အောင်နိုင်ဝင်း
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဦးအောင်နိုင်ဝင်း | |
---|---|
ဖိုင်:Aung Nine Win Image.jpg | |
မွေးဖွား | ဦးအောင်နိုင်ဝင်း ဇွန် ၆၊ ၁၉၇၄ မန္တလေးတိုင်းဒေသကြီး ၊တောင်သာမြို့နယ်၊ ကြာပို့ကျေးရွာ |
နိုင်ငံလူမျိုး | ဗမာ ဗုဒ္ဓဘာသာ |
အလုပ်အကိုင် | အမျိုးသားကိုယ်စလှယ်လောင်း |
မိဘ(များ) | ဦးဘိုတင်+ ဒေါ်လှကြီး |
ရရှိသည့်ဆုများ | 1997 BSc (DSA) |
မွေးရပ်
[ပြင်ဆင်ရန်]မန္တလေးတိုင်းဒေသကြီး၊တောင်သာမြို့နယ်၊ကြာပို့ကျေးရွာဆင်းရဲတဲ့မိသားစုကနေ မွေးဖွားခဲ့သူဖြစ်ပါတယ်။
ကိုယ်ရေးအတ္ထုပ္ပတ္တိ
[ပြင်ဆင်ရန်]အလယ်တန်းအဆင့်ထိ ဇာတိဒေသမှာပဲ ပညာသင်ကြားခဲ့ပြီးအခြေခံပညာအထက်တန်းအဆင့်(၁၀) တန်းကို မန္တလေးမြို့ ၊ အထက ( ၁၇ )ကနေ ၁၉၉၁ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်၊
၁၉၉၃ ကနေ ၁၉၉၇ ခုနှစ်အထိ စစ်တက္ကသိုလ်၊အမှတ်စဉ် (၃၈ ) ဗိုလ်လောင်းသင်တန်းမှာ တက်ရောက်အောင်မြင်ခဲ့ပြီး၊တပ်မတော်မှာ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊
၂၀၁၁ ခုနှစ်မှာ တပ်မတော်မှ အငြိမ်းစားရယူခဲ့ကာ ရေးမြို့မှာအိမ်ထောင်ကျပြီး အခြေချနေထိုင်ခဲ့ပါတယ်၊ဇနီးအမည်က ဒေါ်ငယ်ငယ်ထွေးဖြစ်ပြီး မွန်တိုင်းရင်းသူတစ်ယောက်ဖြစ်ပါတယ်၊
ရေးမြို့မှာ အခြေချနေထိုင်စဉ်ကစလို့ ဒေသနဲ့ ဒေသခံတွေရဲ့အရေးကိစ္စများအတွက် လုပ်နိုင်စွမ်းရှိသမျှ ပါဝင်လုပ်ကိုင်ခဲ့ပါတယ်၊
၂၀၁၂ ခုနှစ်မှစပြီး ယနေ့ကာလအထိ NGO,INGO,CSO တွေနဲ့ ချိတ်ဆက်ပေါင်းစပ်ပြီး ဒေသတွင်းရှိ CSO များနှင့် ပူးပေါင်း၍ စွမ်းဆောင်ရည်မြှင့်သင်တန်းများ၊အသိပညာပေးလှုပ်ရှားမှုများကို အကြိမ် ၅၀ ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊
၂၀၁၄ ခုနှစ်မှာ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society- YSS ) အဖွဲ့ကို ဖွဲ့စည်းရာတွင် ဦးဆောင်ဖွဲ့စည်းသူအဖြစ်ပါဝင်ခဲ့ပြီး အတွင်းရေးမှူတာဝန်ယူကာ အဖွဲ့နှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊အသိပညာပေးဆောင်ရွက်မှုများ၊အဂတိတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ၊သဘာဝဘေးအန္တရာယ်အတွက် ကူညီကယ်ဆယ်ရေးဆိုင်ရာများ၊ကပ်ရောဂါဘေးဆိုင်ရာ ကာကွယ်/ကူညီ/ထောက်ပံ့ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်၊
ရေးတော်ဝင်(အခမဲ့) သတင်းလွှာကို ၂၀၁၄ ခုနှစ်မှစတင်၍ တာဝန်ခံအယ်ဒီတာနှင့် ထုတ်ဝေသူအဖြစ် တာဝန်ယူကာ ၂၀၁၈ ခုနှစ်အထိ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေဖြန့်ချိခဲ့ပါတယ်၊ရေးတော်ဝင်သတင်းလွှာတွင် စေစားရာ၊တင်မိုးရွာကဗန်ဂိုး၊ဖိုးသိ၊အောင်နိုင်ဝင်း(ရင်တွင်းဖွင့်) စသောကလောင်အမည်များဖြင့် ဆောင်းပါး၊ကဗျာ၊သရော်စာ နှင့် သတင်းများကို ရေးသားခဲ့ပါတယ်၊
ရေးမြို့နယ်တွင် ၂၀၁၃ ခုနှစ်၌ စတင်ဖွဲ့စည်းလုပ်ဆောင်ခဲ့သော ရေးမြို့နယ်ဓမ္မစကူးဖောင်ဒေးရှင်းတွင် ၂ နှစ်ကျော်ကြာ အတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ လုပ်ဆောင်ခဲ့သည်၊
စီးပွားရေးအနေဖြင့် ရောင်းဝယ်ရေးလုပ်ငန်း၊ဥယဉ်ခြံလုပ်ငန်းများလုပ်ဆောင်နေပါသည်၊
ယနေ့အချိန်တွင် 2020 ရွေးကောက်ပွဲ၌ မွန်ပြည်နယ် အမျိုးသားလွှတ်တော်၊မဲဆန္ဒနယ်မြေ အမှတ် ၆ မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံသွားမည် ဖြစ်သည်။