"ခန္တီ၊ ဦး၊ ရသေ့ကြီး" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၂၄၃၁၅ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ လ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
| ကွန်ယက် =
}}
==ရသေ့ကြီးဦးခန္တီ==
 
အသက်ရှည်စေလို၊ မန်းတောင်ရိပ်ခို-ဟူသော စကားနှင့်အတူ မန်းတောင်၏ မြင်ကွင်း ရသေ့ကြီးဦးခန္တီ၏ ပုံရိပ်မှန်ကို ပြေးမြင်မိသည်မှာ မလွဲပေ။ ရသေ့ကြီးဦးခန္တီသည် အကျင့်၊ သီလ၊ စရဏနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်သကဲ့သို့ ရွှေမန်းတောင်တော်၏ ခုနစ်ဦးမြောက် ဘုရားဒါယကာအဖြစ် ထင်ရှားသူ ပုဂ္ဂိုလ်ထူး ဖြစ်၏။
 
ဤကဲ့သို့ပင် ရသေ့ကြီးဦးခန္တီ-၏ ဘဝပုံရိပ်များကလည်း အံ့သြခမန်း ဆန်းကြယ်လှသည်ဟု ဆိုလျှင်လည်း မမှားပေ။
 
ရသေ့ကြီးဦးခန္တီနှင့် ပတ်သက်သည့် မယ်တော် ဒေါ်ခိုဥ-၏ အိပ်မက်နိမိတ်---
လတန်ဆောင် ကထိန်ပွဲပေမို့၊ ချိန်သဲတဲ့ ဤချိန်ခါ၊
မသိုးခေါ် ရွှေသင်္ကန်း တန်းကြစီစရာ၊
ကြတ္တိကာ၊ သာယာလို့ကြည်နူး၊
ဝသန္တာ ဟေမာကူးချိန်မို့၊ ဗြိစ္ဆာခေါ် လအထူးမှာ၊ နက္ခတ်စုံမြူး-
ဟူသော ရာသီဘွဲ့နှင့် ညီမျှသော ၁၂၂၈-ခုနှစ် တန်ဆောင်မုန်းလ၏ ညတညတွင် ရသေ့ဦးခန္တီ-၏ မယ်တော် ဒေါ်ခိုဥ ထူးဆန်းသော အိပ်မက်တခု မြင်မက်၏။
 
ထူးဆန်းသော အိပ်မက်မှာ-
 
ပင်လယ်သမုဒ္ဒရာကြီးအတွင်း လှေသမ္ဗန်ဖြင့် ခရီးထွက်ခဲ့ရာ သမုဒ္ဒရာရေကို လက်ခုပ်ဖြင့် ခပ်သောက်ရပြီး နေမင်း လမင်းသည် မိမိရင်ခွင်သို့ အလိုလိုရောက်ရှိလာခဲ့လေသည်။( ရွာသာယာ ကျောက်စာ)
ဟု မြင်မက်ကြောင်း ရေးသားဖာ်ပြထားသလို မန္တလေး ရွှေမြို့တော်ရှိ တန်ခိုးကြီးဘုရားများ သမိုင်း-စာမျက်နှာ ၇၇-တွင်မူ-
 
၁။ သမုဒ္ဒရာပြင်ကျယ်၊ ရေပင်လယ်အတွင်း၌ ရွကလှေသင်္ဘောကြီးကို တဦးတည်း တက်စီလျက် လေးစင်းသော သမုဒ္ဒရာတို့သို့ လှည့်လည်နေစဉ် ကြီးမားဆန်းကြယ် အံ့ဖွယ်အတိပြီးသည့် လှိုင်းတံပိုးတို့သည် လှိမ့်လှိမ့်ကာ လာကြကုန်၏။ သို့သော် ဒေါ်ခိုဥ စီးလာသည့် ရွကသင်္ဘောအနီးသို့ ရောက်လျှင် အလိုလို ပျောက်ကွယ်သွားခြင်း။
 
