ဂျောင်းဘွတ်ကန် နန်းတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဂျောင်းဘွတ်ကန်နန်းတော်
Gyeongbok Palace
경복궁
Gyeongbokgung-GeunJeongJeon.jpg
ပလ္လင်တော်ခန်းမ
အထွေထွေ အချက်အလက်များ
အမျိုးအစားတော်ဝင်နန်းတော်
ဗိသုကာစတိုင်ကိုရီးယား
မြို့ဆိုလ်းမြို့
နိုင်ငံကိုရီးယားသမ္မတနိုင်ငံ
ကိုဩဒိနိတ်37°34′43″N 126°58′38″E / 37.57861°N 126.97722°E / 37.57861; 126.97722ကိုဩဒိနိတ်: 37°34′43″N 126°58′38″E / 37.57861°N 126.97722°E / 37.57861; 126.97722
ဖွင့်လှစ်၁၃၉၅
ကိုရီးယားနာမည်
ဟန်းဂု
Hanja
Revised RomanizationGyeongbokgung
McCune–ReischauerKyŏngbokkung

ဂျောင်းဘွတ်ကန် နန်းတော် (Gyeongbokgung) (ဟန်းဂု경복궁; Hanja景福宮)သည် ဂျိုဆွန်းမင်းဆက်၏ အဓိက နန်းတော်ဖြစ်သည်။၁၉၃၅ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၏ မြောက်ပိုင်းတွင် တည်ရှိသည်။ဂျိူဆွန်းခေတ်အတွင်း တည်ဆောက်ခဲ့သော နန်းတော်၅ခုအနက် ဂျိုဆွန်းဘုရင်၏ နန်းတော်၊ အစိုးရ၏ဌာန တစ်ခုဖြစ်သည်။

နန်းတော်မှာ အင်ဂျင်စစ်ပွဲ (၁၅၉၂-၁၅၉၈)အတွင်း မီးလောင်မှုကြောင့် ပျက်စီးသွားမှုမတိုင်မီအထိ ဂျိုဆွန်းတို့၏ အဓိက နန်းတော်ဖြစ်ခဲ့သည်။ထို့နောက် ရာစုနှစ် ၂ခုအကြာ စွန့်ပစ်ခံခဲ့ရသည်။သို့သော် ၁၉ရာစုအတွင်း ဂိုဂျွန်ဘုရင်လက်ထက်အတွင်းကိုယ်စားလှယ် ဒေးဝန်းဂံ က နန်းတော်၏ အခန်းပေါင်း ၇၇၀၀ကို ပြန်လည် တည်ဆောက်ခဲ့သည်။အချို့သော အဆောင်၅၀၀ကျော်ကို ၄၀ဟက်တာ ကျယ်ဝန်းသော မြေပေါ်တွင် ပြန်ဆောက်ခဲ့သည်။[၁][၂] ရှေးဂျိုဆွန်းတို့၏ ဗိသုကာများ အခြေခံထားသည်။

၂၀ရာစုအစောပိုင်းတွင် နန်းတော်၏နေရာ အများစုမှာ ဂျပန်တို့၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။

ခြုံငုံသုံးသပ်ချက်[ပြင်ဆင်ရန်]

Gyeongbokgung map.jpg

ဂျိုဆွန်းနန်းဆက် စတင်တည်ထောင်ပြီး ၃နှစ်အကြာတွင် နန်းတော်ကို တည်ဆောက်ခဲ့ပြီး နိုင်ငံ၏ အဓိက နန်းတော်ဖြစ်ခဲ့သည်။နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်နေရာဖြစ်၍ ၂၀ရာစုအစောပိုင်း ဂျပန်လက်အောက်ရောက်ခဲ့စဉ်က ဖျက်ဆီးခြင်းခံခဲ့ရသည်။၁၉၁၁တွင် နန်းတော်၏ ပိုင်ဆိုင်မှုကို ဂျပန်ကိုယ်စားလှယ်လက်အောက် ပြောင်းခဲ့သည်။၁၉၁၅ခုနှစ်တွင် ဂျပန်တို့၏ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦးများ တည်ဆောက်ခဲ့ပြန်သည်။

