မြင့်သန်း
| မြင့်သန်း | |
|---|---|
| မွေးဖွား | ၂၃ ဇွန်၊ ၁၉၄၉ ရန်ကုန်၊မြန်မာ |
| အလုပ်အကိုင် | စာရေးဆရာ |
| အိမ်ထောင်ဖက်(များ) | ဒေါ်သန်းသန်းရည် |
မြင့်သန်း (၂၃ ဇွန် ၁၉၄၉ မွေးဖွား)သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ထူးခြားသော သူ၏ ဖန်တီးစာအရေးအသားတို့မှာ စာဖတ်ပရိသတ်များအကြားတွင် ထင်ရှားသည်။
အတ္ထုပ္ပတ္တိအကျဉ်း
[ပြင်ဆင်ရန်]မြင့်သန်းကို ၁၉၄၉ ခု ဇွန်လ ၂၃ ရက် ကြာသပတေးနေ့တွင် မွေးဖွားသည်။ မိဘများမှာ ယောဂီ ဦးတင် နှင့် ဒေါ်အေးကျင်တို့ ဖြစ်ကြသည်။
ငယ်စဉ်မှ ၁၉၆၄ ခုထိ စိန့်ဂျွန်းယောက်ျားလေးများကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ရန်ကုန်တက္ကသိုလ်တွင် ဒဿနိကဗေဒ အဓိကပြုကာ ဆက်လက်ပညာဆည်းပူးခဲ့သည်၊ ဘွဲ့လွန်ပညာရပ်များကို ရန်ကုန်တက္ကသိုလ်၊ ဆစ်ဒနီတက္ကသိုလ် နှင့် ဆစ်ဒနီအနောက်ဘက်တက္ကသိုလ် များတွင် လေ့လာဆည်းပူးခဲ့သည်။
စာပေရေးသားခြင်း၊ ဘာသာစကား လေ့လာခြင်းနှင့် အခြား ပညာရပ်အချို့ကို ဆက်လက်လေ့လာ ဆည်းပူးခဲ့သည်။ ဆရာဇော်ဂျီ ညွှန်းခဲ့သော 'ပြောက်ကျားစာရေးဆရာ' ဘဝကို သဘောကျသဖြင့် အချိန်ရသည့်အခါ စာတစ်ပုဒ်စ၊ နှစ်ပုဒ်စ ရေးနိုင်ရန် အားထုတ်လေ့ရှိသည်။
"လွတ်လပ်ခြင်း အယူအဆများကို နှိုင်းယှဉ်လေ့လာခြင်း" နှင့် "မြန်မာပြည်သို့ လာရောက်ခဲ့သော ကိုလိုနီအရာရှိတို့၏ အရေးအသားအား ပြန်လည်လေ့လာချက်" ကျမ်းများ ရေးသားခဲ့သည်။
မြန်မာ မော်ဒန်ကဗျာများကို English ဘာသာသို့ ပြန်ဆိုရန် အားထုတ်နေသည်။ "ဗမာဟု ပုံဖော်ခံရသော မြန်မာများအကြောင်း" လေ့လာချက်ကို ရေးသားပြုစုလျက်ရှိသည်။
ရေးသားထုတ်ဝေခဲ့သောစာအုပ်များစာရင်း
[ပြင်ဆင်ရန်]| စဉ် | အမည် | ထုတ်ဝေနှစ် | ထုတ်ဝေခဲ့သောစာအုပ်တိုက် | မှတ်ချက် |
|---|---|---|---|---|
| ၁ | သူရေး၍ သူကြိုက်သော ဝတ္ထုတိုများ | ၁၉၉၇ | မုံရွေးစာပေ | (ပင်ကိုရေး) |
| ၂၀၂၁ | နှစ်ကာလများစာပေ | (ဒုတိယအကြိမ်) | ||
| ၂ | သူဖတ်သောစာ သူရေးသောစာ | ၂၀၀၀ | ရွှေစာပေ | |
