သာရုမာရု

ဝီကီပီးဒီးယား မှ
(ဆာရုမရု မှ ပြန်ညွှန်းထားသည်)
သာရုမာရု
Saru Maru
The great stupa of Saru Maru
The great stupa of Saru Maru
သာရုမာရု သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
သာရုမာရု
အိန္ဒိယနိုင်ငံအတွင်း တည်နေရာပြမြေပုံ
သာရုမာရု သည် Madhya Pradesh တွင် တည်ရှိသည်
သာရုမာရု
သာရုမာရု (Madhya Pradesh)
ကိုဩဒိနိတ်22°43′48″N 77°31′12″E / 22.729949°N 77.519910°E / 22.729949; 77.519910ကိုဩဒိနိတ်: 22°43′48″N 77°31′12″E / 22.729949°N 77.519910°E / 22.729949; 77.519910
အမျိုးအစားBuddhist settlement, stupas and caves
Satellite ofPangoraria

သာရုမာရုသည် ရှေးခေတ်ဗုဒ္ဓဘာသာဂူများစွာနှင့် စေတီပုထိုးများပါဝင်သည့် ရှေးဟောင်းသုတေသနနယ်မြေတစ်ခု ဖြစ်သည်။ စေတီတော်သည် အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်၊ Sehore ခရိုင်၊ Budhani Tehsil, Pangoraria ရွာအနီးတွင် တည်ရှိသည်။[၁][၂] ဤနေရာသည် ဆန်ချီမှ တောင်ဘက် ၁၂၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။

ဖော်ပြချက်[ပြင်ဆင်ရန်]

ဤနေရာတွင် စေတီများစွာနှင့် ရဟန်းများ နေထိုင်ခဲ့သည့် သဘာဝဂူများလည်း တည်ရှိသည်။ ဂူများတွင် ဗုဒ္ဓဘာသာဆိုင်ရာ ပန်းချီများ (swastika, triratna, kalasa ...) ကို မြင်တွေ့နိုင်သည်။ အဓိကဂူတွင်မူ အသောကမင်း၏ရေးဆွဲထားသည့် ပန်းချီနှစ်ခုကို မြင်တွေ့နိုင်သည်။ ကျောက်တုံးပေါ်တွင် ရေးဆွဲထားသည့် အသေးစားတစ်ခုမှာ အသောကကမင်း၏ ကြေညာစာများထဲမှ တစ်ခု ဖြစ်ပြီး ပိယဒဿီ၏ လည်ပတ်မှုကိုလည်း ရေးသားဖော်ပြထားသည်။[၁][၂]

အထိမ်းအမှတ်ကျောက်စာ

ကျောက်ထွင်းစာများတွင် ရေးသားဖော်ပြချက်အရ အသောကမင်းသည် ထိုနေရာသို့ Madhya Pradesh ဒေသ၏ မင်းသားဖြစ်စဉ် အချိန်ကပင် ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် သူ၏ နေထိုင်ရာနေရာမှာ Vidisha ဖြစ်သည်။ ဗုဒ္ဓဘာသာစာပေများတွင် အသောကမင်းကြီး၏ မိဖုရားသည် Vidishadevi ဟု ဆိုထားသည်။[၁]

ဂုဏ်ပြုစာကမ္ပည်းအပြည့်အစုံ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Gupta, The Origins of Indian Art, p.196
  2. ၂.၀ ၂.၁ Archaeological Survey of India
  3. Sircar၊ D. C. (1979)။ Asokan studies။ Plate XVI။