Heritage of Seoul.jpg

ပြန်လည်တည်ဆောက်ခြင်း လမ်းစဉ်များကို ၁၉၉၀ကပင် စတင်ခဲ့သည်။ကိုယ်စားလှယ် အုပ်ချုပ်ရေးရုံးကို ၁၉၉၆ခုနှစ်တွင် ဖယ်ရှားခဲ့ပြီး ဟောင်ယီမန်တံခါးကို ၂၀၀၁ခုနှစ် ဂွမ်ဟာမန်တံခါးကို ၂၀၀၆မ ၂၀၁၀ခုနှစ်အထိ တည်ဆောက်ခဲ့သည်။၎င်းတို့ကို မူလနေရာတွင် ရှေးမူမပျက် ပြန်လည် တည်ဆောက်ထားခြင်းဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၄ - ၁၆ ရာစု[ပြင်ဆင်ရန်]

ဂျောင်းဘွတ်ဂန်းနန်းတော်ကို ၁၉၃၄ခုနှစ်တွင် ဂျိုဆွန်းနိုင်ငံ တည်ထောင်သူ တေးဂျိုဘုရင်က တည်ဆောက်ခဲ့သည်။နန်းတော်၏ အမည်ကို ဩဇာရှိလှသော အမတ်ကြီး ဂျန်ဒိုဂျွန်းထံမှ ရယူခဲ့သည်။ထို့နောက် တေးဂျွန်ဘုရင် နှင့် ဆေးဂျွန်ဘုရင်တို့လက်ထက်များလက်ထက်တွင် နန်းတော်ကို စဉ်ဆက်မပြတ် တိုးချဲ့ခဲ့သည်။၁၅၅၃ခုနှစ်တွင် မီးလောင်မှုကြောင့် ပြင်းထန်စွာ ပျက်စီးခဲ့သည်။၎င်းကို မြောင်ရိုးဘုရင်က ကုန်ကျမှုများစွာဖြင့် ပြန်လည်ပြုပြင်ခဲ့ကာ နောက်တစ်နှစတ်တွင်ပင် ပြီးစီးခဲ့သည်။

Gyeongbokgung Palace in Seoul, Korea.png

သို့သော် ဆယ်စုနှစ်လေးခုအကြာတွင် ဂျပန်ကျူးကျော်စစ်အတွင်း မီးလောင်ခဲ့ရပြန်သည်။တော်ဝင်ရုံးတော်ကို ချန်ဒကောင် နန်းတော်သို့ ပြောင်းခဲ့ရသည်။ဂျောင်းဘွတ်ကန် နန်းတော်ကို နောက်ထပ် နှစ်သုံးရာအထိ အပျက်အစီးများအကြား ပစ်ထားခဲ့သည်။[၃]

၁၉ရာစု[ပြင်ဆင်ရန်]

၁၈၆၇ခုနှစ်တွင် ဒေးဝန်းဂံက နန်းတော်ကို အဆောင်ပေါင်း ၃၃၀နှင့် အခန်းပေါင်း ၅၇၉၂ဖြင့် ပြန်လည်တည်ဆောက်ခဲ့သည်။၄၃၂၇၀၃ စတုရန်းမီတာ ကျယ်ဝန်းသော မြေပေါ်တွင် ပြန်လည် တည်ရှိလာသော နန်းတော်မှာ ကိုရီးယားနိုင်ငံနှင့် တော်ဝင်မိသားစု၏ အထင်ကရနေရာ ဖြစ်လာသည်။၁၈၉၅ခုနှစ်တွင် မင်ဘုရင်မ ကို ဂျပန်တို့က လုပ်ကြံပြီးနောက် သူ၏ အမျိုးသား ဂိုဂျွန်ဘုရင်မှာ နန်းတော်ကို စွန့်ပစ်ခဲ့သည်။ထို့နောက် ဘုရင့်မိသားစုများသည် နန်းတော်သို့ ပြန်မလာခဲ့ကြတော့ပေ။ [၄]

