အမျိုးသားလုံခြုံရေးကောင်စီ

ဝီကီပီးဒီးယား မှ

အမျိုးသားလုံခြုံရေးကောင်စီ (အင်္ဂလိပ်: National Security Council; အတိုကောက် NSC) သည် များသောအားဖြင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သော အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့ခွဲ ဖြစ်သည်။ ထိုအဖွဲ့ကို နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အကြံပေးများ၊ စစ်ဖက်၊ သံတမန်၊ ထောက်လှမ်းရေး၊ ဥပဒေရေးရာ ထိပ်တန်းခေါင်းဆောင်များနှင့် အခြား အစိုးရအဖွဲ့များမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းလေ့ရှိသည်။ မြန်မာနိုင်ငံတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကို ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

တစ်ခါတစ်ရံတွင် နိုင်ငံတစ်နိုင်ငံကို "အမျိုးသား လုံခြုံရေး ကော်မတီ" သို့မဟုတ် "အမျိုးသား လုံခြုံရေး ကောင်စီ" စသော အဖွဲ့အစည်းများမှ အုပ်ချုပ်လေ့ရှိသည်။ ယင်းကဲ့သို့သော အဖွဲ့အစည်းများသည် စစ်အာဏာရှင်စနစ် အစပျိုးခြင်း (သို့မဟုတ် နိုင်ငံရေး မတည်မငြိမ်ဖြစ်မှု) ၏ ရလဒ်လည်း ဖြစ်လေ့ရှိသည်။

အချို့သော နိုင်ငံများရှိ ယင်းကဲ့သို့သော အဖွဲ့အစည်းများသည် အစိုးရ၏ အစိတ်အပိုင်း မဟုတ်သည်လည်း ရှိတတ်သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံရှိ အမျိုးသားလုံခြုံရေး ဗဟိုကော်မရှင်အဖွဲ့သည် အစိုးရ၏ အစိတ်အပိုင်း မဟုတ်ဘဲ အာဏာရပါတီဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။