သောနရီစေတီများ

ဝီကီပီးဒီးယား မှ
သောနရီစေတီများ
Sonari
Stupa # 2, and stupa # 1 in the background, Sonari
Sonari stupa n°2 with stupa n°1 in the background.
သောနရီစေတီများ သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
သောနရီစေတီများ
အိန္ဒိယနိုင်ငံအတွင်း တည်နေရာပြမြေပုံ
သောနရီစေတီများ သည် Madhya Pradesh တွင် တည်ရှိသည်
သောနရီစေတီများ
သောနရီစေတီများ (Madhya Pradesh)
ကိုဩဒိနိတ်23°25′56″N 77°39′51″E / 23.43222°N 77.66417°E / 23.43222; 77.66417ကိုဩဒိနိတ်: 23°25′56″N 77°39′51″E / 23.43222°N 77.66417°E / 23.43222; 77.66417
အမျိုးအစားBuddhist settlement

သောနရီ သည် ရှေးဟောင်းသုတေသန နယ်မြေတစ်ခု ဖြစ်သည်။ ထိုနေရာတွင် ရှေးဟောင်း ဘာသာရေးဆိုင်ရာ ဗုဒ္ဓစေတီတော်များတည်ရှိသည်။ တည်ရောမှာ တောင်ကုန်းပေါ်တွင် တည်ရှိကာ အိန္ဒိယနိုင်ငံ၊ မဇ္ဈဒေသပြည်နယ်၊ ဆန်ချီ၏ အနောက်တောင်ဘက် ၁၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

စေတီတော်များကို ၁၈၅၀ ခုနှစ်ခန့်တွင် Alexander Cunningham က တူးဖော်ခဲ့ရာ ဓာတ်တော်များပါဝင်သည့် သေတ္တာနှစ်ခု တွေ့ရှိခဲ့သည်။ [၂] ဓာတ်တော်ကြုတ်များထဲမှ တစ်ခုသည် များပြားစွာတန်ဆာဆင်ထားပြီး ၎င်းကြုတ်ကို ယခုအခါတွင် ဗစ်တိုးရီးယားနှင့် အဲဘတ်ပြတိုက်တွင် မြင်တွေ့နိုင်သည်။

စေတီအမှတ် (၂) ရှိ ဓာတ်တော်ကြုတ်တွင် ဗြဟ္မဟီဘာသာစကားဖြင့် ရေးသားထားသည့် ဗုဒ္ဓဘာသာရဟန်းများ၏ အမည်များကို တွေ့ရှိရသည်။ ထိုရဟန်းများ၏ အမည်များသည် ဆန်ချီစေတီအမှတ် (၂)နှင့် အန်ဒရာစေတီများဖြစ်ကြသည့် Kasapagota, Majjhima, Kosikiputa, Gotiputa, နှင့်Apagira စသည့်စေတီပုထိုးများတွင်လည်း ရေးထိုးထားသည်။[၃] ဖြစ်နိုင်သည်မှာ ထိုရဟန်းများ၏ ဓာတ်တော်များကို ထိုစေတီသုံးနေရာတွင် ခွဲခြားကာ ဌာပနာခဲ့ခြင်း ဖြစ်နိုင်ပေသည်။

စေတီ အမှတ် ၁ နှင့် အမှတ် ၂ တို့ကို တည်ထားကိုးကွယ်ခဲ့သည့် အချိန်သည် ဆန်ချီစေတီအမှတ် (၂) ကို တည်ထားကိုးကွယ်ခဲ့သည့်အချိန်ဖြစ်သည့် 125-100 BCE နှင့် တူညီနိုင်သည်။[၃]

ဆန်ချီ၏ ပတ်ဝန်းကျင်ကီလိုမီတာ ၂၀ ပတ်လည်တွင် စေတီတော်အစုသည် လေးစု ရှိသည်။ ထိုလေးစုမှာ အရှေ့တောင်ဘက်တွင် Bhojpur နှင့် Andher, အနောက်တောင်ဘက်တွင် သောနရီ၊ အနောက်က်တွင် Satdhara နှင့် တောင်ဘက် ၁၀၀ ကီလိုမီတာအကွာတွင် Saru Maru တို့ ဖြစ်ကြသည်။[၄]

စေတီအမှတ် (၁)[ပြင်ဆင်ရန်]

Alexander Cunningham နှင့် FC Maisey တို့သည် သောနရီစေတီ အမှတ် (၁) ကို ၁၈၅၁ ခုနှစ်တွင် ရှာဖွေခဲ့သည်။ စေတီတော်တွင် သေးငယ်သည့်ကန့်ကူဆံကျောက်ဓာတ်တော်ကြုတ်ကို တွေ့ရှိခဲ့သည်။

စေတီအမှတ် (၂)[ပြင်ဆင်ရန်]

ဗစ်တိုးရိးယားနှင့် အဲဘတ်ပြတိုက်တွင် ပြသထားသည့် စေတီအမှတ် (၂) ရှိ အဓိကဓာတ်တော်ကြုတ်] [၂].

Alexander Cunningham နှင့် FC Maisey တို့သည် စေတီအမှတ် (၂) ကို ၁၈၅၁ ခုနှစ်တွင် ရှာဖွေခဲ့သည်။ စေတီတော်တွင် သေးငယ်သည့်ဓာတ်တော်ကြုတ် သုံးခုကို တွေ့ခဲ့သည်။ နှစ်ခုသည် ကန့်ကူဆံကျောက်ဖြင့် ပြုလုပ်ထားပြီး တစ်ခုသည် ကျောက်သလင်းဖြင့် ပြုလုပ်ထားသည်။ ထိုဓာတ်တော်ကြုတ်များတွင် အရိုးဓာတ်တော်များနှင့် သစ်သားအပိုင်းအစများ ပါဝင်နေသည်ကို တွေ့ခဲ့သည်။ အဓိကကျသည့် ဓာတ်တော်ကြုတ်သည် ကြာဖူးပုံစံ ပြုလုပ်ထားပြီး အောက်ခြေထက်ဝက်တွင် ပန်းပွင့်များ ရေးထိုးထားသည်။ ထိုရှာဖွေတွေ့ရှိမှုများကို ၁၈၅၄ ခုနှစ်တွင် A Cunningham in The Bhilsa Topes ဖြင့် ထုတ်ဝေခဲ့သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ASI Sonari page
  2. British Library Online[လင့်ခ်သေ]
  3. ၃.၀ ၃.၁ Huu Phuoc's Buddhist Architecture The p.148
  4. Buddhist Circuit in Central India: Sanchi, Satdhara, Sonari, Andher, Travel ... p31
  5. Notice from Victoria and Albert Museum [၁]