၂၀ - ၂၁ ရာစုနှစ်များ[ပြင်ဆင်ရန်]

၁၉၁၅ခုနှစ်တွင် ပြပွဲအဆောက်အအုံ အသစ်တည်ဆောက်ကာ ဂျိုဆွန် စက်မှုပြပွဲကို ကျင်းပခဲ့သည်။[၅][၆]

၁၉၁၁ခုနှစ်မှစ၍ ဂျပန် ကိုလိုနီအစိုးရမှ နန်းတော်ကို စနစ်တကျ ဖျက်ဆီးခဲ့သည်။၁၉၂၆ခုနှစ်တွင် ဂျိုဆွန်နိုင်ငံ၏ လက္ခဏာနှင့် ယဉ်ကျေးမှုများ ပပျောက်ရန် ပုလ္လင်ခန်းမ အရှေ့တွင် ဂျပန် ကိုယ်စားလှယ်ရုံး တည်ဆောက်ခဲ့သည်။နန်းတော်၏ အဓိကတံခါးဖြစ်သော တောင်ဘက်ဂွမ်ဟွမ်မို တံခါးကို ဂျပန်တို့က အရှေ့ဘက်သို့ ပြောင်းခဲ့သည်။

နန်းတော်၏ ၁၉ရာစုနှစ်မူလအဆောက်အဦးများကို ဂျပန်ကိုလိုနီ အုပ်ချုပ်ရေးသာမက ကိုရီးယားစစ်ပွဲ အတွက်ပါ သုံးခဲ့သည်။ထိုအထဲတွင်

  • Geunjeongjeon (ဧကရာဇ်၏ ပုလ္လင်ခန်းမ) — National Treasure No. 223.
  • Gyeonghoeru Pavilion — National Treasure No. 224.
  • Hyangwonjeong Pavilion; Jagyeongjeon Hall; Jibokjae Hall; Sajeongjeon Hall; and Sujeongjeon Hall.


ပြန်လည် တည်ဆောက်ရေး[ပြင်ဆင်ရန်]

၁၉၈၉ခုနှစ်တွင် တောင်ကိုရီးယားအစိုးရသည် ဂျပန် ကိုလိုနီခေတ်က ပျက်စီးခဲ့သော နန်းတော် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့သည်။

၁၉၉၅ခုနှစ်တွင် ဂျပန်အစိုးရ ကိုယ်စားလှယ်ရုံးကို ငြင်းခုံဆွေးနွေးမှုများစွာဖြင့် ဖြိုချဖျက်သိမ်းလိုက်သည်။နန်းတော်မြေနေရာပေါ်ရှိ ကိုရီးယား အမျိုးသားပြတိုက်ကို ၂၀၀၅ခုနှစ်တွင် ယုန်ဆန်ဂူသို့ ပြောင်းခဲ့သည်။ ၂၀၀၉အကုန်တွင် ဂျပန်ခေတ်မတိုင်မီက နန်းတော်အဆောက်အဦးများ၏ ၄၀ရာခိုင်နှုန်းကို တည်ဆောက်မှု ပြီးစီးခဲ့သည်။[၇]ဂျောင်းဘွတ်ကန်နန်းတော် ပြန်လာ်တည်ဆောက်ရေး၏ ပဏာမခြေလှမ်းအတွင်း အဓိကတံခါးဖြစ်သော ဂွမ်ဟွမ်မိုတံခါးကို မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ရန် ဖြစ်သည်။ဂျောင်းဘွတ်ကန်နန်းတော်ကို မူလပုံစံအတိုင်း ပြန်လည် ထားရှိနိုင်ရန်အတွက် အခြားသော နှစ်၂၀စီမံကိန်းများကို တောင်ကိုရီးယား အစိုးရအနေဖြင့် ရေးဆွဲထားသည်။ [၈]

နန်းတော်ပုံစံ[ပြင်ဆင်ရန်]

ယောင်ဟန်မန်းတံခါး
Gyeongbokgung-KeunJeongMoon.JPG
Opening at night of Gyeongbokgung Palace.JPG

နန်းတော်၏ အဓိကတံခါးများ[ပြင်ဆင်ရန်]

