အမိတာဘ

ဝီကီပီးဒီးယား မှ


အမိတာဘ (သို့) အမိတာယုသ (သင်္သကရိုက်: अमिताभ, အင်္ဂလိပ်: Amitābha) ဟု ဘွဲ့​တော် ရှိသော ဘုရားကို မဟာယာန နှင့် ဝဇီရာယာန ဗုဒ္ဓဘာသာဂိုဏ်းများတွင် အဓိကကိုးကွယ်ကြသည်။ အမိတာဘ ဟူ​သော ဘွဲ့​တော်မှာ အနန္တ​ ရောင်ခြည် ဟု အဓိပ္ပာယ်ရှိ​၍ အမိတာယုသ ဟူသည်မှာ အနန္တ အသက်ရှည်ခြင်းဟု အဓိပ္ပာယ်ရသည်။ အမိတာဘ ဘုရားသည် မဟာယာနဂိုဏ်းခွဲတစ်ခုဖြစ်သည့် ဗုဒ္ဓခေတ္တရာဂိုဏ်းများ(Pureland buddhism) ၏ ပင်တိုင်ကိုးကွယ်​သော ဘုရားလည်း ဖြစ်သည်။

ဖြစ်တော်စဉ်[ပြင်ဆင်ရန်]

သုခဝတီဝယူဟ သုတ်​တော်အရ အမိတာဘဘုရား၏ ဖြစ်​တော်စဉ်မှာ ဤသို့ဖြစ်သည်။

လွန်​လေပြီး​သော ကာလများစွာက တခြား စကြဝဠာတစ်ခုတွင် ဓမ္မကာရ အမည်ရှိ ဘုရင် တစ်ပါး ရှိ​လေသည်။ သူသည် ယင်းအချိန်က ပွင့်ထွန်း​နေ​သော ​လောကေၐွရရာဇာ အမည်ရှိ ဘုရားရှင်ထံတွင် တရားတော်များ နာကြားပြီး​နောက် ဘုရားဆု ပန်ခဲ့​လေသည်။ ထီးနန်းကိုလည်း စွန့်လွှတ်၍ ပါရမီ​တော်များ ဖြည့်ကျင့်တော်မူခဲ့သည်။ သူသည် ဘဝ​ပေါင်း များစွာ ကုသိုလ်​ကောင်းမှုတို့ကို ပြုလုပ်ကာ ပါရမီ​တော်တို့ကို ဖြည့်ဆည်းပြီး​နောက်တွင် အမိတာဘ အမည်ဖြင့် ဘုရားဖြစ်လာခဲ့​လေသည်။

ဘုရားဖြစ်ပြီးသည့်​နောက်တွင် သုခဝတီ ဟူ​သော ဘုံတစ်ခုကို ဖန်ဆင်း၍ စံပါယ်​တော်မူ​နေသည်။ သုခဝတီ ဟူသည်မှာ သုခချမ်းသာအ​ပေါင်းနှင့် ပြည့်စုံ​သောဘုံဟု အဓိပ္ပာယ်ရသည်။ မဟာယာန အယူအဆများအရ အမိတာဘ ဘုရားရှိရာ သုခဝတီဘုံသည် ဤစကြဝဠာမှ အ​နောက်ဖက် စူးစူးတွင် သီးခြား တည်ရှိ​နေသည်။ အမိတာဘ ဘုရား၏ အမည်ကို တမ်းတရွတ်ဆိုသူ ဟူသမျှတို့သည် ​သေလွန်​သောအခါ သုခဝတီဘုံ၌ ဝင်စားကြလိမ့်မည်။ အမိတာဘ ဘုရား​ရှေ့တွင် တရား​တော်များ နာကြားကာ နိဗ္ဗာန်သို့ မျက်​မှောက် ပြုနိုင်မည် ဟုဆိုသည်။

ပုံဖော်ခြင်း[ပြင်ဆင်ရန်]

အမိတာဘုရားပုံတော်အား တိဗက်ရိုးရာမူဖြင့် ပုံဖော်ရေးဆွဲထားပုံ။

အမိတာဘ ဘုရားကို ပုံ​ဖော်​ရေးဆွဲရာတွင် နီမြန်း​သော အသားအ​ရောင်ဖြင့် ​ရေးဆွဲကြသည်။ အမိတာဘ ဘုရားကို အများအားဖြင့် တရားထိုင်​နေဟန် သမာဓိ မုဒြာဖြင့် ပုံ​ဖော်ထားကြသည်။ လက်ယာဘက်တွင် အဝလောကိတေသွရ ဘုရားလောင်း၊ လက်ဝဲဘက် တွင် မဟာသထာမပြာပတ ဘုရား​လောင်းတို့ဖြင့် တွဲ၍လည်း သုံးဆူတွဲ ထုလုပ်ကိုးကွယ်ကြသည်။

အခေါ်အဝေါ်[ပြင်ဆင်ရန်]

အမိတာဘ ဘုရားကို ဘာသာများစွာဖြင့် အောက်ပါအတိုင်း ရေးသား ခေါ်ဆိုကြသည်။

  • သက္ကတ (သင်္သကရိုက်) - अमिताभ (Amitābha)
  • တရုတ် - 阿弥陀佛 (Āmítuófó)
  • ဂျပန် - 阿弥陀仏 (Amida Butsu)
  • ကိုရီးယား - 아미타불 (Amita Bul)
  • မွန်ဂိုလီးယား - Цаглашгүй гэрэлт
  • တိဘက် - འོད་དཔག་མེད་ (Öpakmé)
  • ဗီယက်နမ် - A Di Đà Phật

မန္တာန်များ[ပြင်ဆင်ရန်]

အမိတာဘ ဘုရားကို ပူ​ဇော်သော မန္တရားများမှာ-

သင်္သကရိုက်ဘာသာပုံစံအားဖြင့် - (ॐ अमिताभ ह्रीः (ဒေဝနာဂရီဘာသာစကား : oṃ amitābha hrīḥ (ဥုံ အမိတာဘ ဟရီး))) ဖြစ်သည်။

တိဗက်မူအားဖြင့် 'ဥုံ အမိ​ဒေဝ ဟရီး' ဟုအသံထွက်ကာ [[သက္ကတ (သင်္သကရိုက်) မူဖြင့်(သင်္သကရိုက် : oṃ amideva hrīḥ ( ဥုံ အမိ​ဒေဗ ဟရီး)) ဖြစ်သည်။

ရှင်ကုန်းဗုဒ္ဓဘာသာ မန္တာန်ပုံစံမှာ oṃ amṛta-teje hara hūṃ (ဥုံ အမိရိတ တေးဇေး ဟရ ​တေ​ဇေ ဟရ ဟူးန်) ဖြစ်၍ ဂျပန်ဘာသာဖြင့် 'オン・アミリタ・テイゼイ・カラ・ウン' ဖြစ်သည်။

ယေဘုယျကိုးကားများ[ပြင်ဆင်ရန်]

Amitabah Buddhism article from Britannica