ဟေရာ

ဝီကီပီးဒီးယား မှ
(ဟီရာ မှ ပြန်ညွှန်းထားသည်)
မင်္ဂလာပွဲနတ်ဘုရားမ ဟေရာ

ဟေရာ(Ήρα, Hêra)သည် ဂရိဒဏ္ဍာရီလာ နတ်ဘုရားမ ဖြစ်သည်။ ဇုစ်နတ်ဘုရား၏ ညီမသုံးယောက်အနက် တယောက်ဖြစ်ပြီး နောင်သော် ဇုစ်၏ မိဖုရားကြီး ဖြစ်လာသည်။ အမျိုးသမီးတို့၏ နတ်ဘုရားမဖြစ်ပြီး လက်ထပ်ခြင်းကို ဆောင်ကြဉ်းသူ ဖြစ်သည်။ နွား၊ ခြင်္သေ့၊ ဒေါင်းရုပ်တို့ဖြင့် အမှတ်သင်္ကေတ သုံးလေ့ရှိသည်။ ဇုစ်အပေါ် သဝန်ကြောင်သော သူ့စိတ်ကြောင့် လူသိများသည်။

သားသမီးများ[ပြင်ဆင်ရန်]

ဇုစ် နှင့်ပေါင်းဖက်၍ အေရိ၊ ဟီဘီ၊ အဲရစ်၊ အဲလယ်သီယာ၊ အန်ယိုတို့ကို မွေးသည်။ မီးတစ်နှင့်ရသော အသီနာက ဇုခေါင်းမှ ထွက်လာရာ ဟပ်ဖေးစတပ်ကို သူတဦးတည်း မွေးသည်။ ရလာသောကလေးမှာ အရုပ်ဆိုးလှ၍ အိုလံပတ်တောင်မှ ပစ်ချလိုက်သည်။ ဟပ်ဖေးစတပ်သည်လည်း ခေသူမဟုတ်။ ပြန်ထမရသော မှော်ပလ္လင်လုပ်ထားသည်။ ဟီရာထိုင်မိသော် ခြေချုပ်မိတော့သည်။ အက်ဖရိုဒိုက် နှင့် ပေးစားမှ လွှတ်မည်ဆို၍ သဘောတူလိုက်ရသည်။

မှတ်စု[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

https://en.m.wikipedia.org/wiki/Hera