  • ဂွမ်ဟွမ်မန်တံခါး (တောင်ဘက်နှင့် အဓိက)
  • ယောင်ဟန်မန်းတံခါး (ဒုတိယ အတွင်းတံခါး)
  • ဂျောင်ဂျန်မွမ်တံခါး (တတိယ အတွင်းတံခါး)
  • ဆင်မူမမ်တံခါး (မြောက်ဘက်တံခါး)
  • ဂုံချန်မွမ် (အရှေ့ဘက်တံခါး)
  • ရောင်ချူမွမ် (အနောက်ဘက်တံခါး)

အပြင်ဘက်အပိုင်း[ပြင်ဆင်ရန်]

  • Geunjeongmun (The Third Inner Gate)
  • Geunjeongjeon (The Throne Hall)
  • Sajeongjeon (The Executive Office)
  • Sujeongjeon
  • Cheonchujeon
  • Manchunjeon

အတွင်းဘက်အပိုင်း[ပြင်ဆင်ရန်]

  • Gangnyeongjeon (ဘုရင့်အဆောင်)
  • Gyotaejeon (မိဖုရားကြီးအဆောင်)
  • Jagyeongjeon (ယခင် မိဖုရားကြီးအဆောင်)

အိမ်ရှေ့စံနန်းတော်[ပြင်ဆင်ရန်]

  • Jaseondang (အိမ်ရှေ့စံနှင့် ကြင်ယာတော်အဆောင်)
  • Bihyeongak (အိမ်ရှေ့စံ၏ သင်ကြားရေးအဆောင်)

Pavilions[ပြင်ဆင်ရန်]

  • Gyeonghoeru (The Royal Banquet Hall)
  • Hyangwonjeong

တံတားများ[ပြင်ဆင်ရန်]

  • Yeongjegyo

ပင်မတံခါးနှင့် ဒုတိယတံခါးကို ဖြတ်သန်းလာလျှင် ဧည့်သည်များအနေဖြင့် တံတားငယ် တစ်ခုကို တွေ့မြင်နိုင်သည်။

  • Chwihyanggyo

ထိုတံတားမှာ မူလက မြောက်ဘက်ပိုင်းတွင် တည်ရှိကာ ဂျိုဆွန်းခေတ်၏ အရှည်ဆုံး သစ်သားတံတားဖြစ်သည်။သို့သော် ကိုရီးယားစစ်ပွဲအတွင်းက ပျက်စီးသွားခဲ့သည်။ယခုခေတ်တွင် တွေ့မြင်ရသော တောင်ဘက်အပိုင်းရှိ တံတားကို ၁၉၅၃ခုနှစ်တွင် ပြန်လည် တည်ဆောက်ခဲ့သည်။

Bihyeongak[ပြင်ဆင်ရန်]

Bihyeongak (ဟန်းဂု비현각; Hanja丕顯閣)ဆိုသည်မှာ အိမ်ရှေ့မင်းနှင့် သူ၏ဆရာတို့ စာသင်ပြီးရာနေရာဖြစ်သည်။

အဆောက်အဦးများ[ပြင်ဆင်ရန်]

ဂန်ယောင်းဂျွန်း (Gangnyeongjeon)[ပြင်ဆင်ရန်]

ဘုရင်မင်းမြတ်စံတော်မူရာ

ဂန်ယောင်းဂျွန်း အဆောင်သည် ဘုရင်မင်းမြတ် စံတော်မူရာ အဆောင်ဖြစ်သည်။[၉] ၁၃၉၅ခုနှစ်တွင် ပထမဆုံး တည်ဆောက်ခဲ့ပြီး ထိုအဆောင်တွင် ဘုရင်မင်းမြတ်၏ စက်တော်ခေါ်ရာအခန်း ပါဝင်သည်။ [၉] ၁၅၉၂ခုနှစ် ဂျပန်တို့၏ ကျူးကျော်မှုအတွင်း ဖျက်စီးခံခဲ့ရပြီး ၁၈၆၇ခုနှစ် ဂျောင်းဘွတ်ကန်နန်းတော် ပြန်လည်တည်ဆောက်ရာတွင် ဤအဆောင်ကိုပါ ပြန်လည်တည်ဆောက်ခဲ့သည်။သို့သော် ၁၈၇၆ နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် ပြန်လည် ပျက်စီးသွားသည်။ ၁၈၈၈တွင် ထပ်မံ၍ တည်ဆောက်ခဲ့ပြန်သည်။[၄]

