အိမ်ပြာတော်
အိမ်ပြာတော် | |
---|---|
청와대 靑瓦臺 Cheong Wa Dae | |
![]() The reception center of the Blue House in August 2010. | |
အခြားအမည်များ | Cheong Wa Dae |
အထွေထွေ အချက်အလက်များ | |
လိပ်စာ | ၁ ချောင်ဝဒီလမ်း (ဂျွန်ဂိုခရိုင်) |
မြို့ | ဆိုးလ်မြို့ |
နိုင်ငံ | တောင်ကိုရီးယား |
ကိုဩဒိနိတ် | 37°35′12″N 126°58′35″E / 37.586673°N 126.976268°Eကိုဩဒိနိတ်: 37°35′12″N 126°58′35″E / 37.586673°N 126.976268°E |
လက်ရှိ အငှားနေထိုင်သူ | မွန်ဂျေအင်း၊ တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ |
တည်ဆောက်မှု စတင် | ဇူလိုင် ၂၂၊ ၁၉၈၉ |
ပြီးစီး | စက်တင်ဘာ ၄၊ ၁၉၉၁ |
အိမ်ပြာတော် | |
ဟန်းဂု | 청와대 |
---|---|
Hanja | 靑瓦臺 |
Revised Romanization | Cheong(-)wadae |
McCune–Reischauer | Ch'ŏng'wadae |
အိမ်ပြာတော် (အင်္ဂလိပ်: Blue House; ကိုရီးယား: 청와대; Hanja: 靑瓦臺; ချောင်ဝဒယ်) သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတနေထိုင်ရာ အိမ်တော်နှင့် ရုံးထိုင်ရာ ဖြစ်သည်။ မြို့တော် ဆိုးလ်၌ တည်ရှိသည်။ ကိုရီးယားရိုးရာ ဗိသုကာလက်ရာများကို အများဆုံး တည်ဆောက်ထားသည်။
အိမ်ပြာတော်တွင် ဘွန်ဂွမ်ဆိုသော အဓိကဟောခန်းမ၊ သမ္မတအိမ်တော်၊ နိုင်ငံတော်အဆင့် ဧည့်ခန်းမအိမ်တော် (ရော်ဘင်ဂွမ်)၊ စာနယ်ဇင်းခန်းမ (ချွန်ချူခွမ်) နှင့် အတွင်းဝန်ရုံးများ ပါဝင်သည်။ ခြံဝန်းတစ်ခုလုံး ၂၅၀,၀၀၀စတုရန်းမီတာ (၆၂ဧက) ကျယ်သည်။
သမိုင်း[ပြင်ဆင်ရန်]
၁၉၃၉တွင် ကိုရီးယားကို သိမ်းပိုက်ထားသော ဂျပန်တို့သည် ချောင်ဝဒယ်အနီးတွင် အစိုးရရုံးဆောက်ခဲ့ကာ ၁၉၉၃ ခုနှစ်တွင် သမ္မတကင်ရမ်းဆမ်းက ဖျက်သိမ်းခဲ့သည်။
၁၉၄၈ ကိုရီးယားသမ္မတနိုင်ငံ တည်ထောင်အပြီးတွင် သမ္မတဆောင်မန်ဟီးက ဂျောင်မြူဒေးဟုခေါ်ကာ အိမ်တော်နှင့်ရုံးအဖြစ် သုံးခဲ့သည်။ သမ္မတ ယန်ဘွန်ဆွန်း က ချောင်ဝဒယ်ဟု အမည်ပြောင်းခဲ့သည်။
၁၉၆၈ တွင် မြောက်ကိုရီးယားတို့က သမ္မတ ပတ်ချောင်ဟီးကို လုပ်ကြံရန် အိမ်ပြာတော်ကို တိုက်ခိုက်ခဲ့သည်။ မြောက်ကိုရီးယား ၂၈ ယောက်၊ တောင်ကိုရီးယား ၂၆ ယောက်နှင့် အမေရိကန် ၄ ယောက် သေဆုံးခဲ့သည်။
သမ္မတ နိုတေဝူးလက်ထက်တွင် ရုံးအသစ်၊ အိမ်တော်အသစ်၊ စာနယ်ဇင်းခန်းမများ အသစ်တည်ဆောက်ကာ ၁၉၉၁ ဧပြီတွင် ဖွင့်လှစ်ခဲ့သည်။
နေရာများ[ပြင်ဆင်ရန်]
မြောက်ဘက်တွင် ဘူကန်ဆန်တောင်၊တောင်ဘက်တွင် နန့်ဆမ်တောင် ၊အရှေ့တွင်ချွန်ဂျဂီချွန် စမ်းချောင်းနှင့်ဟန်မြစ်တို့ရှိသည်။