အောင်မြေ (ရွှေဘို)

ဝီကီပီးဒီးယား မှ

ရွှေဘိုမြို့၏ တောင်ဘက် ရွှေဘို မန္တလေးကားလမ်း ဘေးတွင် တည်ရှိသည်။ အလောင်းဘုရား အထွဋ်အထိပ် မရောက်ခင်က ထိုနေရာတွင် ကျားကို သမင်ကလိုက်ခြင်း မြွေကို ဖားကမြိုခြင်း စသည့် နမိတ်များ ပေါ်ခဲ့သည်ဟု ဆိုစမတ် ပြုကြသည်။ ကိုလိုနီခေတ်တွင် သချိုင်းဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သာသနိကနယ်မြေဖြစ်သည်။ စာသင်တိုက်ပေါင်းမြောက်မြားစွာ ရှိသည်။ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း လည်းတည်ရှိသည်။ ကျောင်းဝင်းအတွင်းတွင် သိကြားမင်းရုပ်တုတစ်ခုရှိ၏။ ထိုသိကြားမင်းရုပ်တု၏ ဘေးတွင် သဲများရှိသည်။ မြို့ခံအများစုသည် ထိုသိကြားမင်းရုပ်တုထား လက်ရစ်သုံးပတ် ပတ်ကာ ထိုသဲများကို(အောင်မြေသဲ) အဆောင်အဖြစ်အသုံးပြုလေ့ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]