သို့သော် ၁၉၁၇တွင် ချန်ဒကောင်နန်းတော်ရှိ ဘုရင်မင်းမြတ်စံရာ ဟူဂျင်ဒန်းအဆောင်မှာ မီးလောင်ခဲ့သည်။၁၉၂]တွင် ဟူဂျင်ဒန်းနန်းဆောင်အား အစားထိုးရန် ဂျောင့်ဘွတ်ကန်ရှိ ဤနန်းဆောင်ကို ဂျပန်အစိုးရက ဖျက်သိမ်းခဲ့သည်။ [၉]လက်ရှိ ဂန်ယောင်းဂျွန်းအဆောင်ကို ၁၉၉၄ခုနှစ်တွင် မူလပုံစံများအတိုင်း ပြန်လည် တည်ဆောက်ထားသည်။

ဂန်ယောင်းဂျွန်းတွင် စကြ်ံများနှင့် ထောင့်မှန်စတုဂံ အခန်း၁၄ခန်းပါသည်။၇ခန်းချင်းစီမှာ ဘယ်ဘက်နှင့် ညာဘက်တွင် အသီးသီးတည်ရှိသည်။ကျားကွက်ကဲ့သို့ဖြစ်သည်။ဘုရင်မှာ အလယ်အခန်းကို အသုံးပြုသည်။အခြားအခန်းများကို ရုံးလုပ်ငန်းများအတွက် အသုံးပြုသည်။အဆောင်မှာ ကျောက်အုတ်ခုံပေါ်တွင် တည်ရှိသည်။

ဂျန်ဂျောင်းဂျွန် (Geunjeongjeon)[ပြင်ဆင်ရန်]

Seoul Gyeongbok-gung-3.jpg

ထိုနေရာမှာ ဘုရင်မင်းမြတ်၏ ပုလ္လင်တော်ရှိရာ ခန်းမဖြစ်သည်။ဘုရင်မင်းမြတ်သည် ထိုနေရာတွင် ညီလာခံကျင်းပလေ့ရှိသည်။ထို့အပြင် တိုင်းတစ်ပါးမှ သံတမန်များကိုလည်း လက်ခံတွေ့ဆုံသည်။[၁၀]၁၉၈၅ ဇန်နဝါရီ ၈ရက်နေ့တွင် ထိုအဆောင်ကို ကိုရီးယားအမျိုးသားရတနာ အမှတ် ၂၂၃အဖြစ် သတ်မှတ်ခဲ့သည်။

ထိုအဆောင်ကို ၁၉၃၅ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ဂျပန်ကျူးကျော်မှုဖြစ်ပွားရာ ၁၅၉၂တွင် မီးလောင်ခဲ့သည်။လက်ရှိ အဆောက်အဦးမှာ ၁၈၆၇ခုနှစ် ပြန်လည်တည်ဆောက်ရေးတွင် တည်ဆောက်ခဲ့သော အဆောင်ဖြစ်သည်။

အဓိကအားဖြင့် သစ်သားများဖြင့် တည်ဆောက်ထားသော ဤအဆောင်မှာ ကြီးမားသော ထောင့်မှန်စတုဂံ မြေနေရာအပေါ်တွင် တည်ဆောက်ထားသည်။


ထိုအဆောင်၏ တောင်ဘက်ရှိ ဂျောင်ဂျယ်မွန်တံခါးမှာ ၎င်းနေရာ၏ အဓိကဝင်ပေါက်ဖြစ်သည်။

ခရီးသွားများ[ပြင်ဆင်ရန်]

၂၀၁၂ခုနှစ်က နန်းတွင်းအစောင့်များပုံစံ ဝတ်ဆင်ထားသော ဝန်ထမ်းများ
Korean royal guard at Gyeongbokgung.jpg