| ၃ | ဖရန့်(ဇ်)ကာ(ဖ)ကာ၏ စာ | ၂၀၀၁ | ရာပြည့်စာပေ | (ဘာသာပြန်) |
| ၄ | လွင့်မျောနေသော ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး | ၂၀၀၂ | ရွှေစာပေ | (ပထမအကြိမ်)(ဘာသာပြန်) |
| ၂၀၂၀ | နှစ်ကာလများစာပေ | (ဒုတိယအကြိမ်) | ||
| ၅ | ကာ(ဖ)ကာ၏ အရေးအသားများ၊ သမာဓိ၌ တည်ခြင်းနှင့် ပြောင်းလဲခြင်း | ၂၀၀၂ | မုံရွေးစာပေ | (ဘာသာပြန်) |
| ၆ | ကျွန်တော်နှင့် အခြားသူတို့ အကြောင်းများ | Quality Publishing House | (ပထမအကြိမ်) | |
| ၂၀၁၅ | နှစ်ကာလများစာပေ | (ဒုတိယအကြိမ်) | ||
| ၇ | ရောရောယောင်ယောင် မောင်ဘမောင်နှင့် ရပ်ထဲရွာထဲက ဝတ္ထုများ | ၂၀၀၃ | မုံရွေးစာပေ | (ပင်ကိုရေး) |
| ၈ | ဘေးမှနေ၍ အားပေးခြင်း၊ လူးစယွန်၏ ဝတ္ထုတိုများ | ၂၀၀၄ | (ဘာသာပြန်) | |
| ၉ | ဒဗ္ဗလင်မြို့ကလူများ | (ပထမအကြိမ်)(ဘာသာပြန်) | ||
| ၂၀၁၃ | ရာပြည့်စာပေ | (ဒုတိယအကြိမ်) | ||
| ၁၀ | သူဖတ်၍ သူကြိုက်သော အရေးအသားများ | ၂၀၀၄ | မုံရွေးစာပေ | (ပင်ကိုရေး) |
| ၁၁ | ပန်းရောင်လမ်းထောင့်မှလူနှင့် ဟောဟဲလီးဝစ်ဘော့(ရ)ဂဲ၏ လက်ရွေးစင်ဝတ္ထုတိုများ | ၂၀၀၅ | ရာပြည့်စာပေ | (ဘာသာပြန်) |
| ၁၂ | ရွာ၏အခြားတစ်ဖက်ရှိ ချောင်းမှရေနောက်ကျိရသည့်အကြောင်း | မုံရွေးစာပေ | (ပင်ကိုရေး) | |
| ၁၃ | အလ်ဘတ်ကမူး၏ ဝတ္ထုတိုများ | ၂၀၀၆ | ရာပြည့်စာပေ | (ဘာသာပြန်) |
| ၁၄ | ပို့စ်မော်ဒန်နှင့်စပ်လျဉ်းသောအရေးအသားများ | နှစ်ကာလများစာပေ | (ပထမအကြိမ်) | |
| ၂၀၁၄ | (ဒုတိယအကြိမ်) | |||
| ၁၅ | ဆင်ခြင်ခြင်း၏ အပသို့ ရောက်သွားသော လူတို့၏အကြောင်းများ | ၂၀၀၇ | စိတ်ကူးချိုချိုစာပေ | (ပင်ကိုရေး) |
| ၁၆ | ရေးရေးသာ မြင်ရသော တောင်ကုန်းကလေးများ | ၂၀၀၈ | ရာပြည့်စာပေ | (ပထမအကြိမ်)(ဘာသာပြန်) |
| ၂၀၁၉ | နှစ်ကာလများစာပေ | (ဒုတိယအကြိမ်) | ||
| ၁၇ | ပစ္စုပ္ပန်ကို ရှာမတွေ့နိုင်ကြသူများ | မုံရွေးစာပေ | ||
| ၁၈ | ဘော(လ)ဇက်နှင့် အပ်ချုပ်သမကလေး | (ပထမအကြိမ်)(ဘာသာပြန်) | ||
