139.
  13. Brown, Yoland (1988). Ruyton XI Towns, Unusual Name, Unusual History. Brewin Books, 92–93. ISBN 0-947731-41-5 
  14. McNeill၊ Colin။ "Mystery solved of how Sherlock Holmes knew so much about poisonous plants"၊ Herald Scotland၊ 6 January 2016။ 9 January 2016 တွင် ပြန်စစ်ပြီး 
  15. Stashower, Daniel (2000). Teller of Tales: The Life of Arthur Conan Doyle. Penguin Books, 30–31. ISBN 0-8050-5074-4 
  16. Arthur Conan Doyle takes it to the limit (1879)။ BMJ Publishing Group Ltd (20 September 1879)။ 2 February 2014 တွင် ပြန်စစ်ပြီး။(အသင်းဝင်ရန် လိုအပ်သည်။)
  17. Letters, Notes, and Answers to Correspondents။ BMJ Publishing Group Ltd (20 September 1879)။ (အသင်းဝင်ရန် လိုအပ်သည်။)
  18. Robert Mendick။ "Russian supergrass 'poisoned after being tricked into visiting Paris'"၊ The Sunday Telegraph၊ 23 May 2015။ 
  19. Conan Doyle, Arthur (Author), Lellenberg, Jon (Editor), Stashower, Daniel (Editor) (2012). Dangerous Work: Diary of an Arctic Adventure. University of Chicago Press; ISBN 0-226-00905-X.
  20. Available at the Edinburgh Research Archive Archived 11 November 2007 at the Wayback Machine..
  21. Stashower, pp. 52–59.
  22. Compulsory Vaccination – The Evening Mail – The Arthur Conan Doyle Encyclopedia
  23. Compulsory Vaccination – The Hampshire County Times – The Arthur Conan Doyle Encyclopedia
  24. (1976) The Adventures of Conan Doyle. New York: W.W. Norton, 86–87။ 
  25. Sir Arthur Conan Doyle: A Biographical Introduction။ 21 October 2016 တွင် ပြန်စစ်ပြီး။
  26. Stashower, pp. 114–118.
  27. Independent, 7 August 2006 Archived 22 February 2011 at the Wayback Machine.;
  28. Doyle, Arthur Conan, Memories and Adventures (Reprint), Cambridge University Press, (Cambridge) 2012, p. 26.
  29. Letter from R L Stevenson to Doyle 5 April 1893 The Letters of Robert Louis Stevenson Volume 2/Chapter XII.
  30. Sova, Dawn B. Edgar Allan Poe: A to Z. New York: Checkmark Books, 2001. pp. 162–163. ISBN 0-8160-4161-X.
  31. ၃၁.၀ ၃၁.၁ ၃၁.၂ ၃၁.၃ (1947) The Life of Sir Arthur Conan Doyle 
  32. City of Westminster green plaques Archived 16 July 2012 at the Wayback Machine.; accessed 22 March 2014.
  33. Panek, LeRoy Lad (1987). An Introduction to the Detective Story. Bowling Green, OH: Bowling Green State University Popular Press, 78. ISBN 0-87972-377-7 
  34. Saunders၊ Emma (6 June 2011)။ First Conan Doyle novel to be published။ BBC။ 7 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  35. "Jane Annie – J.M. Barrie and Doyle's Libretto Rather Puzzles London", The New York Times, 28 May 1893, p. 13
  36. Juson, Dave (2001). Full-Time at The Dell. Hagiology Publishing, 21. ISBN 0-9534474-2-1 
  37. Arthur Conan DoyleESPN Cricinfo။ 17 January 2018 တွင် ပြန်စစ်ပြီး။
  38. "What is the connection between Peter Pan, Sherlock Holmes, Winnie the Pooh and the noble sport of cricket? Archived 6 March 2012 at the Wayback Machine.. BBC. Retrieved 25 November 2014
  39. Parkinson၊ Justin။ "Authors and actors revive cricket rivalry"၊ BBC News Magazine၊ 26 July 2014။ 
  40. ၄၀.၀ ၄၀.၁ A Case for Sherlock (13 March 1961)။
  41. Arthur Conan Doyle. "Memories and Adventures", p. 222. Oxford University Press, 2012; ISBN 1441719288.
  42. "Billiards: The Amateur Championship"၊ The Manchester Guardian၊ 22 January 1913၊ စာ- 8။ 
  43. Leeman, Sue, "Sherlock Holmes fans hope to save Doyle's house from developers", Associated Press, 28 July 2006.
  44. တမ်းပလိတ်:London Gazette
  45. Itzkoff၊ Dave။ "Heirs to Sherlock Holmes Face Web of Ownership Issues" (in en-US)၊ The New York Times၊ 18 January 2010။ 
  46. "Who owns Sherlock Holmes?" (in en-GB)၊ The Telegraph 
  47. တမ်းပလိတ်:London Gazette
  48. Arthur Conan Doyle (1859–1930), author database), librarything.com; retrieved 17 March 2012.
  49. "Sherlock Holmes statue reinstated in Edinburgh after tram works", bbc.co.uk; retrieved 6 November 2012.