ယနေ့ခေတ်တွင် ဂျောင်းဘွတ်ကန် နန်းတော်ကို အများပြည်သူအတွက် ဖွင့်လှစ်ထားပြီး ကိုရီးယား အမျိုးသားပြတိုက်၊ကိုရီးယား အမျိုးသားနန်းတော်ပြတိုက်နှင့် ကိုရီးယားရိုးရာပြတိုက်များ၏ နေရာလည်းဖြစ်သည်။

ပို့ဆောက်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ဂျောင်းဘွတ်ကန်နန်းတော်၏ ဝင်ပေါက်သည် is located 22 Sajik-no, Jongno-guတွင် တည်ရှိသည်။နန်းတော်နှင့် အနီးဆုံး ရထားဘူတာမှာ

ဝင်ကြေးများ[ပြင်ဆင်ရန်]

နိုင်ငံခြားသား

တစ်ဦးတည်း အဖွဲ့လိုက်
၁၉ ~ ၆၄ ၃၀၀၀ ဝမ် ၂၄၀၀ ဝမ် (၁၀ဦးနှင့်အထက်)
၇ ~ ၁၈ ၁၅၀၀ ဝမ် ၁၂၀၀ ဝမ် (၁၀ဦးနှင့်အထက်)
ဝင်ကြေး ကင်းလွတ်ခွင့် ရသူများ အသက်၆နှစ်အောက် ကလေးများ၊ အသက် ၆၅နှစ်အထက် လူကြီးများ

လ၏ နောက်ဆုံး ဗုဒ္ဓဟူးနေ့များ

ကိုရီးယား ရိုးရာ ဝတ်စုံ ဝတ်ဆင်လာသူများ

တောင်ကိုရီးယားနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုမှာ များပြားလာခဲ့သည်။၂၀၁၄ခုနှစ်က တောင်ကိုရီးယားသို့ တရုတ်ခရီးသွား တစ်ခုတည်းပင် ၆သန်းရှိခဲ့သည်။[၁၁] ဂျောင်းဘွတ်ကန်နန်းတော်၏ ညပိုင်းဝင်ရောက်ခွင့်ကို ဝက်ဆိုဒ်မှ သီးသန့် လက်မှတ်လျှောက်၍ ဝယ်ယူသူများအတွက် ခွင့်ပြုသည်။ည၇နာရီမှ နံနက် ၁၀နာရီအထိဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. You must specify title = and url = when using {{cite web}}.။
  2. GYEONGBOKGUNG PALACE
  3. Introduction to Gyeongbokgung။ Gyeongbokgung (2007)။ Archived from the original on 2008-06-14။
  4. ၄.၀ ၄.၁ Kim (김)၊ Changjun (창준)။ 일제 강점기의 경복궁 (景福宮) 훼손과 복원사업 (Destruction of Gyeongbokgung during the Japanese Occupation of Korea and Reconstruction Enterprise)။ 문화재관리국 (文化財管理局) (Cultural Heritage Administration of Korea)။ Archived from the original on 2011-05-30။
  5. Chora 7: Intervals in the Philosophy of Architecture 
  6. Hong Kal. Aesthetic Constructions of Korean Nationalism: Spectacle, Politics and History 
  7. 경복궁 흥례문 85년만에 제모습 되찾아။ Koreartnet.com (2001-10-23)။
  8. 제 모습 찾아가는 경복궁။ munhwa.com။
  9. ၉.၀ ၉.၁ ၉.၂ 강녕전 (Gangnyeongjeon)။ 한국의 궁궐 (Korea Palace) (2005)။
  10. Geunjeongjeon။ Gyeongbokgung (2007)။ Archived from the original on 2009-04-03။
  11. Zeng, Shiheng (2015-10-16). "South Korea's Destination Image: Comparing Perceptions of Film and Nonfilm Chinese Tourists" (in en). Social Behavior and Personality: An International Journal 43 (9): 1453–1462. doi:10.2224/sbp.2015.43.9.1453. ISSN 0301-2212.