မျောက်လွှဲကျော် လက်ဖြူ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မျောက်လွှဲကျော် လက်ဖြူ
(Lar Gibbon[၁] or White-handed Gibbon)
Hylobates lar pair of white and black 01.jpg
ဩစတြေးလျနိုင်ငံ တိရစ္ဆာန်ဥယျာဉ်တစ်ခု၌ တွေ့ရသော မျောက်တစ်ကောင်
CITES နောက်ဆက်တွဲ - ၁ (CITES)[၃]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Primates
မျိုးစဉ်သေး: Haplorhini
Infraorder: Simiiformes
မျိုးရင်း: Hylobatidae
မျိုးစု: Hylobates
မျိုးစိတ်:
H. lar
ဒွိနာမ
Hylobates lar
Lar Gibbon area.png
Lar gibbon range

မျောက်လွှဲကျော်လက်ဖြူ၏ သိပ္ပံအမည်မှာ ‘ဟိုက်လိုဘိတ် လာ’ ဖြစ်သည်။ မျောက်လွှဲကျော်လက်ဖြူသည် မျောက်လွှဲကျော်မျိုး မျိုးရင်းဝင်ဖြစ်ပြီး မျိုးပြုန်းတီးမှုအန္တရာယ်ကျရောက်နေသော မျိုးစိတ်လည်းဖြစ်သည်။ မျောက်လွှဲကျော်များအနက် လူသိအများဆုံးမျိုးစိတ်ဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်များတွင် တွေ့နေကျ မျိုးစိတ်လည်းဖြစ်သည်။

သွင်ပြင်လက္ခဏာ[ပြင်ဆင်ရန်]

မျောက်လွှဲကျော်လက်ဖြူ၏ ကိုယ်အရောင်အဆင်းမှာ အနက်ရောင်၊ အညိုရင့်ရောင်မှသည် အညိုနုရောင်၊ သဲရောင် စသဖြင့် ရှိလေသည်။ လက်နှင့်ခြေချောင်းတို့တွင်မူ အဖြူရောင် ဖြစ်သည်။ နက်မှောင်သည့် မျက်နှာပြင်တစ်ဝိုက်တွင်မူ အဖြူရောင်အမွေးများဖြင့် ဖုံးလွှမ်းထားသည်။ အရောင်အဆင်းဖွဲ့စည်းမှုများ နှင့် ပတ်သက်ပြီး မျောက်လွှဲကျော်အထီးနှင့် အမတို့မှာ မတူညီကြပေ။ မျောက်လွှဲကျော်လက်ဖြူများသည် ၎င်းတို့၏ လက်မောင်းများကို အသုံးပြုကာ သစ်ကိုင်းများကို လွှဲခိုလျက် သွားလာတတ်ကြသည်။

ပျံ့နှံ့တည်ရှိပုံနှင့် ဓလေ့သဘာဝ[ပြင်ဆင်ရန်]

မျောက်လွှဲကျော်လက်ဖြူတို့ကို အင်ဒိုနီးရှားမလေးရှားလာအိုမြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် တွေ့ရသည်။ [၄]တစ်ချိန်ကမူ ယင်းတို့ကို တရုတ်ပြည်အနောက်တောင်ပိုင်းမှ မြန်မာ၊ ထိုင်းနှင့် မလေးရှားကျွန်းဆွယ်အထိ လည်းကောင်း၊ စူမတ်တြားကျွန်း၏ တစိတ်တပိုင်းတွင်လည်းကောင်း တွေ့ရှိခဲ့ရသည်။ မကြာသေးမီနှစ်များအတွင်း မျောက်လွှဲကျော်လက်ဖြူများ၏ ကျက်စားရာနယ်မြေသည် လျော့နည်းကျဆင်းလာပြီး တစ်ခုနှင့်တစ်ခု ပြတ်တောက်လာခဲ့သည်။ တရုတ်ပြည်တွင် မျိုးပြုန်းတီးပျောက်ကွယ်သွားပြီဟု ယူဆရပြီး အကယ်၍ တွေ့ရှိမည် ဆိုပါက ယူနန်ပြည်နယ်တွင်သာ တွေ့ရှိနိုင်မည်ဟု ယူဆရသည်။[၅]

