အက်ဆစ် (ဂီတအဖွဲ့)
Acid | |
---|---|
မူလတိုင်းပြည် | ရန်ကုန်မြို့ |
ဂီတဟန် | ဟစ်ဟော့ |
တက်ကြွသည့်နှစ်များ | ၂၀၀၀ | –လက်ရှိ
လက်ရှိအဖွဲ့ဝင်များ | |
အဖွဲ့ဝင်ဟောင်းများ |
အက်ဆစ် ( အင်္ဂလိပ်: ACID ) သည် မြန်မာ ဟစ်ဟော့အဖွဲ့ တစ်ခုဖြစ်သည်။ မြန်မာ၏ ပထမဆုံး ဟစ်ဟော့တေးစီးရီးဟု သတ်မှတ်ကြသည့် စတင်ခြင်း ကို ၂၀၀၀ ပြည့်နှစ်တွင် ထုတ်ဝေနိုင်ခဲ့သည်။
စုဖွဲ့ဖြစ်ပုံ
[ပြင်ဆင်ရန်]၁၉၉၀ နှောင်းပိုင်းကာလများသည် ပြန်ဆိုတေးနှင့် မြန်မာသံစဉ်များ မင်းမူနေသည့် ကာလဖြစ်ရာ ဂီတအမျိုးအစားသစ်ကို ပရိသတ်ကြား ပျံ့နှံ့ရန် ဦးစွာအားထုတ်ခြင်းမပြုဘဲ တေးစီးရီးအဖြစ် တိုက်ရိုက်ထွက်ရှိလာခြင်းကြောင့် ဆုံးရှုံးမှုသာ ဖြစ်လိမ့်မည်ဟု ဂီတလောကသားများက ခန့်မှန်းကြသည်။ သို့သော်လည်း စထွက်ချိန်မှ ၂ လအကြာအထိ ရောင်းအားအကောင်းဆုံးစာရင်းတွင် ထိပ်ဆုံးမှ နေရာယူခဲ့သည်။ [၁]
အဖွဲ့ဝင်များ ဆုံးရှုံးခြင်း
[ပြင်ဆင်ရန်]၂၀၀၆ ခုတွင် ဟိန်းဇော် (၁၉၈၁ ဇွန် ၁၂ - ၂၀၀၆ ဧပြီ ၁၀) ကွယ်လွန်သည်။
ဒီမိုကရေစီ အကြိုလှုပ်ရှားမှုများတွင် ပါဝင်ခြင်းကြောင့် ဇေယျာသော် (၁၉၈၁ မတ် ၂၆ မွေး) ကို ၂၀၀၈ ခု၊ မတ်လ ၁၂ ရက်တွင် အစိုးရက ထိန်းသိမ်းလိုက်သည်။ [၂] နိုဝင်ဘာ၌ အမိန့်ချမှတ်ရာ တရားမဝင်အသင်းအဖွဲ့များ ဖွဲ့စည်းသည့် ပုဒ်မဖြင့် ထောင်ဒဏ် (၅) နှစ် ချမှတ်ခံရသည်။ [၃] ဖမ်းဆီးချိန်တွင် ထိုင်းဘတ်ငွေ၊ မလေးရှားရင်းဂစ်နှင့် စင်္ကာပူဒေါ်လာများ လက်ဝယ်ရှိသဖြင့် နိုင်ငံခြားငွေ တရားမဝင်ကိုင်ဆိုင်မှုနှင့် ထပ်တိုးထောင်ဒဏ်များ ထပ်ဆောင်းကာ ကော့သောင်းထောင်သို့ ပို့သည်။ ၂၀၁၁ ခု၊ မေလ ၁၇ ရက် ရောက်မှသာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထွက်လာနိုင်ခဲ့သည်။ [၄]
၂၀၀၈ ခု၊ ဧပြီလမှာ ရန်ရန်ချမ်း (၁၉၇၉ ဒီဇင်ဘာ ၅ မွေး) အလှည့် ဖြစ်သည်။ [၅] ရန်ရန်ချမ်းအား စွဲဆိုသည့်ပြစ်မှုမှာ မူးယစ်ဆေးကိစ္စနှင့် ဖြစ်သည်။ တစ်နှစ်ခန့် ထိန်းသိမ်းပြီးနောက် ၂၀၀၉ ခု၊ ဇန်နဝါရီလ ၇ ရက်တွင် လွတ်မြောက်လာသည်။ [၆]
၂၀၂၂ ခု၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဇေယျာသော် အား အာဏာသိမ်း စစ်တပ်မှ ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ ဦးအောင်သူရဇော် နဲ့ ဦးလှမျိုးအောင်တို့ကို ကြိုးမိန့် (သေဒဏ်) ပေးကြောင်း နိုင်ငံပိုင်သတင်းစာတွေမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပါသည်။
အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]- အနဂ္ဂ (Smoke Acid)
- ဟိန်းဇော် (Acidic Acid) (၂၀၀၀ - ၂၀၀၆ ကွယ်လွန်)
- ရန်ရန်ချမ်း (Black Acid)
- ဇေယျာသော် (Nitric Acid) (၂၀၀၀ - ၂၀၁၁)
တေးစီးရီးများ
[ပြင်ဆင်ရန်]ခေါင်းစဉ် | ထုတ်ဝေနှစ် | ထုတ်ဝေသူ | မှတ်ချက် |
---|---|---|---|
စတင်ခြင်း | ၂၀၀၀ | မျိုးကျော့မြိုင် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Alex Elgee. "Another Birthday behind Bars Archived 3 December 2013 at the Wayback Machine.". Irrawaddy. 26 Mar 2010.
- ↑ "AAPP Case No. 0062". Assistance Association of Political Prisoners. Mar 2008.
- ↑ "5 Generation Wave Activists Stentenced Archived 19 January 2011 at the Wayback Machine.". Mizzima News. 20 Nov 2008.
- ↑ "ပြည်သူ့နာကျင်ခံစားမှုကို အနုပညာဖန်တီးချင်တယ် Archived 3 October 2011 at the Wayback Machine."။ မဇ္ဈိမ သတင်းဌာန။ ၂၀၁၁၊ ဇူလိုင် ၂၉။
- ↑ မင်းလွင်. "Popular Burmese Rap Performer Arrested Archived 5 June 2011 at the Wayback Machine.". The Irrawady. 18 Apr 2008.
- ↑ သန်းထိုက်ဦး. "Detained Hip Hop Singer Yan Yan Chan Released Archived 11 January 2009 at the Wayback Machine.". Mizzima News. 7 Jan 2009.