၂။ သမုဒ္ဒရာလေးစင်းကို တခုချင်း၌ လှည့်လည်သွားလာနိုင်ခြင်း။
 
၃။ နေလနှစ်ပါးတို့သည် ကြည့်ရှုနေရင်း မိမိခံတွင်းသို့ ဝင်ရောက်လာခြင်း။
ဟူသော အိပ်မက်ကို မြင်မက်ခဲ့လေသည်။ ယင်းသို့ မြင်မက်ကြောင်းနှင့် သိမ်ကုန်းရွာမှမြင်မက်၍ ရွာသာယာသို့ ပြောင်းရွှေ့ပြီး ရသေ့ကြီးလောင်းလျာကို ဖွာမြင်ကြောင်းကို ရဟန်းပျိုအဖွဲ့ချုပ် အကျိုးတော်ဆောင် ဆရာတော် ဦပဏ္ဍိစ္စ-ပြုစုသည့် မန္တလေး ရွှေမြို့တော်ရှိ တန်ခိုးကြီးဘုရားများသမိုင်း- စာမျက်နှာ ၇၇-(၁၃၂၀ ပြည့် နတ်တော်လထုတ်) တွင် ဖတ်ရှုလေ့လာရသည်။
 
ရဟန်းတော် ဦးခန္တီ-မှ ရသေ့ကျော် ဦးခန္တီ-သို့
 
ရသေ့ဦးခန္တီ၏ ငယ်မည်မှာ တနင်္လာသားဖြစ်သည်နှင့်အညီ ကျော်မောင်-ဟု မှည့်ခေါ်ခဲ့သော်လည်း ဖိုးမောင်-ဟု တွင်သည်။ ရှင်ပြုမင်္ဂလာပြုသောအခါ နေ့နံအလိုက် ရှင်ခန္တီ-ဟူ၍ ဘွဲ့မည် ချီးပသည်။ အသက် ၂၀-အရွယ် ၁၂၄၉-ခုနှစ် အင်္ဂလိပ် မြန်မာ စစ်ပွဲအပြီး တနှစ်အရတွင် ကျောင်းရှိ ကျောင်းဆရာတော်ဘုရား ကြီးကိုပင် ဥပဇ္ဈာယ်တင်လျက် ရဟန်းဘောင်သို့ ဝင်သည်။
 
ရွာသာယာကျောက်စာ၌-
 
ဦးခန္တီ အရှင်သူမြတ်သည် ရဟန်းသိက္ခာ ၃-ဝါရသောအခါ အကိုဝမ်းကွဲတော်စပ်သူ ဆရာတော် ဦးကေသရ-၏ စီစဉ် ညွှန်ကြားပေးချက်အရ ပညာတက္ကသိုလ် ခေါ်ဆိုထိုက်သော မန္တလေး ရတနာပုံ နေပြည်တော်သို့ တက်ရောက်ကာ လောကုတ္တရာစာပေများကို သင်ကြားတော်မူသည်။
 
မန္တလေး ရွှေမြို့တော်တခွင် စာသင်ရာတွင် ရသေ့လောင်းလျာ ဦးခန္တီနှင့် ညောင်လွန့်တောရ ဆရာတော် လောင်းလျာ ဦးမေဓာဝီ-တို့သည် ပညာသင်ဘက်၊ စာလိုက်ဘက်၊ ငယ်ပေါင်းကြီးဖော် (ဝါ)ဆရာတူ တပည့်များ ဖြစ်ကြ၏။ ဦးခန္တီက ဦးမေဓာဝီထက် ၁-ဝါကြီးကြောင်း အမှတ်အသားရှိ၏။
(ရွာသာယာကျောက်စာ)
 
ထို့အတူ ရမည်းသင်းမြို့ ဆင်ကျုံးတောရ၊ ဆရာတော်ဘုရားကြီး ပြုစုသည့် ရမည်းသင်း သာသနာဝင်ကျမ်း- တွင်လည်း ဦးခန္တီနှင့် ဦးမေဓာဝီတို့ အကြောင်းကို အခိုင်အမာ ဖော်ပြခဲ့၏။
ရဟန်းတော် ဦးခန္တီသည် အရညဝါသီ တောရပ်မှီ၍ ဧကစာရီအကျင့်ကို ခဲယဉ်းပင်ပန်းကြီးစွာ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူလာရာ သမထနှင့် ဝိပဿနာ ကမ္မဋ္ဌာန်းအဖြာဖြာတို့မှာ ခရီးရောက် သင့်သလောက် ရောက်ခဲ့ပြီး သက်တော် ၃၂-နှစ် သိက္ခာတော် ၁၂-ဝါအရောက်တွင် နှလုံးသွင်း ဆင်ခြင်တော်မူသည်မှာ-
 
