ဘော့ပါစေတီတော်များ

ဝီကီပီးဒီးယား မှ
ဘော့ပါစေတီတော်များ
Bhojpur Stupas
The Great Stupa of Bhojpur
The Great Stupa of Bhojpur
ဘော့ပါစေတီတော်များ သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
ဘော့ပါစေတီတော်များ
အိန္ဒိယနိုင်ငံအတွင်း တည်နေရာပြမြေပုံ
ဘော့ပါစေတီတော်များ သည် Madhya Pradesh တွင် တည်ရှိသည်
ဘော့ပါစေတီတော်များ
ဘော့ပါစေတီတော်များ (Madhya Pradesh)
အခြားအမည်Morel Khurd Stupas
ကိုဩဒိနိတ်23°25′53″N 77°50′31″E / 23.43139°N 77.84194°E / 23.43139; 77.84194ကိုဩဒိနိတ်: 23°25′53″N 77°50′31″E / 23.43139°N 77.84194°E / 23.43139; 77.84194
အမျိုးအစားBuddhist settlement

ဘော့ပါစေတီတော်များ (Bhojpur) သည် ဆန်ချီမြို့၏ အရှေ့တောင်ဘက် ၁၁ ကီလိုမီတာအကွာတွင် တည်ရှိသည့် စေတီအဆူ သုံးဆယ်တည်ရှိသည့် နေရာတစ်ခု ဖြစ်သည်။ မဇ္ဈဒေသ ပြည်နယ်, ဘော့ပါရှိ ကျေးရွာနှင့် ရှေးဟောင်းသုတေသနနယ်မြေ တို့နှင့် အမည်ရောထွေးမှုမရှိစေရန် ဘော့ပါစေတီတော်များကို Murelkhurd စေတီများ သို့မဟုတ် Morel Khurd စေတီများဟုလည်း ခေါ်ကြသေးသည်။[၁][၂]

ဆန်ချီမြို့ပတ်ဝန်းကျင် ကီလိုမီတာ ၂၀ ပတ်လည်တွင် စေတီအစု လေးစု ရှိသည်။ ၎င်းတို့မှာ အရှေ့တောင်ဘက်၌ ဘော့ပါနှင့် အန်ဒါ၊ အနောက်တောင်ဘက်တွင် သောနရီ၊ အနောက်ဘက်တွင် သတ္တာရ တို့ ဖြစ်သည်။[၂] ထို့ပြင် တောင်ဘက် ၁၀၀ ကီလိုမီတာအကွာတွင် ဆာရုမရုလည်း ရှိသည်။

စေတီတော်များအားလုံးကို ၁၉ ရာစုတွင် Major Cunningham က ရှာဖွေမှုများ ဆောင်ရွက်ခဲ့သည်။ တွေ့ရှိခဲ့သည့် ဓာတ်တော်အများစုကို အင်္ဂလန်သို့ ဆောင်ယူခဲ့သည်။ ရှာဖွေတွေ့ရှိခဲ့သည့် ဓာတ်တော်တစ်ခုသည် ကျောက်သလင်းဖြင့် ပြုလုပ်ထားပြီး ဗုဒ္ဓ၏ဓာတ်တော်ပုံစံမျိုး ဖြစ်သည်။ ကျောက်သလင်းကို ဓာတ်တော်များကို ထည့်ရန်အတွက် အသုံးပြုလေ့ရှိသည်။ ဤဓာတ်တော်ကြုတ်ကို ၁၈၅၁ ခုနှစ် Alexander Cunningham နှင့် FC Maisey တို့က တူးဖော်မှုများ လုပ်ဆောင်ခဲ့စဉ် အစေတီတော်အမှတ် (၂) ၏ အခန်းတစ်ခုမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။[၃]

စေတီတော်၏ အလယ်ကောင်သည် သေးငယ်သည့်ဓာတ်တော်များဆံ့နိုင်သည့် အခေါင်းပေါက် ဖြစ်သည်။ (ထိုအချိန် တူးဖော်ခဲ့စဉ်က ဖြစ်သည်၊ ယခုအချိန်တွင် ထိုအပေါက် မရှိတော့ပေ) စေတီတော်တွင် ထီးတော်တစ်ခု ပါဝင်ပြီး မြင့်မြတ်မှု၏ သင်္ကေတဖြစ်သည်။ စေတီများကို BCE ၁ ရာစုအချိန်ကာလက တည်ခဲ့ခြင်း ဖြစ်နိုင်သည်။[၃]


ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Buddhist Stupas Monument - Archaeological Survey of India - Bhopal
  2. ၂.၀ ၂.၁ Buddhist Circuit in Central India: Sanchi, Satdhara, Sonari, Andher, Travel ... p.31
  3. ၃.၀ ၃.၁ Notice of the Victoria and Albert Museum Reliquary | V&A Search the Collections (in en)။ 12 August 2018 တွင် ပြန်စစ်ပြီး။
  4. Reliquary | V&A Search the Collections (in en)။ 12 August 2018 တွင် ပြန်စစ်ပြီး။