အန်ဒါစေတီတော်များ

ဝီကီပီးဒီးယား မှ
Andher Stupas
Andher Stupas
Stupa No.1 at Andher.
Stupa No.1 at Andher.
အန်ဒါစေတီတော်များ သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
အန်ဒါစေတီတော်များ
အိန္ဒိယနိုင်ငံအတွင်း တည်နေရာပြမြေပုံ
အန်ဒါစေတီတော်များ သည် Madhya Pradesh တွင် တည်ရှိသည်
အန်ဒါစေတီတော်များ
အန်ဒါစေတီတော်များ (Madhya Pradesh)
ကိုဩဒိနိတ်23°24′40″N 77°54′26″E / 23.41111°N 77.90722°E / 23.41111; 77.90722ကိုဩဒိနိတ်: 23°24′40″N 77°54′26″E / 23.41111°N 77.90722°E / 23.41111; 77.90722
အမျိုးအစားBuddhist settlement

အန်ဒါစေတီတော်များသည် အိန္ဒိယနိုင်ငံ၊ မဇ္ဈဒေသ ပြည်နယ်, Raisen ခရိုင်, ဆန်ချီမြို့၏ အရှေ့တောင်ဘက် ၁၉ ကီလိုမီတာအကွာတွင် တည်ရှိသည့် စေတီသုံးဆူအစု ဖြစ်သည်။ စေတီတော်များ တည်ရှိရာ နေရာသည် အတော်အတန်မြင့်သည့်အတွက် Bhojpur စေတီများကို အပေါ်စီးမှ မြင်ရသည်။ ထို့အပြင် ပို၍ဝေးသည့် ဆန်ချီရှိ စေတီများကိုလည်း မြင်ရသေးသည်။

စေတီတော်များ[ပြင်ဆင်ရန်]

စေတီတော်အမှတ် (၁) ကို ၁၅၀ BCE ခန့်က တည်ခဲ့သည်။[၁] ဤစေတီသည် စေတီတော်သုံးဆူအနက် အကြီးဆုံးဖြစ်သည်။ စေတီတော်ကို ဝန်းရံထားသည့် ကျောက်တံတိုင်းအကြွင်းအကျန်များလည်း တည်ရှိသည်။[၂]


စေတီတော် အမှတ် (၂) နှင့် အမှတ် (၃) တို့တွင် ဗြဟ္မီဘာသာဖြင့် ရေးသားထားသည့် ကျောက်စာများကို တွေ့ရသည်။ ထိုစာများရှိ အမည်များသည် ဆန်ချီစေတီတော်အမှတ် (၂) နှင့် သောနရီစေတီတော်များတွင် တွေ့ရသည်များနှင့် တူညီနေသည်။ (စေတီအမှတ် (၂) တွင် Vachi နှင့် မောဂ္ဂလိပုတ္တ, စေတီအမှတ် (၃) တွင် Haritiputa ဟူ၍ တွေ့ရသည်။)[၁]

ရုပ်ပုံများ[ပြင်ဆင်ရန်]

အနီးအနားရှိ အခြားစေတီများ[ပြင်ဆင်ရန်]

ဆန်ချီမြို့ပတ်ဝန်းကျင် ကီလိုမီတာ ၂၀ ပတ်လည်တွင် စေတီအစု လေးစု ရှိသည်။ ၎င်းတို့မှာ အရှေ့တောင်ဘက်၌ ဘော့ပါနှင့် အန်ဒါ၊ အနောက်တောင်ဘက်တွင် သောနရီ၊ အနောက်ဘက်တွင် သတ္တာရ တို့ ဖြစ်သည်။[၃] ထို့ပြင် တောင်ဘက် ၁၀၀ ကီလိုမီတာအကွာတွင် ဆာရုမရုလည်း ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Huu Phuoc's Buddhist Architecture The p.148
  2. Buddhist Circuit in Central India: Sanchi, Satdhara, Sonari, Andher, Travel ... p.34
  3. Buddhist Circuit in Central India: Sanchi, Satdhara, Sonari, Andher, Travel ... p.31