| ၂၀၁၆ | ရာပြည့်စာပေ | (ဒုတိယအကြိမ်) | ||
| ၂၀၂၃ | နှစ်ကာလများစာပေ | (တတိယအကြိမ်) | ||
| ၁၉ | ဘာသာစကားအခြေခံ တည်ဆောက်မှုအတွင်းမှ | ၂၀၁၀ | ကျော်မွှေးစာပေ | |
| ၂၀ | တို့များ အချစ်အကြောင်း ပြောကြတဲ့အခါ၊တို့များပြောကြတာတွေက...နှင့် အခြားဝတ္ထုတိုများ | ၂၀၁၀ | ရာပြည့်စာပေ | (ဘာသာပြန်) |
| ၂၁ | ဖရန့်(ဇ)ကာ(ဖ)ကာ၏ ပြောင်းလဲခြင်းနှင့် အခြားဝတ္ထုတိုများ | ၂၀၁၂ | ||
| ၂၂ | စသည် စသည်ဖြင့်... | နှစ်ကာလများစာပေ | ||
| ၂၃ | ဆွန်ဇ၏စစ်ပညာ | မုံရွေးစာပေ | ||
| ၂၄ | လှေကားထစ်တွေနှင့် အခြားဝတ္ထုတိုများ | (ပင်ကိုရေး) | ||
| ၂၅ | စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင် | ၂၀၁၄ | နှစ်ကာလများစာပေ | |
| ၂၆ | မလိမ်တတ်၊ မညာတတ်တဲ့ လူတစ်ယောက်နှင့် အခြားဝတ္ထုတိုများ | ရာပြည့်စာပေ | (ဘာသာပြန်) | |
| ၂၇ | လောဝ်ရှယ် မလိမ်တတ်၊ မညာတတ်တဲ့ လူတစ်ယောက်နှင့် အခြားဝတ္ထုတိုများ | ၂၀၂၂ | နှစ်ကာလများစာပေ | (ဒုတိယအကြိမ်) |
| ၂၈ | ယောန်-ပေါလ်ဆာ(ရ)ထာ လက်ရွေးစင် | ၂၀၁၄ | ရာပြည့်စာပေ | (ဘာသာပြန်) |
| ၂၉ | ဟရူကီ မူရာကာမိ၏ ပြတင်းတစ်ပေါက်နှင့် အခြားဝတ္ထုတိုများ | နှစ်ကာလများစာပေ | ||
| ၃၀ | လက်တစ်ဝါးစာဝတ္ထုတိုများ | ၂၀၁၅ | ||
| ၃၁ | ဆင်မြူရယ် ဘက်ကက်၏ ပြဇာတ်တိုသုံးပုဒ် | မုံရွေးစာပေ | ||
| ၃၂ | အယ်ဘတ်ကမူးလက်ရွေးစင် | ရာပြည့်စာပေ | (ဒုတိယအကြိမ်) | |
| ၃၃ | ရောရောရောင်ရောင် မောင်ဘမောင်ဝတ္တုတိုများ | နှစ်ကာလများစာပေ | (ပင်ကိုရေး) (ဒုတိယအကြိမ်) | |
| (တတိယအကြိမ်) | ||||
| ၂၀၂၃ | (စတုတ္ထအကြိမ်) | |||
| ၃၄ | ဗစ်ဂိုင်းရှတိုင်းဘက်မှ ချေပပေးရန်ဖြစ်လာခြင်းနှင့် ဒဿနပညာရပ်ဆိုင်ရာ အခြားအရေးအသားများ | ၂၀၁၅ | ||
| ၃၅ | ဂူ | ၂၀၁၆ | ရာပြည့်စာပေ | (ဘာသာပြန်) |
| ၃၆ | အရပ်တစ်ပါးမှ ဝတ္ထုတိုများ | နှစ်ကာလများစာပေ | (ပင်ကိုရေး) | |
| ၃၇ | နယ်ဘက်ကျေးဘက်မှ ဝတ္ထုတိုများ | |||
| ၂၀၂၄ | (ဒုတိယအကြိမ်) | |||
