အနုဿတိဆယ်ပါး

ဝီကီပီးဒီးယား မှ

အနုဿတိ ၁၀-ပါး။ အဖန်ဖန်အောက်မေ့အပ်သော ကမ္မဋ္ဌာန်းတရားဆယ်ပါးဟူ၏။

  • (၁) ဗုဒ္ဓါနုဿတိ- ဘုရား၏ဂုဏ်တော်ကျေးဇူးတော်များကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
  • (၂) ဓမ္မာ နုဿတိ- တရား၏ဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
  • (၃) သံဃာ နုဿတိ- သံဃာဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
  • (၄) သီလာနုဿတိ-မိမိစောင့်ထိန်းသောသီလဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
  • (၅) စာဂါနုဿတိ- လှုူဒါန်းခြင်း ဒါနဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
  • (၆) ဒေဝတာ နုဿတိ- နတ်တို့ကို သက်သေပုံထား၍ နတ်အဖြစ်သို့ရောက်အောင် ပို့ဆောင်နိုင်သောသဒ္ဓါစသောမိမိ၏ကုသိုလ်တရားကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
  • (၇) ဥပသမာနုဿတိ- ကိလေသာမှကင်းငြိမ်းခြင်း ဥပသမာဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
  • (၈) မရဏာနုဿတိ- သေခြင်းတရားကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
  • (၉) ကာယဂတာသတိ-ဆံပင်စသော ဒွတ္တိံသကာယ၊ သို့မဟုတ် ပထဝီဓာတ် ကာယနှစ်ဆယ်စသော ဒွေစတ္တာလီသ ကာယကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
  • (၁၀) အာနာပါနဿတိ- ထွက်သက်ဝင်သက်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း