ငါသည်မူလည်း ဘုရားလောင်းလျာ ဈာန်မှာပျော်မွေ့ ရသေ့အမော် သုမေဓာကျော်တို့၏ ထုံးကို နှလုံးသွင်း ဆင်ခြင်တော်မူကာ များစွာသော ဒါယကာ၊ ဒါယိကာမအပေါင်းတို့အား အပါယ်တံခါး ပိတ်စေလျက် လူ့ပြေ(ပြည်) နတ်ရွာသွား တံခါးတို့ကို ဖွင့်စေလျက် နိဗ္ဗာန်တည်းဟူသော ဘောင်အထက်သို့ ပို့ဆောင်ရလျှင် အမှန်ပင် အကျိုးများမည်-ဟု နှလုံးတော်ရည်လျက်---
 
၁၂၆၁-ခုမှာပင် ရဟန်းတော်အသွင်မှ ဈာနလာဘီ ရသေ့အသွင်သို့ ကူးပြောင်းဝင်တော်မူသည်။ ရွှေငွေကိုင်ရအောင် ရသေ့အသွင်သို့ ကူးဝင်သည်-ဟုဆိုသော အယူအဆမှာ မမှန်ကန်ပါ။ ရမ်း၍ မှန်း၍ ပြောခြင်းသာ ဖြစ်၏။
 
သီပေါဘုရင်နှင့် ဦးခန္တီ သတင်း
 
သီပေါဘုရင်နှင့် ရသေ့ဦးခန္တီတို့နှင့် ပတ်သက်သည့် သတင်းတခု ရှိခဲ့သည်။ ထိုသတင်းသည် သီပေါဘုရင် ပါတော်မူပြီးနောက်ပိုင်း ပေါ်ထွက်ခဲ့သည်။ ထိုသတင်းက အခြားမဟုတ်-
ရတနာဂီရိတွင် ရှိနေသော သီပေါမင်းသည် အစစ်မဟုတ်၊ ရသေ့အသွင် ကူးပြောင်းပြီး သာသနာပြုနေသော ရသေ့ကြီး ဦးခန္တီသည် သီပေါမင်းဖြစ်သည်။
 
ဤသတင်းနှင့် ပတ်သက်၍ အင်္ဂလိပ်အစိုးရကလည်း ဒွိဟဖြစ်၍ ရတနာဂီရိတွင် ရှိနေသော သီပေါမင်း စစ်-မစစ်၊ ဘုရင် ဟုတ်-မဟုတ် ကြေးနန်းတွင် ကင်းဝန်မင်းကြီးထံ မေးမြန်းခဲ့ရာ ကင်းဝန်မင်းကြီးက သီပေါ စစ်-မစစ် ကျွန်ုပ် မသိ၊ နန်းတော်တွင် ဘုရင်အဖြစ် အုပ်ချုပ်ခဲ့သူဖြစ်ကြောင်းသာ ကျွန်ုပ်သိသည်-ဟု ခပ်ရွ့ဲရွဲ့ဖြေခဲ့ကြောင်း ဆောင်းပါးတစောင် ရှိခဲ့ဖူး၏။
 
ထို့အတူ ယခုတိုင် လူအများသည် ရသေ့ကြီးဦးခန္တီအား အသေထွက်-ဖြစ်သည်၊ အရှင်ထွက်-ဖြစ်သည်ဟု အငြင်းပွားနေကြဆဲဖြစ်၏။
 
