အရွေ့
ပုံပန်းသွင်ပြင်
အရွေ့ (ရွေ့လျားချက်) | |
---|---|
အပြာရောင်အထင်းမျဉ်းနှင့် ပြထားသည်မှာ အရာဝတ္ထုက တကယ် ရွေ့လျားခဲ့သော ခရီးလမ်းကြောင်းဖြစ်၍ ၎င်း၏အလျား စုစုပေါင်းမှာ အကွာအဝေး (Distance) ဖြစ်၏။ အစိမ်းပြတ်ပြတ်မျဉ်းနှင့် ပြထားသည်မှာ မူလနေရာမှ လက်ရှိနေရာသို့ မည်မျှ ရွေ့လျားချက် ရှိသည် ဟူသော အရွေ့ (Displacement) ဖြစ်၏။ | |
ယေဘုယျ သင်္ကေတ | d |
SI ယူနစ် | မီတာ |
SI အခြေပြု ယူနစ်များ | m |
SI ဒိုင်မင်းရှင်း | L (အလျားသဘော) |
ရူပဗေဒသုံး ဗှတ္တာတစ်ခု ဖြစ်သည့် ရွေ့လျားချက် (သို့) အရွေ့ (အင်္ဂလိပ်: displacement) ဟူသည်မှာ တည်နေရာ ဗှတ္တာ (positon vector) ၂ခု၏ ခြားနားချက်၊ နုတ်လဒ် ဖြစ်၏။
ဤ အရွေ့ဗှတ္တာ (displacement vector) ၏ ပမာဏရင်းသီးသန့်မှာ အကွာအဝေး (distance) ဟူသည့် ပမာဏချည်း အခြင်းအရာ (စကေလာ တိုင်းဖွယ်) ဖြစ်တော့၏။
သို့ဖြင့် ကမ္ဘာသုံး စံယူနစ်မှာ မီတာ ဖြစ်၏။