အန္တရာယ်ကြီးငါးပါး

ဝီကီပီးဒီးယား မှ

အန္တရာယ်ကြီးငါးပါး။ မျက်မှောက်ဘဝက သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် နတ်ပြည် ဈာန် မဂ်ဖိုလ်တို့ကိုတားမြစ်တတ်သောတရား ၅-ပါး။

  • (၁) ကမ္မန္တရာယ် - ပဉ္စာနန္တရိယကံနှင့် ဘိက္ခုနီမ၌ကျူးလွန်မှု၊
  • (၂) ကိလေသန္တရာယ် - ကိလေသာဆယ်ပါးတွင် ပါဝင်သော နိယတမိစ္ဆာဒိဋ္ဌိ၊
  • (၃) ဝိပါကန္တရာယ် - အဟိတ်၊ ဒွိဟိတ် ပဋိသန္ဓေ ဝိပါက်စိတ်၊
  • (၄) အရိယူပဝါဒန္တရာယ် - အရိယာပုဂ္ဂိုလ်မှန်း သိသိ မသိသိ ပြစ်မှားလိုစိတ်ဖြင့် ကဲ့ရဲ့စွပ်စွဲခြင်း (တောင်းပန်လျှင်ပြေပျောက်၏၊)
  • (၅) အာဏာဝီတိက္ကမန္တရာယ် - လွန်ကျူးလိုသော စေတနာဖြင့် သင့်ရောက်သော အာပတ်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း