ရသေ့ဦးခန္တီ နှင့် ရွှေဖြစ် ငွေဖြစ် သတင်း
 
ရသေ့ဦးခန္တီသည် မန္တလေးတောင်ကို ပြုပြင်ရာ၌ ၄၂၅-နှစ်အတွင်းတွင် ယခုလို အောင်မြင်ပြီးစီးခဲ့သည်မှာ ရွှေဖြစ် ငွေဖြစ်၍သာ ယခုလို ပြီးစီးနိုင်ခြင်းဖြစ်သည်။ အချို့ကလည်း ကိုယ်ထက်သာ မနာလိုသည့် စိတ်ထားဖြင့် ရသေ့ကြီးအား အရိုအသေမဲ့ အပြစ်ဒဏ်ခံရအောင် လုပ်ကြံသတင်းလွှင့်ကြောင်း ရွာသာယာကျောက်စာ-တွင် ဖော်ပြပါရှိ၏။
 
ရသေ့ကြီး ဦးခန္တီ၏ ရွှေဖြစ်ငွေဖြစ် သတင်းသည် မြန်မာပြည်သာမက အင်္ဂလန်သို့ပင် ရောက်သွားသဖြင့် အင်္ဂလန်ဘုရင်ခံချုပ် လမင်တို-မှ သတင်း မှန်-မမှန် စုံစမ်းပေးရန် မြန်မာနိုင်ငံ ဘုရင်ခံ ဆာသာကေဝှိုက်-အား ထပ်ဆင့်ညွှန်ကြားခဲ့သည်။
 
ထို့ကြောင့် ဘုရင်ခံက ထိုစဉ်က ရန်ကုန်ရဲမင်းကြီးဖြစ်သူ မစ္စတာစကော့-(နောင်အခါ ဗမာစာအုပ် ရေးသားသူ ဆာဂျိမ်းဂျော့စကော့) အား ဤသတင်း မှန်-မမှန် အမြန်စုံစမ်း အစီရင်ခံရန် ညွှန်ကြားခဲ့၏။
ထိုသတင်းသည် အရေးကြီးသည့် သတင်းဖြစ်သဖြင့် ရန်ကုန်ရဲမင်းကြီး မစ္စတာစကော့ကိုယ်တိုင် ရသေ့ကြီး ဦးခန္တီရှိရာ မန္တလေးတောင်ပေါ်သို့ သွားရောက်၍ စကားပြန် ဦးလှအောင်နှင့် စုံစမ်းမေးရ၏။
 
ရသေ့ကြီး ရွှေ-ငွေ ဖြစ်နေကြောင်း သတင်းရသည်၊ ဟုတ်-မဟုတ် ကျွန်ုပ်ကို လုပ်ပြပါ။ဟု စကားပြန် ဦးလှအောင်မှ တဆင့် ရသေ့ကြီးမှ-
 
ကျွန်ုပ် ရွှေ-ငွေ လုပ်ပြပါမယ်။ ဒါပေမဲ့ ဒီအနားမှာ ခင်ဗျား မနေရဘူး။ ရွှေငွေလုပ်ပြီး၍ ကျွန်ုပ်ခေါ်မှသာ လာကြည့်ပါ။ ဟု မိန့်ရာ မစ္စတာစကော့ ကလည်း သဘောတူ၍ တနေရာသို့ သွားနေ၏။
 
ရသေ့ကြီး ဦးခန္တီ၏ ရွှေငွေလုပ်နည်း
 
ရသေ့ကြီး ဦးခန္တီသည် တပည့်ကျောင်းသား တဦးကို ခေါ်၍ လင်ဗန်းတချပ် သူ့ရှေ့တွင် ချခိုင်းသည်။ ထိုနောက် တရားနှလုံးသွင်း၍ ရွတ်ဖတ်သရဇ္ဈာယ်မှုတွေ ပြုလုပ်တော်မူသည်။ ဘာတွေနှလုံးသွင်းသည်၊ ဘာတွေ ရွတ်ဆိုသည်ကို နတ်သိကြားတို့သာ သိပေမည်။
 
သို့သော် ဆရာစန္ဒြေ၏ ဘဝခရီးနှင့် အတွေ့အကြုံများ စာအုပ် စာမျက်နှာ-၃၈၆-၌ ရသေ့ကြီး ဦးခန္တီသည် ရွှေငွေဖြစ်ရေးအတွက် ဒိဝါ တပတိ ဂါထာကို လိုတရ ဂါထာအဖြစ် သုံးသွားကြောင်း ဆိုထားသည်ကို တွေ့ရ၏။
 
