အသုံးပြုသူ:202.191.104.114/sandbox

ဝီကီပီးဒီးယား မှ

ရေမြစ်ကြီးရွာ ေရမြစ်ကြီးရွာသည် တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်မြိတ်မြို့နယ်စန္ဒဝတ်ကျေးရွာအုပ်စုတွင်ပါဝင်ပါသည်။ ရွာသည် ရေမြစ်ကြီး အရှေ့ အနောက် ပေါင်း အိမ်ခြေ ၄၀၀ ခန့်ရှိပါသည် အခြေခံပညာအလယ်တန်းတစ်ကျောင်းနှင့် မူလတန်း တစ်ကျောင်းရှိသည်။ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းရှိပြီး တစ်ရွာလုံး မြိတ်လူမျိုးများဖြစ်ပြီး ဗုဒ္ဓဘာသာကိုးကွယ်ကြသည်။ စီးပွားရေးအနေဖြင့် ငရုပ်၊ သခွား၊ ရုံးပတီ၊ ချဉ်ပေါင်၊ မုံလာ၊ ကြက်ပေါင်စေး(ရာဘာ)၊ ကွမ်းသီးဓနိ၊ စပါး၊ ငါးဖမ်းခြင်း လုပ်ငန်း တို့ကိုစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ဒူးရင်းသီး၊ နာနတ်သီး၊ ကြက်မောက်သီးမင်းဂွတ်သီးနှင့် ကျွဲကောသီးလည်း အနည်းငယ်စိုက်ပျိုးကြသည်။ ရွာတွင် ရှေးနှစ်ပေါင်းများစွာက ထိုင်းဘုရင်များ တည်ထားခဲ့​သော ထိုင်း(ရှမ်း)ဘုရားတစ်ဆူရှိပါသည်။