ဟဒရွန်

ဝီကီပီးဒီးယား မှ

အမှုန်ရူပဗေဒတွင် ဟဒ်ရွန် (hadron) သည် နျူကလီးယား အားအပြင်းကြောင့် ကွာ့ခ်တို့က စုပေါင်းလျက် တစ်ခုတည်းသော အမှုန်အလား သွားလာတည်ရှိနေသည့် ရလဒ်အမှုန်များ ဖြစ်သည်။ ဟဒရွန်များကို အုပ်စု ၂ ခုအဖြစ် ပိုင်းခြားသည်။ ကွာ့ခ်အရေအတွက် မကိန်းဖြင့် စုဖွဲ့ထားသော ဘက်ရီယွန်၊ ကွာ့ခ်အရေအတွက် စုံကိန်းဖြင့် စုဖွဲ့ထားသော မေဇွန် တို့ ဖြစ်သည်။ ပရိုတွန်နှင့် နျူထရွန်တို့သည် ဘက်ရီယွန်၏ နမူနာများဖြစ်ကြပြီး ပိုင်ယွန်များသည် မေဇွန်၏ နမူနာများဖြစ်သည်။ မကြာသေးခင်က valence quark ၃ ခုထက်ပိုသော ဟဒရွန်များကို တွေ့ရှိခဲ့သည်။ tetraquark အခြေနေရှိ Z(4430) ဟူသော exotic meson အား ၂၀၀၇ ခုနှစ်တွင် Belle စမ်းသပ်ခန်း၌ ရှာဖွေတွေ့ရှိခဲ့သည်။[၁] ယင်းအား ၂၀၁၄ ခုနှစ်တွင် ပဲ့တင်သံအဖြစ် LHCb စမ်းသပ်ခန်းတွင် အတည်ပြုပေးခဲ့သည်။[၂] pentaquark ၂ ခုအခြေနေရှိ exotic baryon များဖြစ်ကြသော P+
c
(4380)
နှင့် P+
c
(4450)
တို့ကို ၂၀၁၅ ခုနှစ်တွင် LHCb ၌ ရှာဖွေတွေ့ရှိခဲ့သည်။[၃] အခြား exotic ဟဒရွန်များလည်း ရှိနိုင်သေးသည်။ ဟဒရွန်၏ ပရိုတွန်များသည် တည်ငြိမ်သည်၊ အက်တောမစ် နျူကလိယပ်များဖြင့် ချုပ်နှောင်ထားသော နျူထရွန်များလည်း တည်ငြိမ်ကြသည်။ အခြားသော ဟဒရွန်များမှာ သာမန်အခြေနေ၌ မတည်ငြိမ်ပေ။ လွတ်လပ်သော အီလက်ထရွန်များသည် သက်တမ်းဝက် ၆၁၁ စက္ကန့်တွင် ပြိုကွဲကြသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. "Observation of a resonance-like structure in the
    π±
    Ψ′ mass distribution in exclusive B→K
    π±
    Ψ′ decays" (2007). Physical Review Letters 100 (14). doi:10.1103/PhysRevLett.100.142001. Bibcode2008PhRvL.100n2001C.
     
  2. LHCb collaboration (2014): Observation of the resonant character of the Z(4430) state
  3. R. Aaij et al. (LHCb) (2015). "Observation of J/ψp resonances consistent with pentaquark states in Λ0
    b
    →J/ψKp decays". Physical Review Letters 115 (7). doi:10.1103/PhysRevLett.115.072001. Bibcode2015PhRvL.115g2001A.