အနန်း

ဝီကီပီးဒီးယား မှ
အနန်းပင်
(Tembusu)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Gentianales
မျိုးရင်း: [[
en:Gentianaceae|Gentianaceae]]
မျိုးဇာတ်သေး: [[
en:Potaliinae|Potaliinae]]
မျိုးစု: [[
en:Fagraea|Fagraea]]
မျိုးစိတ်:
F. fragrans
ဒွိနာမ
Fagraea fragrans
Roxb.
Synonyms

Fagraea cochinchinensis
Cyrtophyllum giganteum
Cyrtophyllum peregrinum

အနန်းပင် (Anan) ၏ ရုက္ခဗေဒ အမည်မှာ Fagraea fragrans ဖြစ်သည်။ အနန်းပင်သည် အရှေ့တောင်အာရှဒေသတွင် သဘာဝအတိုင်း ပေါက်ရောက်သော အမြဲစိမ်း အပင်ကြီးတစ်မျိုး ဖြစ်သည်။ မလေးရှားနှင့် စင်ကာပူတွင် တဲမ်ဘုစု (Tembusu)ဟု ခေါ်ကြသည်။ ၎င်း၏ ပင်စည်မှာ အညိုနက်ရောင်ဖြစ်ပြီး၊ သစ်ခေါက်မှာ ကြက်ဟင်းခါးသီးအခွံတွင်ရှိသော အခေါက်များနှင့် ပုံစံတူနည်းနည်းတူပြီး အမြှောင်းလိုက် အမြှောင်းလိုက် တွေ့ရသည်။ ၎င်းသည် တဖြောင့်တည်းကြီးလေ့မရှိပဲ ၄၀-မီတာ အမြင့်ထိ ရောက်ရှိနိုင်သည်။[၁] အရွက်များမှာ အစိမ်းနုရောင်ရှိပြီး ဘဲဥပုံရှိကာ ၅-စင်တီမီတာ မှ ၈-စင်တီမီတာ အထိ ရှည်လျားသည်။[၁] ၎င်း၏ ပန်းများသည် ဖြူဝင်းသောအရောင်ရှိပြီး ရင့်လာသောအခါ၌ အဝါရောင်သို့ ပြောင်းသွားလေ့ရှိကာ ညနေစောင်းပိုင်းအချိန်များတွင် စူးရှသော အမွှေးရနံ့ကို ထုတ်လွှင့်လေ့ရှိသည်။[၁] အသီးများသည် ခါးသက်သော အရသာရှိ၍ အနီရောင်ဘယ်ရီ (berries)သီးများပုံ ဖြစ်ပြီး၊ မှည့်ရန် သုံးလကျော်[၁]ကြာကာ တဲရပါ့စ်(Pteropus) အသီးစားလင်းနို့များက လာရောက်စားသောက်လေ့ရှိကြသည်။ [၂]

အခြားနိုင်ငံများတွင် ခေါ်ဝေါ်ပုံများ[ပြင်ဆင်ရန်]

ဒေသအမည် အခေါ်အဝေါ်
ဖီဂျီကျွန်းများ Buabua
ဖိလစ်ပိုင် Urung
ဆာဘား Temasuk
ဗီယက်နမ် Tatrao သို့မဟုတ် Trai
ကမ္ဘောဒီးယား Tatrao
ထိုင်းနိုင်ငံ ကန်ကရောင် (ထိုင်း: กันเกรา)
အင်ဒိုနီးရှား Tembesu
မလေးရှား[၃]စင်ကာပူ[၁] တဲမ်ဘုစု (Tembusu)
လာအိုနိုင်ငံ Munpla

အသုံးပြုပုံများ[ပြင်ဆင်ရန်]

ဤသစ်ပင်မှ ထွက်ရှိသော သစ်သားသည် အလွန်မာပြီး ခြစားခြင်းကိုခံနိုင်ရည်ရှိသဖြင့် အကြီးစားအဆောက်အဦးများ၊ တံတားများနှင့် ပန်းပုထုဆစ်ရာတို့တွင် အသုံးပြုရန် အလွန်ပင်သင့်တော်သည်။[၁]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ Tropical plants site description။ 2015-10-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-10-21 တွင် ပြန်စစ်ပြီး။
  2. Hargreaves၊ Dorothy; Hargreaves၊ Bob (1970)။ Tropical Trees of the Pacific။ Kailua, Hawaii: Hargreaves။ p. 61
  3. MTC Wood Wizard - Tembusu။ 2020-10-22 တွင် ပြန်စစ်ပြီး။