သမ္မတအိမ်တော် (တောင်ကိုရီးယား)

ဝီကီပီးဒီးယား မှ
ကိုရီးယားသမ္မတနိုင်ငံ သမ္မတအိမ်တော်
Presidential Residence of South Korea
သမ္မတအိမ်​တော် အမှတ်တံဆိပ်
Map
အထွေထွေ အချက်အလက်များ
နိုင်ငံ​ကိုရီးယားသမ္မတနိုင်ငံ

ကိုရီးယားသမ္မတနိုင်ငံ သမ္မတအိမ်တော် သည် တောင်ကိုရီးယားနိုင်ငံ သမ္မတ ရုံးထိုင်ရာ အဆောက်အဦးဖြစ်သည်။ ယခင်က အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ရုံးအဆောက်အဦးဖြစ်ကာ ၂၀၂၂ခုနှစ် မေလ (၁၀)ရက်နေ့မှစ၍ သမ္မတရုံးထိုင်ရာ နေရာဖြစ်လာခဲ့သည်။

တည်နေရာနှင့် သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဤအဆောက်အဦးသည် မြို့တော်ဆိုးလ်မြို့၊ 22 Itaewon-ro, Yongsan ခရိုင်တွင် တည်ရှိသည်။ ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး (၂၇၆,၀၀၀) စတုရန်းမီတာကျယ်ဝန်းကာ အထပ်မြင့်အ​ဆောက်အဦးဖြစ်သည်။[၁][၂]

ယခင်က သမ္မတများရုံးထိုင်ရာ အိမ်ပြာတော်မှာ အများပြည်သူနှင့် အလှမ်းဝေးသည်ဟုဆိုကာ ၂၀၂၂ခုနှစ် မေလ (၁၀)ရက်နေ့တွင် အသစ်တက်လာသော သမ္မတ ယွန်းဆော့ယော က ဤအဆောက်အဦးသို့ နေရာပြောင်းရွှေ့ ရုံးထိုင်ခဲ့သည်။[၃] ထို့ကြောင့် ဤအဆောက်အဦးသည် တောင်ကိုရီးယားနိုင်ငံသမ္မတ၏ ရုံးထိုင်ရာအဆောက်အဦးဖြစ်လာခဲ့သည်။ သမ္မတသည် ပြည်ပမှဧည့်သည်တော်များကိုလည်း ဤအဆောက်အဦး၌ပင် လက်ခံတွေ့ဆုံသည်။[၄]

အမည်နာမ[ပြင်ဆင်ရန်]

ပြောင်းလဲရုံးထိုင်သည့် အဆောက်အဦးအတွက် အမည်ပေးရန် သမ္မတယွန်းဆော့ယော၏ အစိုးရက ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ လက်ခံရရှိသည့်အမည်ပေါင်း (၃၀,၀၀၀)ကျော်မှ ဇကာတင်အမည်အဖြစ် People's House၊ Gukmin Cheongsa, Mineum Cheongsa၊ Bareunnuri နှင့် Itaewon-ro 22 တို့ကို ရွေးချယ်ခဲ့သည်။

ပြည်သူ့အိမ်တော် (People's House) သည် သမ္မတယွန်း၏ ကနဦးရွေးချယ်ခြင်းခံခဲ့ရသည်ဟုဆိုသည်။ သမ္မတရုံးသည် ပြည်သူအားလုံးအတွက် ဖွင့်လှစ်ထားပြီး ပြည်သူများကသာ ပိုင်ဆိုင်သည်ဟု အဓိပ္ပါယ်ရသည်။Gukmin Cheongsa သည် ပြည်သူ့အစိုးရရုံးဟု အဓိပ္ပါယ်ရသည်။

နောက်ဆုံးတွင် အထက်ပါအမည်များအနက် မည်သည်ကိုမှ အတည်မပြုခဲ့ဘဲ အချိန်အတိုင်းအတာတစ်ခုအထိ သင့်လျော်သောအမည်အသစ်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]