သို့နှင့်ပင် ပြတိုက်တွင်းရှိ သံဒေါက်ချာ-၌ ပုံသွင်းထားသည့် ရတနာရွှေချိုင့်မှ တဏှာကရဒဟောဗုဒ္ဓါ-ဂါထာအပြင် အခြားနှလုံးသွင်းမှုများလည်း ပါနိုင်သည်ဟု ဦးအေးမောင်(အငြိမ်းစား ရဲတပ်ကြပ်ကြီး) ရေးသားပူဇော်သည့် သာသနာဟိတဓဇ နာယက ရသေ့ကြီး ဦးခန္တီ-၏ ထေရုပ္ပတ္တိနှင့် ရွှေမန်းတောင်သမိုင်း အကျဉ်း စာမျက်နှာ ၂၁-တွင် ခန့်မှန်းထားသည်ကို မှတ်သားရ၏။
 
ထိုသို့ ရသေ့ကြီး ပြုလုပ်နေစဉ် ဘုရားဖူးများ ရောက်ရှိလာကြပြီး ရွှေငွေများ လှူဒါန်းကြရာ လင်ဗန်းတချပ် အပြည့်အမောက် ဖြစ်လာ၏။
လက်စွပ်၊ လက်ကောက်၊ နားကပ်၊ ကြယ်သီး၊ ဆွဲကြိုး စသော ရွှေထည်ပစ္စည်းများနှင့် ငွေများ စေတီပုံကို ပြည့်မောက်လာသောအခါ ရန်ကုန်ရဲမင်းကြီးအားခေါ်၍ ပြ၏။
 
ရဲမင်းကြီး မစ္စတာစကော့သည် သဲပုံစေတီသို့ ကြည့်လိုက် မောက်နေသော ရွှေ-ငွေများကို ကြည့်လိုက် ရသေ့ကြီး၏ တည်ငြိမ်တော်မူလှသော မျက်နှာတော်ကို ကြည့်လိုက်နှင့် အချိန်အတန်ကြာ ရင်သပ်ရှုမောဖြစ်ပြီးနောက် လူမျိုး၊ ဘာသာ၊ သာသနာချင်း မတူညီသော်လည်း ရသေ့ကြီး၏ အောင်မြင်မှုကို ချီးကျူးသြဘာ ဂုဏ်ပြုသောအားဖြင့် ရသေ့ကြီးနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် အခွင့်တောင်းခံရာ ရသေ့ကြီးဦးခန္တီက အောက်ခြေ မိုးထိကျောင်းတိုက် မုခ်ဦး စောင်းတန်းအနီးတွင် ဓာတ်ပုံ ရိုက်ခဲ့၏။
 
ရွာသာယာကျောက်စာ-တွင်လည်း စုံစမ်းရန်သာ သူ့မည်မပါ၊ နေရာမပါ၊ မြသပိတ်ပိုက်၍ လမ်းဘေးအလှူခံကြရာ ရွှေ-ငွေများရကြောင်း ရေးထိုးမှတ်တမ်းပြထြားသည်ကို တွေ့ရ၏။
 
ထို့နောက် ရန်ကုန်ရဲမင်းကြီး ရန်ကုန်ပြန်ရောက်ပြီး မကြာခင် ရသေ့ကြီး ဦးခန္တီ ကိုယ်တော်ကြီးကို နှောင့်ယှက်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ စစ်ဆေးခြင်း၊ မည်သူမျှ မပြုရ-ဟု သဘောဆောင်သည့်အနေနဲ့ သာသနာ့ဟိတဓဇ နာယက ရသေ့ကြီးဦးခန္တီ (သာသနာ့အကျိုးတော်ဆောင်၊ အောင်လံတော် ပုဂ္ဂိုလ်ကြီး ဦးခန္တီ) ဟူသည့် ဘွဲ့တံဆိပ်တော်အား အင်္ဂလိပ်အစိုးရက တောင်ခွင် သာသနာပိုင်မှ တဆင့် ချီးမြှင့်လှူဒါန်းခဲ့၏။
 
