အားကောင်းစွာ အချင်းချင်းသက်ရောက်မှု

ဝီကီပီးဒီးယား မှ
The nucleus of a helium atom. The two protons have the same charge, but still stay together due to the residual nuclear force

အားကောင်းစွာ အချင်းချင်းသက်ရောက်မှု ဆိုသည်မှာ အမှုန်ရူပဗေဒတွင် နယူးကလိယားအားပြင်း အတွက် တာဝန်ရှိသောယန္တရားဖြစ်ပြီး လျှပ်စစ်သံလိုက်အားနည်းစွာ အချင်းချင်းသက်ရောက်မှုနှင့် ဒြပ်ဆွဲငင်အားတို့နှင့်အတူ အခြေခံ အချင်းချင်းသက်ရောက်မှုများ ၄ ခုထဲမှ တစ်ခုအပါဝင်ဖြစ်သည်။ ၁၀−၁၅ မီတာ အတိုင်းအတာ၌ အားပြင်း (strong force) သည် လျှပ်စစ်သံလိုက်ထက် အဆပေါင်း ၁၃၇ နီးပါးခန့်၊ အားနည်းစွာ အချင်းချင်းသက်ရောက်မှုထက် အဆပေါင်း တစ်သိန်း၊ ဒြပ်ဆွဲငင်အားထက် အဆပေါင်း ၁၀၃၈ ပိုမိုများပြားသည်။[၁] နယူးကလိယားအားပြင်းသည် သာမန်ဒြပ်ဝတ္ထုနီးပါးတိုင်းကို စွဲမြဲစေသည်။ အကြောင်းမှာ ယင်းသည် ပရိုတွန်နယူထရွန်ကဲ့သို့သောအမှုန်များကို ကွာ့ (quark) မှ ဟဒရွန် (hadron) သို့ ဖြစ်စေသောကြောင့်ဖြစ်သည်။ ထို့အပြင် အားပြင်းသည် နယူထရွန်နှင့် ပရိုတွန်များကို အက်တော့မစ် နယူးကလိယပ်များအဖြစ်သို့ ပေါင်းစပ်ခိုင်မြဲစေသည်။ အားပြင်းသော အချင်းချင်းသက်ရောက်မှုကို ကြားခံအားနှစ်ခုဖြင့် အတိုင်းအတာနှစ်ခုထိ လေ့လာနိုင်သည်။ ပိုကြီးသောအတိုင်းအတာတွင် (၁ မှ ၃ ဖန်တိုမီတာ) အက်တမ်တစ်ခု၏ ဝတ်ဆံ နယူးကလိယပ်ကို ခိုင်မြဲစေသည့် ပရိုတွန်နှင့် နယူထရွန်အား မီဆွန် (meson) ဟုခေါ်သည့်အားက သယ်ဆောင်သည်။ ပိုသေးငယ်သောအတိုင်းအတာ၌ (၀.၈ ဖန်တိုမီတာ) ပရိုတွန်၊ နယူထရွန်နှင့် အခြားဟဒရွန်အမှုန်များကို ခိုင်မြဲစေသည့် ကွာ့ခ်အား ဂလူယွန် (gluon) က သယ်ဆောင်ပေးသည်။[၂] ယင်းအား တခါတရံတွင် အရောင်အား (colour force) ဟုလည်း သိထားသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Relative strength of interaction varies with distance. See for instance Matt Strassler's essay, "The strength of the known forces".
  2. The four forces: the strong interaction Duke University Astrophysics Dept website

ထပ်မံဖတ်ရန်[ပြင်ဆင်ရန်]

  • Christman၊ J.R. (2001)။ MISN-0-280: The Strong Interaction
  • Griffiths၊ David (1987)။ Introduction to Elementary Particles။ John Wiley & Sons။ ISBN 978-0-471-60386-3
  • Halzen၊ F.; Martin၊ A.D. (1984)။ Quarks and Leptons: An Introductory Course in Modern Particle Physics။ John Wiley & Sons။ ISBN 978-0-471-88741-6
  • Kane၊ G.L. (1987)။ Modern Elementary Particle Physics။ Perseus Books။ ISBN 978-0-201-11749-3
  • Morris၊ R. (2003)။ The Last Sorcerers: The Path from Alchemy to the Periodic Table။ Joseph Henry Press။ ISBN 978-0-309-50593-2