မာတိကာသို့ ခုန်သွားရန်

အောင်ဇမ္ဗူဆရာတော်

ဝီကီပီးဒီးယား မှ

အောင်ဇမ္ဗူဆရာတော်သည် World Alliance of Buddhist ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ (Honorary President)[] တစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံတွင်အလွန်ထင်ပေါ်ကျော်ကြားသော ဆရာတော်တစ်ပါးလည်းဖြစ်သည်။

အောင်ဇမ္ဗူဆရာတော်
ဘာသာဗုဒ္ဓဘာသာ
ဓမ္မအမည်ပဏ္ဍဝံသ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား၁၃၂၅ ခု၊ ကဆုန်လပြည့်၊ ကြာသပတေးနေ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပန်းကုံးကျေးရွာ
မိဘ
  • ဦးအောင်ပြည့် (father)
  • ဒေါ်လှယဉ် (mother)
ရာထူး တာဝန်
ဌာနWorld Alliance of Buddhist
ဂုဏ်ဒြပ်Honary President
ဂုဏ်ပြုခံရမှုများအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊

မဟာသဒ္ဓမ္မဇောတိကဓဇ၊

သဒ္ဓမ္မဇောတိကဓဇ

ဖွားမြင်တော်မူခြင်း

[ပြင်ဆင်ရန်]

ဆရာတော်လောင်းလျာအား ကောဇာသက္ကရာဇ် ၁၃၂၅ ခု၊ ကဆုန်လပြည့်၊ ကြာသပတေးနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးရေဦးမြို့နယ်၊ ပန်းကုံးကျေးရွာ၌ ခမည်းတော် ဦးအောင်ပြည့် + မယ်တော် ဒေါ်လှယဉ် တို့မှ ဖွားမြင်ပါသည်။ မွေးချင်းငါးယောက်အနက် ပဥ္စမြောက် အထွေးဆုံးသားရတနာ ဖြစ်ပြီး ငယ်မည်မှာ မောင်ထွန်းလေး (ခေါ်) ခင်မောင်ထွန်း ဖြစ်သည်။

ရှင်သာမဏေအဖြစ်ရောက်ရှိခြင်း

[ပြင်ဆင်ရန်]

မောင်ထွန်းလေး ရှစ်နှစ်သားအရွယ်၊ ကောဇာသက္ကရာဇ် ၁၃၃၃ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးရေဦးမြို့၊ ဗိုလ်ရုံကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမေဓာနန္ဒထံတွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့သည်။ ဘွဲ့တော်မှာ ရှင်ပဏ္ဍဝံသ ဖြစ်သည်။[]

ရဟန်းအဖြစ်သို့ရောက်ရှိခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် ကောဇာသက္ကရာဇ် ၁၃၅၄ ခုနှစ်၊ နယုန်လတွင်  မန္တလေးတိုင်းဒေသကြီးအမရပူရမြို့ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံတိုက် မဟာနာယကချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကုဏ္ဍလာဘိဝံသအား ဥပဇ္ဈာယ်ပြုပြီး မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဘွဲ့တော်မှာ အရှင်ပဏ္ဍဝံသ ဖြစ်သည်။[]

အောင်မြင်ခဲ့သော စာမေးပွဲများ

[ပြင်ဆင်ရန်]
  • မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်း သာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ ပထမဆင့်၊ ဒုတိယဆင့်။
  • အစိုးရပါဠိပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲတွင် ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း။
  • မော်လမြိုင်မြို့၊ သဒ္ဓမ္မပါလစာမေးပွဲတွင် ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်၊ စတုတ္ထဆင့်။
  • ဝိနယာနုဂ္ဂဟ စာမေးပွဲတွင် ဝိနည်းငါးကျမ်းအနက် လေးကျမ်း။

ကျောင်းတိုက်တည်ထောင်ခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် ခရစ်နှစ် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့၊ နံနက်(၁၀)နာရီအချိန်မှ စတင်ကာ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ သီဟလမ်းရှိ အောင်ဇမ္ဗူကျောင်းတိုက် ဓမ္မရိပ်သာ၏ ပဓာနနာယက ဆရာတော်အဖြစ်ဖြင့် စတင်ထမ်းဆောင်ပါသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ သိမ်ကုန်းလမ်းနေ ဦးဟုတ်ရီ+ဒေါ်ခင်သန်းဝင်း သမီး မသက်သက်ဇွန် မိသားစုတို့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ရေပြာရွာရှိ မြေကွက်ကို လှူဒါန်းသဖြင့် အောင်ဇမ္ဗူတောရဓမ္မရိပ်သာကို တည်ထောင်ခဲ့သည်။ ထိုကျောင်းတိုက်သို့ မစ္စတာ ကာတာစူယူကီ ကူမာနိုက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် (၃၀၁)ဆူကို လှူဒါန်းခဲ့သောကြောင့် (၃၀၁)ဆူ ဂျပန်ဘုရားဟု ထင်ရှားကျော်ကြားခြင်းဖြစ်သည်။ ဆရာတော်သည် ယခုအခါ ပြင်ဦးလွင်မြို့တွင် အောင်ဇမ္ဗူဗုဒ္ဓသာသနာ့ရိပ်သာကို တည်ထောင်ခဲ့ပြီ ဖြစ်သည်။[]

ဘွဲ့တံဆိပ်တော်

[ပြင်ဆင်ရန်]

ကိုးးကား

[ပြင်ဆင်ရန်]
  1. https://www.wabhq.org/honorary-president
  2. http://mahadhammapala.org/pdfviewer/pdfview.php?surl=1&lurl=book_m&v852b=DPPS&v541e=A1MMGB026319
  3. http://mahadhammapala.org/pdfviewer/pdfview.php?surl=1&lurl=book_m&v852b=DPPS&v541e=A1MMGB028624
  4. ဂျပန်ဘုရား
  5. https://www.myanmardigitalnewspaper.com/my/saasnaatteaachiungraa-bhaittnchiptteaamaa-chkkpluudn