မာတိကာသို့ ခုန်သွားရန်

အုန်းကျော်မြင့်

ဝီကီပီးဒီးယား မှ

ဗိုလ်ကြီး အုန်းကျော်မြင့် (၂၇ ဇူလိုင် ၁၉၇၇ ကွယ်လွန်) သည် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းအား ဖြုတ်ချ တန်ပြန်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သော မြန်မာ့တပ်မတော် အရာရှိတစ်ဦးဖြစ်သည်။

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

အုန်းကျော်မြင့်သည် ရန်ကုန်တက္ကသိုလ် မှ ဘွဲ့ရရှိခဲ့ပြီး တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၂၉ မှ အထူးချွန်ဆုံး ဗိုလ်လောင်းအဖြစ်နှင့် မြန်မာ့တပ်မတော်တွင် အရာရှိဖြစ်လာခဲ့သည်။[] တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်ထင် လက်အောက်တွင် စစ်ဦးစီးမှူး (တတိယတန်း) အဖြစ် အမှုထမ်းခဲ့သည်။[]

စစ်ခုံရုံး

[ပြင်ဆင်ရန်]

ဗိုလ်ကြီး အုန်းကျော်မြင့် နှင့် အခြားအရာရှိငယ်များ၏ အာဏာသိမ်းရန် ကြံစည်မှုကို စစ်ထောက်လှမ်းရေး (ကကလှမ်း) က ဖော်ထုတ်ခဲ့သည်။ ဗိုလ်ကြီးအား ၁၉၇၇ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ကြိုးပေး သတ်ဖြတ်ခဲ့သည်။[] နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် တရားခွင်အတွင်း အငယ်တန်း အရာရှိအဖြစ် ပါဝင်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ Ohn Kyaw Myint (June 21, 2011)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-06-21 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ The Simple Soldier။ Irrawady News (March 2010)။ 2 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-06-21 တွင် ပြန်စစ်ပြီး။