| ၃၈ | မိုးကုန်ပြီးစတစ်နေ့၌ ကျေနပ်စွာလွမ်းဆွတ်ရခြင်းနှင့် အခြားဝတ္ထုတိုများ | ၂၀၁၇ | The Key | |
| ၃၉ | လက်တင်အမေရိကဝတ္ထုတိုများ | နှစ်ကာလများစာပေ | (ဘာသာပြန်) | |
| ၄၀ | မြန်မာမိန်းမစာရေးသူတို့၏ အရေးအသားအချို့ | |||
| ၄၁ | ရောက်တတ်ရာရာ တရုတ်ပြည်မှ ပေးစာများ (ပထမတွဲ) | (ပေးစာ) | ||
| ၄၂ | မြင့်သန်းနှင့် အမေးအဖြေ - ကျော်ဇောခိုင် | နှင်းဆီဖြူစာပေ | (အင်တာဗျူး) | |
| ၄၃ | အခြားသူတို့၏ ဝတ္ထုတိုများ | ၂၀၁၈ | The Key | (ဘာသာပြန်) |
| ၄၄ | ဝါန်အန်းယီ၏ ဝတ္ထုတိုများ | နှစ်ကာလများစာပေ | ||
| ၄၅ | ဖူးကိုး၏ လွတ်လပ်ခြင်းဆိုင်ရာ အမြင် | မုံရွေးစာပေ | ||
| ၄၆ | အတွေးနောက်က အရေး(တောက်တိုနှင့် မမည်မရများ) | ၂၀၁၈ | နှစ်ကာလများစာပေ | |
| ၄၇ | အတွေးနောက်က အရေး ၂ (နိုင်ငံတို့ရဲ့ အရေး။ ပေါက်နဲ့ကျေးနဲ့ လောက်လေးခွနဲ့ လောက်စာလုံးနဲ့..) | ၂၀၁၈ | ||
| ၄၈ | မြို့ကြီးပြကြီးထဲကဝတ္ထုများ | ၂၀၁၉ | (ပင်ကိုရေး) | |
| ၄၉ | တရုတ်ပြည်ရဲ့မဟာတံတိုင်းကြီးနှင့် အခြားဝတ္ထုတိုများ | (ပထမအကြိမ်)(ဘာသာပြန်) | ||
| ၂၀၂၂ | (ဒုတိယအကြိမ်) | |||
| ၅၀ | စူထုံ၏ ဝတ္ထုတိုများ | ၂၀၂၀ | (ဘာသာပြန်) | |
| ၅၁ | အရပ်တစ်ပါးမှ ဝတ္တုများ ၂ | ၂၀၂၂ | (ပင်ကိုရေး) | |
| ၅၂ | လောဝ်ရှယ် မလိမ်တတ်၊ မညာတတ်တဲ့ လူတစ်ယောက်နှင့် အခြားဝတ္ထုတိုများ | ၂၀၂၂ | ||
| ၅၃ | ယူတာဖူး၏ ဝတ္ထုများ | ၂၀၂၃ | (ဘာသာပြန်) | |
| ၅၄ | အယ်ဘတ်ကမူး၏ အရေးအသားများ | (ဘာသာပြန်)(တတိယအကြိမ်) | ||
| ၅၅ | အန်တွန် ချက်ကော့(ဗ)၏ ဝတ္ထုတိုများ | (ဘာသာပြန်) | ||
| ၅၆ | အလ်ဘတ်ကမူး တစိမ်းတရံစာ | ၂၀၂၄ |
ကျမ်းကိုးစာရင်း
[ပြင်ဆင်ရန်]- (က) ကိုယ်ရေးအကျဉ်း၊မလိမ်တတ်၊ မညာတတ်တဲ့ လူတစ်ယောက်(စာအုပ်)၊ရာပြည့်စာအုပ်တိုက်(၂၀၁၄)၊ စာ-၃။
- (ခ) ကိုယ်ရေးအကျဉ်း၊ယောန်-ပေါလ်ဆာ(ရ)ထာ လက်ရွေးစင်(စာအုပ်)၊ ရာပြည့်စာအုပ်တိုက်(၂၀၁၄)၊ စာ-၃။
- (ဂ) အရပ်တစ်ပါးမှ ဝတ္ထုတိုများ ၂(စာအုပ်)၊ နှစ်ကာလများစာပေ(၂၀၂၂)၊ စာ-၃၁၈။