ရွာသာယာ ကျောက်စာတွင်မူ
 
အင်္ဂလိပ် ဝိတိုရိယ ဘုရင်မကြီးနှင့် ဘုရင်အဆက်ဆက်က ရသေ့ကြီးအား အာဇာနီ အရှင်သူမြတ် (REVERENCE)ဘွဲ့ကို ပေးပြီး မီးရထား၊ သင်္ဘောများကို အထူးတန်း အခမဲ့လက်မှတ် ဆက်ကပ်ထားကြောင်း ညောင်လွန့်ဆရာတော် ဦးနာယကမှ မိန့်ဆိုကြောင်း ဖော်ပြထား၏။
 
ရသေ့ကြီး ဦးခန္တီ၏ ဘဝနိဂုံး
 
ရသေ့ကြီး ဦးခန္တီသည် မြို့ပေါင်း ၂၂-မြို့၊ ဌာနပေါင်း ၅၁-ဌာနတို့တွင် သာသနိက အဆောက်အအုံများကို ပြုလုပ်ပြီး ပြုလုပ်ဆဲ ပြုလတံ့အတွင်း ၁၃၀၇-ခုနှစ်တွင် ကိုယ်တခြမ်းလေဖြတ်ခံရသဖြင့် ဝေါကုလားထိုင်ဖြင့် တောင်ပေါ်တက်၍ အလှူခံပြီး စစ်ဘေးစစ်ဒဏ် ခံထားရသည့် အဆောက်အဦတို့ကို ပြုပြင်နေစဉ် ၁၃၁၀-ခုနှစ် ပြာသိုလ်လပြည့်ကျော် ၁၄-ရက် (၂၈-၁-၄၉) သောကြာနေ့ နံနက် ၃-နာရီအချိန် သက်တော် ၈၂-နှစ်အရွယ်တော်၌ ဘဝနတ်ထံ ပျံလွန်တော်မူလေသည်။
 
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ ထွန်းလင်းစေသောဝ်။<ref>ရဟန်းပျိုအဖွဲ့ချုပ် အကျိုးတော်ဆောင် ဆရာတော် ဦးပဏ္ဍိစ္စ မန္တလေးမြို့တော်ရှိ တန်ခိုးကြီးဘုရားများသမိုင်း။</ref>
<ref>ရမည်းသင်းမြို့ ဆင်ကျုံးတောရ ဆရာတော်ဘုရားကြီး ရမည်သင်း သာသနာဝင်ကျမ်း။</ref>
<ref>ဦးအေးမင်း (အငြိမ်းစား ရဲတပ်ကြပ်ကြီး) သာသနဟိတဓဇ နာယကရသေ့ကြီး ဦးခန္တီ၏ ထေရုပ္ပတ္တိနှင့်ရွှေမန်းတောင်သမိုင်းအကျဉ်း။</ref>
<ref>ဆရာစန္ဒြ ဘဝခရီးနှင့် အတွေ့အကြုံများ။<><>ရွာသာယာကျောက်စာ။</ref>
 
 
==ရသေ့ကြီး ဦးခန္တီ (မြန်မာ ၁၂၂၉-၁၃၁၂)==
ဗုဒ္ဓဘာသာ သာသနာရေးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို မြန်မာပြည်အနှံ့ အများအပြား ပြုပြင်မွမ်းမံ တည်ဆောက်ခဲ့သော ရသေ့ကြီး ဦးခန္တီကား မြန်မာ သက္ကရာဇ် ၁၂၂၉ ခု၊ ဝါခေါင် လပြည့်ကျော် ၅ ရက်၊ တနင်္လာနေ့တွင် ရမည်းသင်းခရိုင်၊ တပ်ကုန်းမြို့နယ် အနောက်တောင်၊ ညောင်လွန့်ဘူတာ အနောက်ဘက် သုံးမိုင်ခန့်အကွာ ကြိုးကြာအင်းအုပ်စု၊ ရွာသာရွာဂုံး(ရွာသာရွာ)၌ ဖွားမြင်၏။ ရှေးက အုန်း၊ ငှက်ပျော၊ မာလကာ၊ သရက်၊ ပိန္နဲစသော သဘာဝဥယျာဉ်များနှင့် စိမ်းလန်းစိုပြေလျက် နေထိုင်စရာ ကောင်းသောကြောင့် ရွာသာယာဟု ခေါ်ဆိုကြောင်း သိရသည်။
၃၇၅

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး