အသုံးပြုသူ:Aunghtike/people/athletes

ဝီကီပီးဒီးယား မှ

သို့ရာတွင် ထည့်သွင်း ကျင်းပမည့် အားကစားနည်း များမှာ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ကျမှ သေချာစွာ သိကြရမည်ဟု ဆိုသည်။ အားကစားနည်းများ မသေ ချာ သေးသဖြင့် ယင်း အားကစား နည်းများတွင် ပါဝင် ယှဉ်ပြိုင်ရန် လေ့ကျင့်နေ ကြသည့် အားကစားသမားများ ပဏာမ စာရင်းများလည်း သက်ဆိုင်ရာ အားကစားနည်း အလိုက် ထုတ်ပြန် ကြေ ညာနိုင်ခြင်း မရှိသေးပါ။ သို့ဖြစ်ရာ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတွင် မြန်မာ နိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် တပ်မတော်သား အားကစား သမားများ မည်သည့် အားကစား နည်းတွင် မည်မျှ ပါဝင်ကြမည် ဆိုသည်ကိုလည်း မသိကြရ သေးပါ။

ရွှေခေတ်

မြန်မာ အားကစားသမားများ ရွှေခေတ် ထူထောင်ခဲ့စဉ်က ကျွန်းဆွယ် အားကစား ပြိုင်ပွဲများနှင့် ဆီးဂိမ်းစ် ကနဦး ခေတ်ကမူ တပ်မတော်သား အားစားသမား များသည် အကြိမ် တိုင်းပင် မြန်မာ့ လက်ရွေးစင် အားကစား သမားများအဖြစ် ပါဝင် ဆင်နွှဲ ခဲ့ကြသည်။ ပြေးခုန်ပစ်၊ သေနတ်ပစ်၊ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက် ဘော၊ လက်ဝှေ့၊ အလေးမ စသည့် အားကစား နည်းများတွင် မြန်မာ့ လက်ရွေးစင် အားကစား သမားများ အဖြစ် ပါဝင်ယှဉ်ပြိုင် ခဲ့ကြရုံမက အောင်ပွဲများပင် ရရှိ ခဲ့ကြသည်။

လွတ်လပ်ရေးနှင့် အတူ

မြန်မာ့ တပ်မတော်၏ အားကစား လှုပ်ရှားမှုများမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည်နှင့် အတူ စတင် ထူထောင် နိုင်ခဲ့ကြသည်။ ဘောလုံး အားကစားနည်းဖြင့် စတင်ခဲ့သည်။ လွတ်လပ်သော မြန်မာ နိုင်ငံတော်၏ တပ်မတော် ဘောလုံး အားကစား ကဏ္ဍကို ဗိုလ်မှူးကြီး ဘရွှေ (ကွယ်လွန်) နှင့် ဗိုလ်မှူးကြီး ဂွမ်ရှိန် (ကွယ်လွန်) တို့က ဦးဆောင် ခဲ့သည် ဆိုလျှင် မမှားပါ။ ယင်းတို့ နှစ်ဦးစလုံးမှာ ဂျပန်ခေတ်၊ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း ဘောလုံးပွဲများ၌ စတင်ကာ ပါဝင် ကစားခဲ့ကြ သူများ ဖြစ်သည်။ မြန်မာ နိုင်ငံတော် လွတ် လပ်ရေး ပြန်လည် ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှာပင် တပ်မတော် ဘောလုံး အသင်းကို စတင် ဖွဲ့စည်းခဲ့သည်။ ယင်းနောက် ဘီအေအေက ကြီးမှူး ကျင်းပသည့် ဒန်းလော့ ဖလား ရှုံးထွက်ပြိုင်ပွဲတွင် မြို့မ ဘောလုံး အသင်းအား ၃-၁ ဂိုးဖြင့် နိုင်ပြီး ဒိုင်းဆု ရရှိခဲ့ သည်။ တပ်မတော် အသင်း၏ ပထမဆုံး အောင်ပွဲပင်ဖြစ်သည်။ တပ်မတော် ဘောလုံး အသင်းတွင် ပါဝင် ကစားကြ သူများမှာ (ဂိုး)ဝေလင်း၊ (နောက်တန်း) ဒေါင်ဂျောင်းနှင့် စိန်ဝင်း(ဝါဆေး)၊ (အလယ်တန်း) စောဘနီ၊ မောင်သောင်း၊ စောနီ၊ (ရှေ့တန်း) မိုက်ကယ်ရွှေ၊ ဂွမ်ရှိန်၊ ဘရွှေ၊ ဘသန်းနှင့် ဘစိန်တို့ ဖြစ်ကြသည်။