မျောက်လွှဲကျော်လက်ဖြူများသည် ရွက်ကြွေတောများ၊ ဝါးရုံတောများ၊ အမြဲစိမ်းတောများတွင် ကျက်စားလေ့ရှိ သည်။ ယင်းတို့အား ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၂၀ဝ ထက် ပို၍မြင့်သောအရပ်များတွင် မတွေ့ရ ပေ။[၆]

အစားအစာ[ပြင်ဆင်ရန်]

မျောက်လွှဲကျော်လက်ဖြူတို့၏ နေ့စဉ်စားသောအစားအစာ၏ ၂၅% မှာ သစ်သီးသစ်ဥများ ဖြစ်သော်လည်း သစ်ရွက်နုများက ၂၉%၊ အင်းဆက်ပိုးမွှား ၁၃%၊ ပန်းများက ၈% ပါဝင်လေသည်။[၇]

မျိုးပွားခြင်း[ပြင်ဆင်ရန်]

တစ်နှစ်ပတ်လုံး မျိုးပွားနိုင်လေသည်။ မတ်လမှ အောက်တိုဘာလအတွင်း အများဆုံးသားပေါက်သည်။ သားတစ်ကောင်တည်းသာ ပေါက်သည်။ ရင်သွေးအား နှစ်နှစ်အရွယ်အထိ ထိန်းသိမ်းစောင့်ရှောက်သည်။ အ သက် ၈နှစ်သားအရွယ်တွင် အရွယ်ရောက်သည်။ [၈]သဘာဝတောရိုင်းအတွင်းတွင် သက်တမ်းမှာ ၂၅ နှစ် ဖြစ်သည်။[၉]

ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ[ပြင်ဆင်ရန်]

မျောက်လွှဲကျော်လက်ဖြူများအား ခြိမ်းခြောက်နေသော ဘေးအန္တရာယ်များမှာ ၎င်းတို့အား အသားအတွက် သတ်ဖြတ်ခြင်း၊ အကောင်ပေါက်ကလေးများအား ဖမ်းဆီးရန်အတွက် မိဘများအားသတ်ဖြတ်ခြင်း၊ ၎င်းတို့ ကျက်စားရာသဘာဝပတ်ဝန်းကျင်များအား ဖျက်ဆီးခြင်းတို့ ဖြစ်သည်။ [၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. Wilson၊ D.E.; Reeder၊ D.M., eds. (၂၀၀၅)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (တတိယအကြိမ် ed.)။ ဂျွန်ဟော့ကင်းတက္ကသိုလ် ပုံနှိပ်တိုက်။ pp. 179–180။ ISBN 978-0-8018-8221-0OCLC 62265494
  2. Brockelman, W. (2020). "Hylobates lar". IUCN Red List of Threatened Species 2020. IUCN. doi:10.2305/IUCN.UK.2020-2.RLTS.T10548A17967253.en. 
  3. Appendices | CITES
  4. Brandon-Jones, D (2004). Asian primate classification. Int J Primatol. pp. 97–164.
  5. Brandon-Jones D, Eudey AA, Geissmann T Groves CP, Melnick DJ, Morales JC, Shekelle M, Stewart (2004). Asian primate classification. Int J Primatol. pp. 97–164.
  6. Chivers DJ (1972). The siamang and the gibbon in the Malay Peninsula. Gibb Siam 1. pp. 103–35.
  7. Rowe, Noel. Pictorial Guide to the Living Primates. East Hampton, N.Y. : Pogonias Press, 1996.
  8. Barelli C, Heistermann M, Boesch C, Reichard UH (2008). Mating patterns and sexual swellings in pair-living and multimale groups of wild white-handed gibbons, Hylobates lar. Anim Behav 75(3). pp. 991–1001.
  9. Barelli C, Heistermann M, Boesch C, Reichard UH (2007). Sexual swellings in wild white-handed gibbon females (Hylobates lar) indicate the probability of ovulation. Horm Behav 51. pp. 221–30.
  10. Yimkao P, Srikosamatara S (2006). Ecology and site-based conservation of the white-handed gibbon (Hylobates lar L.) in human-use forests in Mae Hong Son province, northern Thailand. Nat Hist Bull Siam Soc 54. pp. 109–38.