လက်ရွေးစင်

ဘီအေအေ ပြိုင်ပွဲများတွင် ခြေစွမ်းပြနိုင် မှုကြောင့် ၁၉၄၈ ခုနှစ်တွင် ပထမဆုံး ဖွဲ့စည်းသည့် မြန်မာ့ လက်ရွေးစင် အသင်းတွင် တပ်မတော် ဘောလုံးသမား ဖြစ်ကြသည့် ဂွမ်ရှိန်၊ စောနီ၊ ဘသန်း၊ စိန်ဝင်း(ဝါဆေး) စသူတို့ ရွေးချယ် ခံခဲ့ရသည်။ တပ်မတော် ဘောလုံး အသင်းသည် အမှတ်ပေး ပြိုင်ပွဲ၌ ငါးနှစ်ဆက်တိုက် ပထမ ရရှိခဲ့သည့် အသင်း လည်း ဖြစ်သည်။ ဂွမ်ရှိန်နှင့် ဘရွှေတို့မှ စကာ တင်မောင် (ဂိုး) အထိ မြန်မာ့ လက်ရွေးစင် အသင်းတွင် ပါဝင်ကစားခဲ့သူများမှာ ဘောလုံး အသင်းနှစ်သင်း စာမက ရှိခဲ့သည်။ ယင်း တို့ အထဲမှာ မှတ်မိသမျှ တင်ပြရလျှင် ဂွမ်ရှိန်၊ ဘရွှေ၊ စောနီ၊ စိန်ဝင်း(ဝါဆေး)၊ ဘကြူး၊ မောင်သောင်း၊ ထွန်းအောင်၊ ဖမြေင့်၊ ကျော်စိန်၊ လှမောင်(ဂိုး) စသည်တို့မှာ ခေတ်ဦးပိုင်းက လက်ရွေးစင် အချို့ဖြစ်သည်။ ခေတ်လယ်ပိုင်း(ဝါ) ရွှေခေတ်တွင် တင်အောင်၊ သန်းအောင်၊ ကျော်သောင်း၊ သန်းလွင်၊ ဘရီ၊ တင်အေး၊ ဗဟာဒူး၊ စတိုင်၊ ဘပု၊ ကျော်ဇော၊ တင်သောင်း၊ တင်ကြည်၊ ကျော်အေး၊ မောင်ကို၊ ဒေးဗစ်ကျော်ဇံ၊ မြင့်သန်း၊ ကျွမ်းကျော်မင်း၊ ကြည်သိန်း စသည် တို့မှာ မြန်မာ့ဘောလုံး ရွှေခေတ်ကို ထူထောင်ခဲ့သူများ ဖြစ်ကြ သည်။ ယင်းနောက်တွင်မူ မြန်မာ့ အားကစားနှင့် အတူ တပ်မတော် ဘောလုံး အသင်းသည်လည်း တဖြည်းဖြည်း အောင်မြင်မှုများ ဝေးကွာခဲ့သည်။ ၁၉၇၅ ခုနှစ် နောက်ပိုင်း ဖွဲ့စည်းသည့် မြန်မာ့ လက်ရွေးစင် အသင်းတွင် တပ်မတော်သား ဘောလုံးသမား အချို့ လက်ရွေး စင် အဖြစ် ပါဝင် ခဲ့ကြသည်။ သို့ရာတွင် မြန်မာ့ ဘောလုံးလောက ကျဆုံးမှုနှင့် အတူ လက်ရွေးစင် ဘောလုံး သမားများမှာလည်း ထင်ရှား ကျော်ကြားခြင်း မရှိသည့် အထဲတွင် တပ်မတော် ဘောလုံးသမား အချို့လည်း ပါဝင်သွားသည်။

ပြေးခုန်ပစ်

မြန်မာ့ အားကစား လောကတွင် ပြိုင်ပွဲများ အားလုံး၌ ရွှေတံဆိပ် ရရှိမှု အနေ အထား အရ အအောင်မြင်ဆုံး အားကစား နည်းမှာ ပြေးခုန်ပစ် အားကစား နည်းပင်ဖြစ်သည်။ ၁၉၅ဝ ပြည့်နှစ် (၅၁) ပထမ အကြိမ်မြောက် အာရှ အားကစားပွဲမှ စကာ ၂ဝ၁၁ အင်ဒိုနီးရှား ဆီးဂိမ်းစ်အထိ ပြေးခုန်ပစ် အားကစားနည်းက ဆွတ်ခူးထား သည့် ဆုတံဆိပ် များမှာ ရွှေတံဆိပ် ၁၇၅ ဆု၊ ငွေတံဆိပ် ၁၇၇ ဆု၊ ကြေးတံဆိပ် ၁၂၉ ဆုဖြစ်သည်။ အာရှ အားကစား ပွဲတွင်လည်းရွှေ ၁၊ ငွေ ၃၊ ကြေး ၄ ဖြစ်သည်။ အာရှ တံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲတွင်ရွှေ ၃၊ ငွေ ၂ ဖြစ်သည်။ အခြားသော ဖိတ်ခေါ် ပြိုင်ပွဲများ၊ နိုင်ငံ တံခွန်စိုက် (OPEN) ပြိုင်ပွဲများတွင်လည်း ရွှေငွေကြေး တံဆိပ်များ ဆွတ်ခူး နိုင်ခဲ့ကြသည်။ မြန်မာ့ ပြေး ခုန်ပစ် လက်ရွေးစင် အားကစားသမား များထဲတွင် တပ်မတော်သား ပြေးခုန်ပစ် မောင်မယ်များ ပါဝင်ခဲ့သည်။ ၁၉၅၉ ပထမ ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၁ ဆု ဆွတ်ခူးခဲ့ရာ ပြေးခုန်ပစ်က ရွှေတံဆိပ် ၅ ဆု ရခဲ့သည်။ တပ်မတော်သား ပြေးခုန်ပစ် သမားများ ဖြစ်ကြ သည့် အာဖူးက မီတာ ၅,ဝဝဝ နှင့် နော်ဖားမာက သံပြားဝိုင်း ပစ် တွင် ရွှေတံဆိပ်ဆု ဆွတ်ခူးပေးခဲ့သည်။ ပထမအကြိမ် ကျွန်းဆွယ် အားကစား ပြိုင်ပွဲမှစကာ တပ်မတော်သား ပြေးခုန်ပစ် သမားများမှာ နိုင်ငံတော် အတွက် ရွှေတံဆိပ်များ ဆွတ် ခူး ပေးခဲ့ကြသည်။ မှတ်မိသလောက် တင်ပြ ရလျှင် မီတုန်နော်၊ ရှင်ဗွေဂမ်း၊ သိန်းဝင်း (သံလုံး)၊ ကျော်ညွန့် (၁ဝမျိုးစုံ)၊ ဇော်ဝိတ်(သံပြား)၊ ကျော်ဇော (တုတ်ထောက်ခုန်)၊ လှသိန်း (မာရသွန်)၊ ဘုန်းမြင့်(မီတာ ၁၁ဝ တန်းကျော်ပြေး)၊ ကိုကို(မာရသွန်)၊ သန့်ဇင် (အလျားခုန်)၊ ရောဘတ် (မီတာ ၁ဝ,ဝဝဝ)၊ ခင်စိုး(မာရသွန်)၊ ကျော်ဇင်(ကြိုးတပ်သံလုံး)၊ အောင် စိုးခိုင်(တာဝေး)၊ ဖီးလစ်(တာဝေး)တို့မှာ အအောင်မြင်ဆုံး မြန်မာ့ လက်ရွေးစင် တပ်မတော်သားများ ဖြစ်ကြသည်။ စစ်သမီးများ အနဖြေင့်လည်း မြမြ၊ ဘာဘရာ ကျော်ဘွား တို့မှာ ပြေးခုန်ပစ် လက်ရွေးစင် စစ်သမီးများ ဖြစ်ကြသည်။

ပြန်လှည့်ခဲ့ကြပါ

တိုင်းပြည် အေးချမ်းသာယာသော ကာလတွင် အားကစားနည်း ပေါင်းစုံတွင် တပ်မတော်သား များသည် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစား သမားများ ဘဝဖြင့် နိုင် ငံတော် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြသည်မှာ ဘောလုံး၊ ပြေးခုန်ပစ်တို့တွင်သာ မဟုတ်ဘဲ လက်ဝှေ့၊ ဘော်လီဘော၊ အလေးမ၊ သေနတ်ပစ် အားကစား နည်းများ မှာပင် ထင်ရှား ကျော်ကြား ခဲ့ကြသည်။ တပ်မတော်သား အားလုံး ကျန်းမာ ချမ်းသာစွာဖြင့် အားကစား ပြိုင်ပွဲများထဲတွင် ရှိနေချင် ကြပါသည်။ တိုင်းပြည်၏ တာဝန်ကို အားက စား ပွဲများ မှတစ်ဆင့် ကျေပွန်စွာ ထမ်းဆောင်ကြမည့် ရက်ကို မျှော်လင့်တောင့်တ၊ ဆုမွန်ကောင်း တောင်းနေ ရကြောင်းပါ။

http://www.myawady.com.mm/library/stories/sportstories/item/1761-2012-12-14-08-42-42#.UQIVmx3BOSo

တင်အောင်
သန်းအောင်
ကျော်သောင်း
သန်းလွင်
ဘရီ
တင်အေး
ဗဟာဒူး
စတိုင်
ဘပု
ကျော်ဇော
တင်သောင်း
တင်ကြည်
ကျော်အေး
မောင်ကို
ဒေးဗစ်ကျော်ဇံ
မြင့်သန်း
ကျွမ်းကျော်မင်း
ကြည်သိန်း
ဂွမ်ရှိန်
ဘရွှေ
စောနီ
စိန်ဝင်း(ဝါဆေး)
ဘကြူး
မောင်သောင်း
ထွန်းအောင်
ဖမြေင့်
ကျော်စိန်
လှမောင်(ဂိုး)
မီတုန်နော်
ရှင်ဗွေဂမ်း
သိန်းဝင်း(သံလုံး)
ကျော်ညွန့်(၁ဝမျိုးစုံ)
ဇော်ဝိတ်(သံပြား)
ကျော်ဇော(တုတ်ထောက်ခုန်)
လှသိန်း(မာရသွန်)
ဘုန်းမြင့်(မီတာ၁၁ဝတန်းကျော်ပြေး)
ကိုကို(မာရသွန်)
သန့်ဇင်(အလျားခုန်)
ရောဘတ်(မီတာ၁ဝ,ဝဝဝ)
ခင်စိုး(မာရသွန်)
ကျော်ဇင်(ကြိုးတပ်သံလုံး)
အောင်စိုးခိုင်(တာဝေး)
ဖီးလစ်(တာဝေး)
မြမြ
ဘာဘရာ
ကျော်ဘွား
(ဂိုး)ဝေလင်း
(နောက်တန်း)ဒေါင်ဂျောင်း
စိန်ဝင်း(ဝါဆေး)
(အလယ်တန်း)စောဘနီ
မောင်သောင်း
စောနီ
(ရှေ့တန်း)မိုက်ကယ်ရွှေ
ဂွမ်ရှိန်
ဘရွှေ
ဘသန်း